မေမေနိုင်မှဖြစ်မှာ..

မော်လမြိုင်၊ ၁၂ ဧပြီ ၂၀၁၇
(သရော်စာ)

မေမေနိုင်မှဖြစ်မှာ.. တဲ့။
ရွေးကောက်ပွဲ မတိုင်ခင်က မောင်ဝါဝါတို့ လှိုင်လှိုင်ကြီး ကြားခဲ့သလေ။ ရွေးကောက်ပွဲပြီး မေမေနိုင်သွားတော့ နောက်ထပ်ရွေးကောက်ပွဲ ငါးနှစ်မတိုင်ခင်တော့ ထပ်မကြားရလောက်တော့ဘူး ထင်ခဲ့တာပေါ့။
.
မေမေနိုင်မှ ဖြစ်မှာပါ.. တဲ့။
အခု ထပ်ကြားရပြန်ပါပကော။ တချို့တချို့တွေကို မေမေမနိုင်ဘူးထင်တယ်။ မောင်ဝါဝါတို့ ပြည်သူတွေလည်း မနိုင်ဘူးမေမေ။ ဟုတ်တယ်.. ပြည်သူ့အသံ၊ သူတို့အသံပဲဆိုလား ဘာဆိုလား ကြားတော့ ကြားနေတာပဲ။ ဒါပေမဲ့ တကယ်တမ်းကျ ပြည်သူတွေ အသံဝင်နေလို့ မကြားရတာလို့ပဲ သူတို့နားရွက်သူတို့ ယုံလိုက်ကြပုံ ပေါ်တယ် မေမေရယ်။
.
တချို့ကလေ “ဇွတ်” မေမေရဲ့ သိလား။ မေမေ နိုင်ကိုနိုင်မှ ဖြစ်တော့မှာနော်။ အခုဆို မောင်ဝါဝါတို့မှာလည်း ဘတ်စ်ကားစီးမယ်ကြံတိုင်း၊ မီးတွေ တဖုတ်ဖုတ်ပျက်လေတိုင်း၊ တံတားအသစ်ဆောက်မယ် ကြံတိုင်း၊ သင်္ကြန်တစ်ခေါက် နီးလာတိုင်း “မေမေနိုင်မှ ဖြစ်မှာပါ” အလိုက်နဲ့ ဆိုရမယ့်သီချင်းလား၊ “မေမေ မနိုင်လို့ဖြစ်မှာပါ” အလိုက်နဲ့ ဆိုရမယ့်သီချင်းလား ဝေခွဲရခက်တာကိုက အလုပ်တစ်ခုပါပဲ မေမေရယ်။
.
ဟိုကောင်မလေး မေမေတောင် သူ့သမီးအတွက် စိတ်တွေဆိုးနေသေးတာပဲ မေမေရယ်။ မေမေလည်း မောင်ဝါဝါတို့အတွက် ပြည်သူတွေနဲ့အတူ တစ်ခေါက်တလေများ စိတ်ဆိုးကြည့်ပါနော်။ သေချာတာကတော့ မေမေရယ်.. မေမေ နိုင်ကိုနိုင်မှ ဖြစ်တော့မှာ မေမေရ။
.
သူရဿဝါ

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s