“သူငယ်ချင်း”

မော်လမြိုင်၊ ၁ မေ ၂၀၁၇ (ကဗျာ)   တစ်ယောက်ရဲ့လွတ်လပ်မှုနဲ့ တစ်ယောက် ခင်မင်ခြင်းတွေသက်သက်နဲ့ ချိတ်ဆက်ထားတဲ့အဖြူရောင်ကြိုး ပျော်ရွှင်စွာ စီးဆင်းခဲ့တဲ့ အတိတ်တွေ အဲဒီအရိပ်တွေက ကျောင်းတော်ကြီးမှာ ကန့်ကော်တွေပွင့်နေသလို တစ်နှစ်တစ်ခါ ပွင့်နေဆဲ ငါတို့ လွမ်းနေမြဲ မင်းလည်း အခုဒီကဗျာပေါ်တက်ရပ်ကြည့် လွမ်းတဲ့စိတ်တွေ တရိပ်ရိပ်အုံ့လာတဲ့အခါ ဒီကျောင်းကြီးရဲ့ရင်ဘတ်ထဲ ရွာချနိုင်ဖို့ ငါတို့သူငယ်ချင်းတွေ ပြန်ဆုံကြပါစို့ ။ ။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

Young Father ယောက်ျားကအသက်ငယ်နေရင် ဉာဏ်ရည်မမှီတဲ့ကလေး မွေးတတ်သလား

မော်လမြိုင်၊ ၁ မေ ၂၀၁၇ ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူကပြောပါတယ်။ ယောက်ျားကအသက်ငယ်နေလို့ရှိရင် ဉာဏ်ရည်မမှီတဲ့ကလေးတွေ မွေးတတ်တယ်လို့။ အဲဒါ ဟုတ်ပါသလား။ ဘယ် အသက်အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ်မှာပါ။ လုံးဝမစိုးရိမ်ပါနဲ့။ အသက်ကြီးမိဘဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီးယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကိုဆိုလိုတာ မဟုတ်ပါ။ မွေးရာပါချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင်နဲ့ မျိုးဗီဇကို လွှဲချနိုင်ပါတယ်။ … Continue reading Young Father ယောက်ျားကအသက်ငယ်နေရင် ဉာဏ်ရည်မမှီတဲ့ကလေး မွေးတတ်သလား

Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး

မော်လမြိုင်၊ ၃၀ ဧပြီ ၂၀၁၇   ကော်ဖီမစ်ကို သုတေသနလုပ်ထားတာ မတွေ့သလောက်ဖြစ်တယ်။ တွေ့ရင်ရေးပါမယ်။ ကော်ဖီထဲမှာပါတဲ့ ကေဖင်းအကြောင်းရေးထားတယ်။ အထားခံအောင်လုပ်တဲ့ဓါတ်၊ အနံ့-အရသာအတွက် ထည့်တာနဲ့ ထုပ်ပိုးစရာတွေကိုလဲ သတိထားရပါမယ်။ ကယ်လိုရီကို တွက်ချက်ရပါမယ်။ အဆီပါဝင်မှုကိုလဲ တွက်ရပါမယ်။ အင်းစတင့် ကော်ဖီမစ် နဲ့ ခရမ်မာ နို့မှုံ့ နှစ်မျိုးလုံးထဲမှာ အဆီပါဝင်မှု များတယ်။ အဆီများတဲ့ဝက်သားနဲ့ ဆတူရှိတယ်လို့ ၂၄-၅-၂ဝ၁၃ နေ့ထုတ် တောက်ကိုရီးယား ဆေးသုတေသနသတင်းမှာပါတယ်။ သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ ဟွန် ဂွမ်-တိ ကနေပြောတာက အဲဒီနှစ်မျိုးလုံးထဲမှာ ကျန်းမာရေးနဲ့မသင့်တဲ့ ပြည့်ဝဆီတွေ ပါနေတယ်လို့ဆိုပါတယ်။ သွေးထဲမှာ ကိုလက်စထောကို တက်စေပါမယ်။   လေ့လာမှုလုပ်သူတွေကနေ အင်းစတင့် ကော်ဖီမစ် ၁၁ မျိုးနဲ့ ခရမ်မာ နို့မှုံ့ ၁၄ … Continue reading Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး

ဧပြီလ ၃၀ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ ဧပြီ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။   မနက်ဖြန်ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ထစ်ချုန်းရွာမည်။   နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။   ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။   မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား … Continue reading ဧပြီလ ၃၀ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Older Parenthood အသက်ကြီးမှ ကလေးရရင်

မော်လမြိုင်၊ ၂၉ ဧပြီ ၂၀၁၇   ၁။ ကျွန်မအသက်က (၃၁) ထဲမှာပါ။ ပထမကလေးက အသက် (၂၉) နှစ်မှာ မွေးထားပါတယ်။ ကလေး (၃) နှစ်လောက်မှာ နောက်တစ်ယောက် ယူဖို့စဉ်းစားထားပါတယ်။ ကျွန်မသိချင်တာ မိခင်အသက်အရွယ်ဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေး ဉာဏ်ရည်ဉာဏ်သွေးတို့ ကြီးထွားဖွံ့ဖြိုးမှုတို့ကို ကောင်းကျိုးဆိုးကျိုး ဘယ်လိုသက်ရောက်မှု ရှိပါလဲရှင့်။ ကျေးဇူးပြုပြီး အမြန်ဆုံး ဖြေကြားပေးစေလိုပါတယ်ရှင့်။   ၂။ ကျမ အသက်က အခု ၄၃ နစ်ပါ။ ခက်တာက လက်ထပ်မဲ့သူက ခုအသက် ၅ဝ ရှိပါပြီ။ သူကသူ့မှာ မျိုးဆက် မရှိတဲ့အတွက် ကျမနဲ့ ကလေးတယောက် ယူချင်ပါတယ်။ ကျမလဲ အသက်က ၄ဝ ကျော်နေပြီဖြစ်လို့ စိတ်မှာ မယူချင်ဘူး။ … Continue reading Older Parenthood အသက်ကြီးမှ ကလေးရရင်

ဧပြီလ ၂၉ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၉ ဧပြီ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပါသည်။   နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား … Continue reading ဧပြီလ ၂၉ ရက်နေ့ မိုးလေဝသခန့်မှန်းချက်