၂၀၂၀ ဂျပန်အိုလံပစ်မှာချီးမြှင့်မယ့် ဆုတံဆိပ်တွေကို ဖုန်းအဟောင်းတွေနဲ့ ပြုလုပ်မယ်

This slideshow requires JavaScript.

မော်လမြိုင်၊ ၃ ဖေဖော်ဝါရီ ၂၀၁၇

၂၀၂၀ ခုနှစ်ကျရင် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းသူများ အိုလံပစ်အားကစားပြိုင်ပွဲတွေအတွက် ဆုတံဆိပ်တွေကို မိုဘိုင်းဖုန်းအဟောင်းတွေက သတ္တုတွေနဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီအိုလံပစ်ပြိုင်ပွဲ နှစ်ခုစလုံးမှာ ချီးမြှင့်မယ့် ရွှေ၊ငွေ နဲ့ ကြေးတံဆိပ်ပေါင်း ၅၀၀၀ ကိုပြုလုပ်ဖို့ လိုအပ်တဲ့ ဖုန်းအဟောင်းတွေနဲ့ လျှပ်စစ်ပစ္စည်းအဟောင်း ၈တန်လောက်ကို အိုလံပစ်ကျင်းပရေး ကော်မတီက ဂျပန်ပြည်သူတွေဆီကနေ အလှူခံသွားမှာပါ။

အိုလံပစ်ဆုတံဆိပ်တွေ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ဖုန်းအဟောင်းတွေနဲ့ လျှပ်စစ်ပစ္စည်းအဟောင်းတွေကို လှူချင်တဲ့ သူတွေအတွက် ၂၀၁၇ခုနှစ် ဧပြီလကစပြီး ဖုန်းဆိုင်တွေနဲ့ ရုံးတွေမှာ ပုံးတွေချထားမှာဖြစ်ပါတယ်။

အိုလံပစ်ဆုတံဆိပ်တွေကို လျှပ်စစ်ပစ္စည်းအဟောင်းတွေကနေ ပြုလုပ်မယ့် အစီအစဉ်ကို အားကစား ၁၀မျိုးမှာ ရွှေတံဆိပ် ၂နှစ်ဆက်တိုက် ဆုရခဲ့တဲ့ အမေရိကန် အိုလံပစ် အားကစားသမား Ashton Eaton က ကြိုဆိုကြောင်းနဲ့ ဒီသတင်းကြောင့် အားကစားလောကကနေ အနားယူထားရာကနေ အဲဒီဆုတွေကို လိုချင်တာကြောင့် အိုလံပစ်ပြိုင်ပွဲကို ပြန်ပြီး ယှဉ်ပြိုင်ချင်စိတ်ဖြစ်မိကြောင်းကို သူ့ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခုလို ပစ္စည်းအဟောင်းတွေကို အရည်ကြိုပြီး ဆုတံဆိပ်ပြုလုပ်ချီးမြှင့်တာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ် ဘရာဇီး နိုင်ငံ Rio မှာကျင်းပခဲ့တဲ့ အိုလံပစ်ပွဲမှာတုန်းကလည်း ငွေနဲ့ ကြေးဆုတံဆိပ်တွေကို ပြန်ပြီးအရည်ကြိုထားတဲ့ ပစ္စည်းအဟောင်းတွေနဲ့ ပြုလုပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

Mawlamyine Daily

Ref: BBC

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s