Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ

မော်လမြိုင်၊ ၁ မတ် ၂၀၁၇ ဆရာရှင့်။ ကျွန်မ နာမည့့် ပါ။ အသက် ၂၂ နှစ်ပြည့်တော့မှာပါရှင့်။ ကျွန်မက မျက်လုံး အရမ်းဖြူပါတယ်။ phone, laptop အသုံးများလျှင် ခေါင်းကိုက်ပါတယ်ဆရာ။ နေ့အလင်းကို သိပ်မခံနိုင်တာမျိုး အခုနောက်ပိုင်း ဖြစ်လာပါတယ်ဆရာ။ တော်ရုံအလင်းကိုတောင် မျက်မှောင်ကြုတ်ကြည့်ရပါတယ်ဆရာ။ မျက်လုံးအတွက် အားဆေးသောက်ချင်လို့ပါဆရာ။ ဘာဆေးသောက်သင့်လဲဆိုတာလေး လမ်းညွှန်ပေးစေချင်ပါတယ်ဆရာ။ အမေကတော့ ALFA American Company ကထုတ်တဲ့ Vision Support ဆိုတဲ့ အားဆေးကို ဆရာကိုမေးပြီး သောက်ပါလားလို့ ပြောပါတယ်ဆရာ။ လမ်းညွှန်ပေးပါဆရာ။ လေးစားစွာဖြင့် - မျက်လုံးအားဆေးဆိုတိုင်း မယုံပါနဲ့။ ဗီတာမင်အေ တမျိုးသာရှိတယ်။ အဲတာကလည်း ကြက်မျက်သင့်တာကိုသာ ကောင်းစေတယ်။ တီဗွီတွေ၊ ကွန်ပြူတာတွေမပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' … Continue reading Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ

ဖေဖော်ဝါရီ ၂၈ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၈ ဖေဖော်ဝါရီ ၂၀၁၇ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်ပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒသကြီးအထက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာ ကွက်ကျား မိုးဆက်လက်ရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ … Continue reading ဖေဖော်ဝါရီ ၂၈ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Child health problems linked to father’s age ကလေးကျန်းမာရေးနဲ့ ဖခင်အသက် ဆက်စပ်မှုရှိ

မော်လမြိုင်၊ ၂၈ ဖေဖော်ဝါရီ ၂၀၁၇ ကျောင်းသားအရွယ်ကလေးတွေကို လေ့လာဆန်းစစ်မှု အသစ်တခု လုပ်ရာကန တွေ့ရှိချက်အရ ဖခင်ဟာ အသက်ကြီးနေရင် ကလေးတွေမှာ မွေးရာပါရောဂါတွေ ပိုများပါတယ်။ အမေရိကန် Indiana University အင်ဒီယာနာတက္ကသိုလ်နဲ့ ဆွီဒင် Karolinska Institute ကာရိုလင်စကာ အင်စတီကျု တွေကနေ ပူးတွဲပြီး ကလေးပေါင်း ၂့၆ သန်းကို လေ့လာတာပါ။ ဒါပေမဲ့ အသက်ကြီးဖခင်ကနေရနိုင်တဲ့အကျိုးကျေးဇူးတွေက ပိုများတယ်လို့လဲ ကျွမ်းကျင်သူတွေက ထပ်ဖြည့်ပါတယ်။ အသက် ၄၅ နှစ်ရှိသူဖခင်တွေနဲ့ ၂၄ နှစ်ရှိတဲ့ ဖခင်တွေကနေ မွေးလာကြတဲ့ ကလေးတွေကို နှိုင်းယှဉ်လေ့တာဖြစ်ပါတယ်။ • Autism ဆက်ဆံရေးနဲ့ စကားပြောစွမ်းရည်နည်းတာ ၃ ဆများတယ်။ • Attention deficit hyperactivity disorder (ADHD) … Continue reading Child health problems linked to father’s age ကလေးကျန်းမာရေးနဲ့ ဖခင်အသက် ဆက်စပ်မှုရှိ

Chickenpox prevention ရေကျောက်ဘယ်လို ကာကွယ်မလည်း

မော်လမြိုင်၊ ၂၇ ဖေဖော်ဝါရီလ ၂၀၁၇ မေး-၁။ သားကြီးက ၉ နှစ် ၁၁ လပါ။ ခုရေကျောက်တွေပေါက်နေပါတယ်။ ခုစသိချိန်မှာအဖုအနည်းငယ်သာရှိပါသေးတယ်။ မဖျားပါ။ အိပ်ချင်တယ်။ ယားတယ်ပြောပါတယ်။ ဆရာဝန်နှင့်ပြပြီးဆေးထိုးဆေးသောက်လုပ်နေပါ တယ်။ အဖုလေးတွေပိုများများလာနိုင်သေးလား သိချင်မိလို့ပါ။ အချို့က လည်းကန်မှပိုကောင်းတယ်ပြောနေကြလို့ပါ။နောက်တခုက အိမ်မှာ သမီးငယ်က ၆ လနဲ့ ၁၅ ရက်ပါ။ ကလေးကို ကူးနိုင်ပါသလား။ ဘယ်လို ကြိုတင်ကာကွယ်ပေးလို့ ရသလဲ သိချင်လို့ပါဆရာ။ မေး-၂။ ဆရာရှင့် သားလေးက အသက် ၁ နှစ်နဲ့ ၃ လကျော်ပါပြီ။ ပြီးခဲ့တဲ့ ၂ လက ရေကျောက်ကာကွယ်ဆေးထိုးထားပါတယ်။ အခု အိမ်မှာ အိမ်အကူ ကလေးမလေး ၂ ယောက်က ရေကျောက်တွေပေါက်နေလို့ပါ။ သားလေးကို ကူးမှာစိုးရိမ်လို့ပါရှင်။ ဘယ်လို … Continue reading Chickenpox prevention ရေကျောက်ဘယ်လို ကာကွယ်မလည်း

ဖေဖော်ဝါရီ ၂၇ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၇ ဖေဖော်ဝါရီ ၂၀၁၇ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်‌ ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ ယနေ့ညနေထိခန့်မှန်းချက်တွေကတော့ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ွဖစ်ထွန်းမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးဆက်လက် ရွာနိုင် ပါသည်။ Mawlamyine Daily Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန