ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြဖို့ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းမှနှိုးဆော်

မော်လမြိုင်၊ ၃၀ ဇန်နဝါရီလ ၂၀၁၇ မော်တော်ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြဖို့ မွန်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်မှ ဇန်နဝါရီရီ ၃၀ ရက်နေ့က မော်လမြိုင် မြို့အတွင်းနှိုးဆော်ခဲ့ကြတာပါ။ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲအရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးမှ ပြည်သူ ၁၀၀ ဝန်းကျင်မှ တူညီဝတ်စုံဝတ်ဆင်လို့ ဆိုင်ကယ်ဦးထုပ်ကိုယ်စီဆောင်းပြီး မော်လမြိုင်မြို့အတွင်းလှည့်လည်လို့ နှိုးဆော်ခဲ့ကြတာပါ။ Mawlamyien Daily

Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အကောင်းဆုံး National Costume ဆုရရှိ

မော်လမြိုင်၊ ၂၉ ဇန်နဝါရီ ၂၀၁၇ 65th Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာမယ်စကြဝဠာ ၂၀၁၆ အလှမယ်ထက်ထက်ထွန်းဝတ်ဆင်တဲ့ ရိုးရာရုပ်သေးဝတ်စုံဟာ အကောင်းဆုံး National Costume ဆု ရရှိသွားပါတယ်။ အကောင်းဆုံး National Costume ဝတ်စုံကို ဒီဇိုင်နာ Gam Htoi Lazing က ဖန်တီးပေးထားတာဖြစ်ပါတယ်။ အကောင်းဆုံး National Costume ဆုရရှိသွားတဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို အလှမယ် ထက်ထက်ထွန်းက အခုလို ပြောထားပါတယ်။ “National Costume နဲ့ပတ်သက်ပြီးပြောရရင် ထက်ထက်ရဲ့ National Costume Box က အစ်မ စိုးယုဝေ ယူလာတယ်၊ ပြီးတော့ အဲဒီ National Costume … Continue reading Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အကောင်းဆုံး National Costume ဆုရရှိ

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်ကြောင့် အမေရိကန်လေဆိပ်မှာ ဒုက္ခသည်တွေဖမ်းဆီးခံရ

မော်လမြိုင်၊ ၂၉ ဇန်နဝါရီ ၂၀၁၇ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှာ အမေရိကန်နိုင်ငံထဲကို ဝင်ဖို့ စောင့်ဆိုင်းနေတဲ့ ဒုက္ခသည်တချို့ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး တင်းကြပ်ဖို့ ထုတ်ပြန်လိုက်တဲ့ အမိန့်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ လေဆိပ်အပြင်မှာလည်း ထောင်နဲ့ချီတဲ့ လူတွေက ဒုက္ခသည်တွေကို လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။ အမေရိကန်နိုင်ငံတွင်းမှာ ဒုက္ခသည်လက်ခံတဲ့ အစီအစဉ်ကို လေးလကြာ ဆိုင်းငံ့ဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို လူ့အခွင့်အရေး အဖွဲ့တွေက တရားစွဲဆိုထားသလို ဒါဟာ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့ သမ္မတညွှန်ကြားချက်ဖြစ်ပြီး ဒါကို ချေဖျက်ဖို့ ကြိုးစားသွားမယ်လို့ လူ့အခွင့်အရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ဆိုပါတယ်။ ဇန်နဝါရီ ၂၇ရက်နေ့ကလဲ မွတ်ဆလင်နိုင်ငံ ၇ နိုင်ငံဖြစ်တဲ့ အီရန်၊ အီရတ်၊ ဆူဒန်၊ ဆီးရီးယား၊ … Continue reading အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်ကြောင့် အမေရိကန်လေဆိပ်မှာ ဒုက္ခသည်တွေဖမ်းဆီးခံရ

အလန်းစား စမတ်ဖုန်းနဲ့ အတူ ဖေဖော်ဝါရီလထဲမှာ မိုဘိုင်းဖုန်းလောကထဲ ပြန်လာတော့မယ့် Nokia

