Uric acid ယူရစ်အက်စစ်

မော်လမြိုင်၊ ၁ ဖေဖော်ဝါရီ ၂၀၁၇ (ခြေထောက်ပုံအတွက် ကန်တော့ပါ့။) ဓါတုဗေဒကျောင်းသားတွေကတော့ Uric acid ယူရစ်အက်စစ်ဆိုတာ C5H4N4O3 လို့ ရေးကြမယ်။ ဆေးကျောင်းသားတွေကတော့ သွေးထဲမှာ (ယူရစ်အက်စစ်) များနေရင် Gout (ဂေါက်) ဆိုတဲ့ အဆစ်နာရောဂါဖြစ်မယ်လို့ သင်ကြရတယ်။ သွေးထဲမှာ ယူရစ်အက်စစ် များနေတာကို Hyperuricemia လို့ ခေါ်တယ်။ ဘာလို့ ဒီဓါတ်များနေသလည်း။ မျိုးနဲ့ရိုးနဲ့ ဆိုသလို များတတ်တယ်။ နောက်တချက်က စားတဲ့အစာပေါ်မှာ မူတည်တယ်။ တိတိကျကျပြောရရင် အစားထဲမှာ Purine နဲ့ Fructose များရင် Uric acid (ယူရစ်-အက်စစ်) များစေတယ်။ ဒီဓါတ်ကို ကျောက်ကပ်ကနေစွန့်ထုတ်တော့ ကျောက်ကပ်မကောင်းရင် သွေးထဲမှာများနေမယ်။ အစာမစားဘဲနေတာ၊ ကိုယ်အလေးချိန် အမြန်ချတာလုပ်ရင် ယာယီများနေမယ်။ ယောက်ျားတွေမှာ … Continue reading Uric acid ယူရစ်အက်စစ်

နှေးကွေးနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ လာမယ့် သုံးနှစ်အတွင်း ပြန်လည်မြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ

မော်လမြိုင်၊ ၃၁ ဇန်နဝါရီ ၂၀၁၇ ၂ဝ၁၆ ခုနှစ်မှာ နှေးကွေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ လာမယ့် သုံးနှစ်အတွင်း တစ်နှစ်ကို ပျမ်းမျှ ၇.၁ ရာခိုင်နှုန်း ခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်းနဲ့ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်တဲ့ ဖိအားတွေလည်း လျော့ကျသွားဖွယ်ရှိပြီး လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း အစရှိတဲ့ အခြေခံအဆောက်အဦးပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အကြီးစားကုန်စည်မဟုတ်တဲ့ ထုတ်လုပ်ရေး ကဏ္ဍတွေမှာ အစိုးရနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဇန်နဝါရီလ ၃၀ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စီးပွားရေး တိုးတက်မှုနှုန်းအရ ရှေ့အလားအလာဟာ အကောင်းဘက်ကိုဦးတည်နေပေမယ့် အဲဒီနှုန်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အကြီးစားစီးပွားရေးဆိုင်ရာ အန္တရာယ်များကိုလည်း ရင်ဆိုင်ရမယ်လို့ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ … Continue reading နှေးကွေးနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ လာမယ့် သုံးနှစ်အတွင်း ပြန်လည်မြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ

ဇန်နဝါရီ ၃၁ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ ဇန်နဝါရီ ၂၀၁၇ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်‌ မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့် ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ သာယာမည်။ Mawlamyine Daily Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Head Lice ခေါင်းသန်း

မော်လမြိုင်၊ ၃၁ ဇန်နဝါရီ ၂၀၁၇ ၁။ ဆရာ မေးပါရစေ။ ၂၃ နှစ် မိန်းကလေး၊ အိမ်ထောင်ရှိ၊ ကလေးမရှိ ရာသီမှန်။ ခေါင်းမှာဘောက်ရှိပါတယ်။ အခု သန်းပါ ရောက်နေတယ်ဆရာ။ သန်းရောက်လာတာ တပါတ်လောက်ရှိပြီ၊ အရမ်းယားတယ်၊ နေလို့လုံးဝအဆင်မပြေပါ။ သန်း၊ ဘောက် အဓိက သန်းပျောက်ဖို့ ဘာတွေလုပ်ရမလဲ လမ်းညွှန်ပေးပါ။ တစပါတ်နှစ်ကြိမ်ခေါင်းလျှော်ပါတယ်၊ ရန်ကုန်၊ မြန်မာပြည်ကပါ။ အရင်အဖြေတွေအတွက်လဲ ကျေးဇူးတင်ပါတယ်ဆရာ။ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ။ ၂။ ဆရာရှင့် ဆံပင်ထဲမှာ သန်း ကူးစက်ခံရရင် ပျောက်အောင် ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်ရှင့်။ ခုလောလောဆည်တော့ ဘီးစိပ်နဲ့တိုက်တာ ၃ ကောင် ထွက်လာပါတယ်။ အရင်ကမရှိပါ။ အသိတစ်ယောက်အိမ် သွားလည်အိပ်မိရာက ကူးတယ်ထင်ပါတယ်ဆရာ။ ဘယ်လိုပျောက်ကင်းအောင်လုပ်ရမယ် သိချင်ပါတယ်ဆရာ။ ခေါင်းသန်းကို အလွယ်နည်းတွေနဲ့လည်း ထိန်းနိုင်ပါတယ်။ … Continue reading Head Lice ခေါင်းသန်း

ဇန်နဝါရီ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ ဇန်နဝါရီ ၂၀၁၇ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်‌ မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့် ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသများမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ … Continue reading ဇန်နဝါရီ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်

Amazing beauty benefits of Neem တမာရဲ့ဆေးစွမ်း

မော်လမြိုင်၊ ၃၀ ဇန်နဝါရီ ၂၀၁၇ (၁) Treating Skin Infections အရေပြားနာများ တမာရွက်ကို နူးသွားအောင်ပြုတ်ပါ။ ပြုတ်ရည်ကအစိမ်းရောင်ဖြစ်လာမယ်။ အရွက်တွေအရောင်ပြောင်းလာမယ်။ ပြုတ်ရေကို ဆေးအဖြစ်လိမ်းပါ။ ရေချိုးရေထဲလဲထည့်သုံးပါ။ (၂) Addressing Acne Problems ဝက်ခြံ တမာရွက် ပြုတ်ရည်ကို ဂွမ်းစလေးနဲ့ ဝက်ခြံပေါ်လိမ်းပေးပါ။ (တမာ+သခွါးသီး) နဲ့ (တမာ+ရောဂတ်) တွေကို မျက်နှာမှာ ကပ်နိုင်တယ်။ (၃) Used as Skin Toner အရေပြားတင်းဆေး တမာရွက် ပြုတ်ရည်ကို မျက်နှာအရေးအကြောင်းတွေထင်နေတာ သက်သာစေမယ်။ ငယ်ရုပ်ဆင်စေမယ်။ ဝက်ခြံအမာရွတ် ထင်နေတာ သက်သာစေမယ်။ (တမာ+နှင်းဆီ) ကိုမျက်နှာမှာကပ်နိုင်တယ်။ ပြီးရင်မျက်နှာသစ်လိုက်ပါ။ (၄) Remedy for Dry Skin အရေပြားခြောက်နေရင် တမာမှုံ့ထဲမှာ … Continue reading Amazing beauty benefits of Neem တမာရဲ့ဆေးစွမ်း