ဇန်နဝါရီ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်

jan-30

မော်လမြိုင်၊ ၃၀ ဇန်နဝါရီ ၂၀၁၇

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်‌ မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့် ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်
အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသများမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသတွေမှာ အများအားဖြင့်သာယာနေပါတယ်။

ဒီကနေ့မနက်(၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နံနက်ပိုင်းမှာ မြူ ထူများ ကျဆင်းခဲ့ပါတယ်။

ထူးခြားတဲ့ညအပူချိန်များကတော့ ဟားခါးမြို့မှာ (၀)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့မှာ (၅)ဒီဂရီစင်တီဂရိတ်၊ မိုးကုတ်မြို့ မှာ (၆)ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်မြို့ မှာ (၇)ဒီဂရီစင်တီဂရိတ်နဲ့ လားရှိုးမြို့ မှာ (၈)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါတယ်။

နေပြည်တော်၏ အနိမ့်ဆုံးအပူချိန်မှာ (၁၄)ဒီဂရီစင်တီဂရိတ်၊
ရန်ကုန်မြို့၏ အနိမ့်ဆုံးအပူချိန်မှာ (၁၈)ဒီဂရီစင်တီဂရိတ်၊
မန္တလေးမြို့၏ အနိမ့်ဆုံးအပူချိန်မှာ (၁၄)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါတယ်။

Mawlamyine Daily
Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s