ဖေဖော်ဝါရီ ၂၈ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

feb-28
မော်လမြိုင်၊ ၂၈ ဖေဖော်ဝါရီ ၂၀၁၇

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်ပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒသကြီးအထက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာ ကွက်ကျား မိုးဆက်လက်ရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသများမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဒေသများမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

ဒီကနေ့မနက်(၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာခဲ့ပါတယ်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကော့သောင်းမြို့တွင် (၀.၂၈)လက်မနဲ့ ထားဝယ်မြို့တွင် (၀.၁၂)လက်မတိုင်းထွာရရှိခဲ့ပါတယ်။

မြူအခြေအနေကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နံနက်ပိုင်းမှာ မြူထူများ ကျဆင်းခဲ့ပါတယ်။

ထူးခြားတဲ့ညအပူချိန်များကတော့ ဟားခါးမြို့ မှာ (၁)ဒီဂရီစင်တီဂရိတ်၊
နမ့်စန်မြို့မှာ (၃)ဒီဂရီစင်တီဂရိတ်နဲ့ မိုင်းယန်းမြို့ မှာ (၆)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါတယ်။

နေပြည်တော်၏ အနိမ့်ဆုံးအပူချိန်မှာ (၁၈)ဒီဂရီစင်တီဂရိတ်၊
ရန်ကုန်မြို့၏ အနိမ့်ဆုံးအပူချိန်မှာ (၁၉)ဒီဂရီစင်တီဂရိတ်၊
မန္တလေးမြို့၏ အနိမ့်ဆုံးအပူချိန်မှာ (၁၄)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါတယ်။

Mawlamyine Daily
Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s