နိုင်ငံခြားမသွားဘဲ နိုင်ငံတကာကျောင်းက သင်ခန်းစာတွေကို အွန်လိုင်းကနေ အခမဲ့ သင်ကြမယ်

khanacademy

မော်လမြိုင်၊ ၃ ဖေဖော်ဝါရီ ၂၀၁၇

မြန်မာနိုင်ငံမှာကလည်း မိဘတော်တော်များများက သူတို့ သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းသွားမထားနိုင်ရင်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲက International School တွေမှာ မထားနိုင်ရင်ပဲဖြစ်ဖြစ် ခေတ်မမှီတော့ဘူး၊ စာမတတ်တော့ဘူးလို့ ထင်နေကြတဲ့ခေတ်ပါ။ ဒီတော့ သူတို့သားသမီးတွေကို International School မပို့နိုင်လို့ စိတ်ညစ်နေတဲ့ မိဘတွေအတွက် နိုင်ငံတကာက သင်ခန်းစာတွေကို အင်တာနက်ရှိတာနဲ့ အကုန်လုံး အခမဲ့သင်ယူနိုင်မယ့် ဝဘ်ဆိုဒ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဲဒီ လိပ်စာကတော့ https://www.khanacademy.org ပါ။ ဒီဝဘ်ဆိုဒ်ထဲမှာ အပြည်ပြည်ဆိုင်ရာ သင်ရိုးညွှန်းတမ်း အပြည့်အစုံကို မူကြိုက နေ အထက်တန်းထိ ထည့်သွင်းပေးထားပါတယ်။ ဒီသင်ခန်းစာတွေအားလုံးကို လုံးဝအခမဲ့ လေ့လာသင်ယူနိုင်တော့ အခမဲ့ ပညာဘဏ်တိုက်ကြီး တစ်ခုဆိုလဲ မမှားပါဘူး။

ဝဘ်ဆိုက်ကို ၀င်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့ Facebook အကောင့် (သို့မဟုတ်) Gmail account နဲ့ လွယ်လွယ် ကူကူ ၀င်ရောက်နိုင်ပါတယ်။ ကျောင်းသားအနေနဲ့ ၀င်လို့ရသလို ဆရာ အနေနဲ့ ရော မိဘအနေနဲ့ ပါ ၀င်ရောက်လေ့လာ သင်ကြားနိုင်ပါတယ်။

ဝဘ်ဆိုဒ်ထဲမှာ အခမဲ့ Registration လုပ်ထားပြီးရင် သင်ခန်းစာတွေနဲ့ လေ့လာခဲ့တာတွေကိုလဲ Record လုပ်ပေးထားပါတယ်။ အဆင့်လိုက် ရတာတွေကိုလဲ မှတ်တမ်းထားပေးတဲ့အပြင် Practice လဲ လုပ်လို့တဲ့ Video tutorials တွေလဲ ရှိပါတယ်။ Donation request တော့ရှိပေမယ့် မလှူလဲရပါတယ်။

သင်ခန်းစာ ရှင်းပြတဲ့ ဗီဒီယိုလင့်တွေနဲ့ လေ့ကျင့်ခန်း ဗီဒီယိုလင့်တွေအပြင် စာမေးပွဲလေ့ကျင့်ခန်းတွေကိုပါ သင်ခန်းစာအလိုက် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် သင်ကြားရေး ဗီဒီယိုတွေမှာ subtitle ထိုးပေးထားပါသေးတယ်။

အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတု၊ရူပ၊ ဇီဝ၊ ကွန်ပျူတာ၊ သမိုင်း၊ ပထ၀ီ၊ စီးပွားရေး၊ ကွန်ပြူတာ၊ နည်းပညာ စတဲ့ ဘာသာစုံ အခြေခံ ပညာရပ်တွေအားလုံး ထည့်သွင်းပေးထားတဲ့အပြင် နိုင်ငံတကာအဆင့်မီ စာမေးပွဲတွေဖြစ်တဲ့ SAT, MCAT, GMAT စတဲ့ စာမေးပွဲတွေကို လေ့ကျင့် ပြင်ဆင်နိုင်ပါတယ်။

ဒီလို စမတ်ကျကျ နဲ့ နိုင်ငံတကာက သင်ခန်းစာတွေကို လေ့လာနိုင်ဖို့ ကွန်ပျူတာနဲ့ အင်တာနက်ရှိဖို့ပဲ လိုအပ်ပြီး ကလေးငယ်တွေ တနေ့ တနာရီ နှစ်နာရီ ကိုယ်တိုင် လေ့လာရုံနဲ့ နိုင်ငံတကာ သင်ရိုးညွှန်းတမ်း သင်ခန်းစာတွေနဲ့ ထိတွေ့မှု ရနိုင်ပါတယ်။

Kindergarten ကနေ Grade 1-8 နောက်ပြီး High school level အထိ ရှိပါတယ်။ ပိုက်ဆံပေးစရာမလိုပဲ အင်္ဂလိပ်ဆရာ ဆရာမတွေရဲ့ ပို့ချချက်တွေကို အိမ်မှာ ထိုင်နားထောင်၊ လိုက်ကြည့်၊ လေ့လာမှတ်သား၊ ပြန်လည်လေ့ကျင့် ရုံပါပဲ။

ဒီထက်ကောင်းတာတောင် ဒီထက် မကောင်းနိုင်တော့ပါဘူး။ ကဲ ရွှေမြိုင်သူ ရွှေမြိုင်သားတို့လဲ နိုင်ငံခြားမသွားဘဲ နိုင်ငံတကာကျောင်းက သင်ခန်းစာတွေကို အွန်လိုင်းကနေ အခမဲ့ သင်ယူပြီး ပညာတွေတိုးတက်နိုင်ကြပါစေ။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s