မော်လမြိုင်၊ ၂၉ ဇန်နဝါရီ ၂၀၁၇ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့ကနေ မတ်လ ၂ရက်နေ့ထိ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ နည်းပညာကုမ္ပဏီတွေရဲ့ ဖုန်းအသစ်တွေကို မိတ်ဆက်ပြသမယ့် MWC 2017 (Mobile World Congress 2017) ပြပွဲရှိပါတယ်။ အဲဒီပွဲမှာ ပြသမယ့် ကုမ္ပဏီတွေ အများကြီးထဲမှာမှ တခေတ်တခါက မိုဘိုင်းဖုန်းရဲ့ ဘုရင်ဖြစ်ခဲ့တဲ့ Nokia ရဲ့ အလန်းစား ဖုန်းလဲ ပါဝင်မှာပါ။ အရင်က Keypad ဖုန်းတွေကိုသာ ထုတ်လုပ်ခဲ့တဲ့ Nokia ဟာ Android ဖုန်းတွေကို နောက်ပိုင်းထုတ်လုပ်ခဲ့ပြီးတော့ အခုပြုလုပ်မယ့် MWC 2017 ပွဲမှာ ပြသမယ့် စမတ်ဖုန်းဖြစ်တဲ့ Nokia Android Nougat စမတ်ဖုန်းနဲ့ မိုဘိုင်းဖုန်းလောကမှာ ဘုရင်နေရာ … Continue reading အလန်းစား စမတ်ဖုန်းနဲ့ အတူ ဖေဖော်ဝါရီလထဲမှာ မိုဘိုင်းဖုန်းလောကထဲ ပြန်လာတော့မယ့် Nokia

ဇန်နဝါရီ ၂၉ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၉ ဇန်နဝါရီ ၂၀၁၇ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့် ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ Mawlamyine Daily Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Darkened armpits ချိုင်းမည်းနေလို့ပါရှင့်

မော်လမြိုင်၊ ၂၉ ဇန်နဝါရီ ၂၀၁၇ ဆရာရေ ကျမဂျိုင်းအမဲကွက်လေးကိစ္စဖြေပေးပါအုံးလားဆရာ။ ကျမအထင်တော့ တနေ့ကျမ ပွဲတခုတက်ရမယ်နေ့မှာ ဝတ်မဲ့ဂါဝန်က ဂျိုင်းပြတ်ဖြစ်နေတော့ မရိုသေ ဂျိုင်းမွှေးနှုတ်ဖို့လည်း အချိန်မရအင်္ကျီကလည်းဝတ်ပြီးနေတော့ အလွယ်ပဲ တခါမှ မသုံးဖူးတဲ့ အမျိုးသားသုံးတဲ့ အမွှေးချွတ်ဆေးသုံးပြီး ချွတ်မိပါတယ်။ ပြီးရင် ရေဆေးချရမယ်လို့ ပါတာကိုမဖတ်မိပဲ ရေဆွတ်ထားတဲ့ အဝတ်နဲ့ပဲ သုံးလေးကြိမ် သုတ်ပြီးသွားလိုက်တာ ခပ်စပ်စပ်ကျန်ပေမဲ့ ဘာမှမဖြစ်ခဲ့ပါ။ နောက်တလ ကြာမှသာ အမဲကွက်ပေါ်လာပြီး နောက်ထပ် အမဲကွက်လေးများထပ်ပေါ်လာတယ်ဆရာ။ ဆရာပြောတဲ့အတိုင်း ထောပတ်သီး၊ တစောင်းလက်ပါတ်နဲ့ပွတ်ပါတယ်။ ချွေးနံ့မနံအောင်လိမ်းရသောဆေးများ အားလုံးလည်း ဖြတ်ထားပါတယ်ဆရာ။ ဆရာဝန်ဆီထိတော့မသွားဖြစ်သေးပါ။ ခုထိတော့ မယားပါမစပ်ပါ။ ဒီနိင်ငံမှာ ဥတုအေးနေသေးတယ်ဆရာ။ ဒီမှာကဆရာဝန်က နိင်ငံစုံကဆရာဝန်ဆိုတော့ ဘယ်သူကောင်းမှန်းလည်းမသိလိုပါဆရာ။ စုံစမ်းဖို့ကလည်းခက်လို့ပါဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။ ဘာလို့ချင်းနေရာမှာ ကွက်ပြီးမည်းရသလည်း ၁။ ချိုင်းမွှေးရိတ်ခြင်း ၂။ … Continue reading Darkened armpits ချိုင်းမည်းနေလို့ပါရှင့်

မွန်ရိုးရာယဉ်ကျေးမှုပွဲတော် မော်လမြိုင်မှာကျင်းပ

မော်လမြိုင်၊ ၂၈ ဇန်နဝါရီ ၂၀၁၇ မွန်တေးသီချင်း၊မွန်ရိုးရာအကတို့ဖြင့် ဖျော်ဖြေပြီး အစားအသောက်၊အဝတ်အထည်တွေရောင်းချတဲ့ မွန်းရိုးရာယဉ်ကျေးမှုပွဲတော်ကို မော်လမြိုင်မြို့ Royal Hinthar Hotel မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ညက ကျင်းပခဲ့တာပါ။ Mawlamyine Daily

Miss Universe 2016 ပြိုင်ပွဲမှာ ရေပန်းအစားဆုံး ရိုးရာဝတ်စုံတွေထဲ မြန်မာနိုင်ငံက ထိပ်ဆုံးက ဦးဆောင်နေ

မော်လမြိုင်၊ ၂၈ ဇန်နဝါရီ ၂၀၁၇ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲ Miss Universe 2016 မှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။ အဲဒီထဲကမှ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံကိုယ်စားပြု ရိုးရာဝတ်စုံတွေ ယှဉ်ပြိုင်ရတဲ့ ပွဲမှာ Missosology အဖွဲ့ကြီးက အကောင်းဆုံး ရိုးရာ ဝတ်စုံ ၁၂ စုံကို ရွေးချယ်တဲ့အခါ မြန်မာနိုင်ငံက အလှမယ် ထက်ထက်ထွန်းဝတ်ဆင်ယှဉ်ပြိုင်ခဲ့တဲ့ ရုပ်သေးရိုးရာ အကကို ဖော်ကျူးတဲ့ ရိုးရာဝတ်စုံဟာ နံပါတ်တစ် နေရာမှာ ဦးဆောင်နေပါတယ်။ Miss Universe 2016 ဖိုင်နယ်ပွဲကို ဇန်နဝါရီလ ၃၀ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ Missosology အဖွဲ့ကြီးက ရွေးချယ်ထားတဲ့ … Continue reading Miss Universe 2016 ပြိုင်ပွဲမှာ ရေပန်းအစားဆုံး ရိုးရာဝတ်စုံတွေထဲ မြန်မာနိုင်ငံက ထိပ်ဆုံးက ဦးဆောင်နေ

၂၀၁၅ နီပေါငလျင်အပြီး ဧဝရတ်တောင်နိမ့်သွားသလားဆိုတာကို ပြန်လည်တိုင်းတာမည်

မော်လမြိုင်၊ ၂၈ ဇန်နဝါရီ ၂၀၁၇ ၂၀၁၅ခုနှစ်က နီပေါနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တဲ့နောက် ဧဝရတ်တောင်ကြီး နိမ့်သွားသလားဆိုတာ သိရဖို့ အိန္ဒိယအစိုးရ မြေတိုင်းဌာနက ဧဝရတ်တောင်ကို တိုင်းတာမှုတွေ ပြုလုပ်ချင်နေတယ်လို့ ဆိုပါတယ်။ ဘယ်နေ့ဘယ်အချိန်မှာ စတင်တိုင်းတာမယ်ဆိုတာတော့ နီပေါအစိုးရက တရားဝင်ထုတ်ပြန်ထားတာမရှိသေးပေမယ့် နှစ်လအတွင်း တရုတ်နီပေါ နယ်စပ် တောင်တွေပေါ်ကို လေ့လာဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ်လို့ အိန္ဒိယမြေတိုင်း အရာရှိချုပ် Swarna Subba Rao က ပြောပါတယ်။ ၂၀၁၅ ခုနှစ်က ငလျင်ကြောင့် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကြီးဟာ နိမ့်ကျသွားနိုင်တယ်လို့လဲ သိပ္ပံပညာရှင်တွေက ခန့်မှန်းနေကြသလို ဟိမဝန္တာတောင်တန်းကြီးဟာလဲ အနောက်တောင်ဘက်ကို ၃ စင်တီမီတာလောက် ရွေ့သွားတယ်လို့ တရုတ်အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။ European Space Agency ရဲ့ အချက်အလက်တွေအရတော့ … Continue reading ၂၀၁၅ နီပေါငလျင်အပြီး ဧဝရတ်တောင်နိမ့်သွားသလားဆိုတာကို ပြန်လည်တိုင်းတာမည်