လေအိတ်စနစ်နဲ့ ထိုင်ခုံခါးပတ်တွေက တကယ်ပဲ အန္တရာယ်ကင်းစေသလား

seat-belt

မော်လမြိုင်၊ ၃၀ ဒီဇင်ဘာ ၂၀၁၆

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကစပြီး ကားစီးတဲ့အခါ ထိုင်ခုံခါးပတ်မပတ်ရင် ဒဏ်ငွေ ၃သောင်းဆောင်ရတော့မှာပါ။ ဒီတော့ ယာဉ်အန္တရာယ်ကင်းရှင်းရေးစနစ်တွေထဲက လေအိတ်နဲ့ ထိုင်ခုံခါးပတ်တို့ဟာ ယာဉ်မတော်တဆဖြစ်ချိန်မှာ လူကို အန္တရာယ်ကင်းစေနိုင်သလားဆိုတဲ့ ကိစ္စနဲ့ ပတ်သက်တာတွေကို စုစည်းတင်ပြလိုပါတယ်။ ကျွန်တော်တို့ သိပြီးတဲ့အတိုင်း ကားစီးတဲ့အခါ အန္တရာယ်ကင်းစေဖို့ ထိုင်ခုံ ခါးပတ် ပတ်ထားသင့်တယ်။ ဒါ့အပြင် လေအိတ်တွေက ယာဉ်မတော်တဆဖြစ်ချိန်မှာ ရှေ့မှာရှိတဲ့ စတီယာတိုင်၊ ဒက်ရှ် ဘုတ် စတဲ့အရာတွေနဲ့ မဆောင့်မိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် လေအိတ်နဲ့ ထိုင်ခုံခါးပတ်တွေက အန္တရာယ် ကင်းရှင်းရေးအတွက် အကောင်းဆုံးအဖော်မွန်တွေလို့ ဆိုလို့ရတယ်။ မေးစရာရှိတာက ယာဉ်မတော်တဆဖြစ်ချိန်မှာ ဒီအ ရာနှစ်ခုကြောင့်ရော အန္တရာယ်ဖြစ်တာမျိုး မရှိဘူးလား? ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ခေတ် ကျွန်တော်တို့ဆီက လူမှုစာ မျက်နှာမှာ အငြင်းပွားနေကြသလို ဒီအရာနှစ်ခုကြောင့် အန္တရာယ်ဖြစ်ရတာတွေလည်း ရှိပါတယ်။ ပထမဆုံး လေအိတ်စနစ် တွေအကြောင်းနဲ့ စတင်လေ့လာကြည့်ရအောင်…

လေအိတ်စနစ်တွေကို ၁၉၇၀ ခုနှစ်တွေကတည်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အဲဒီ့အချိန်မှာ ထိုင်ခုံခါးပတ်တွေ နဲ့ပတ်သက်လို့ စိတ်ဝင်စားမှု သိပ်မရှိကြသေးပါဘူး။ အန္တရာယ်ကင်းရှင်းရေးအတွက် အလုပ်လုပ်ရတဲ့ အင်ဂျင်နီယာတွေက လေအိတ်ဟာ ထိုင်ခုံခါးပတ်မပတ်ထားသူတွေကို အကျိုးပြုပေးနိုင်တယ်လို့ တွေးထင်ခဲ့ကြတယ်။ အမေရိကန်နိုင်ငံမှာ ၁၉၉၈ ခုနှစ်ကစပြီး ရောင်းချသမျှ လူစီးကား၊ ထရပ်ကားတွေမှာ ယာဉ်မောင်းအတွက်တင်သာမက ခရီးသည်တွေအတွက်ပါ လေအိတ်တွေ ထည့်ပေးရမယ်လို့ သတ်မှတ်ခဲ့တယ်။ လေအိတ်ရဲ့ အကျိုးပြုမှုကြောင့် ၁၉၈၇ ကနေ ၂၀၀၈ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ လူ့အသက် ပေါင်း ၂၅,၀၀၀ ကျော်အထိ အန္တရာယ်အသက်ဘေးကနေ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ ဒါ ပေမယ့် National Highway Traffic Safety Administration ရဲ့ ထုတ်ပြန်ချက်အရ ၁၉၉၇ ခုနှစ်တစ်ခုတည်းမှာတင် မတော်တဆမှုတွေမှာ လေအိတ်ပွင့်ထွက်မှုကြောင့် လူပေါင်း ၅၃ ယောက်အထိ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပြီး ဒီထဲက ၃၁ ယောက်ဟာ ကလေးတွေပါ။ ကလေးတွေမှာ အများဆုံးထိခိုက်ရတဲ့ အကြောင်းရင်းက လေအိတ်ပွင့်လာတဲ့အရှိန်ကို မခံနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ လေးတွေကို အနောက်ထိုင်ခုံမှာ ထိုင်ခိုင်းတာမျိုး၊ Child Safety Seat မှာ ထိုင်စေတာမျိုးတွေ လုပ်လာကြတယ်။

၂၀၀၀ ခုနှစ်တွေဆီရောက်တဲ့အခါ အဆင့်မြင့်လေအိတ်စနစ်တွေ ထွက်လာပြီး ကားမော်ဒယ်လ်အလိုက် Safety Ranking အတွက် ပြိုင်ဆိုင်မှုတွေကြောင့် ဒီစနစ်တွေဟာ ပိုမိုကောင်းမွန်ပြည့်စုံလာခဲ့တယ်။ မော်တော်ကားထုတ်လုပ်သူ တွေက ရှေ့ခုံမှာ အာရုံခံကိရိယာတွေ တပ်ဆင်ပြီး လေအိတ်ပွင့်မယ်အရှိန်ကို လိုအပ်သလို ချိန်ညှိနိုင်အောင် စီမံလာကြ တယ်။ အာရုံခံကိရိယာပါဝင်တဲ့ စနစ်တွေရဲ့ အလုပ်လုပ်ပုံက သိပ်မတိကျပေမယ့် အခုခေတ်ထွက် မော်ဒယ်လ်တွေမှာ တော့ အတော်အတန်မှန်ကန်နေပါပြီ။ ဒါပေမယ့် လေအိတ်တွေက ထိုင်ခုံပေါ်မှာ နေရာတကျရှိနေတဲ့ ယာဉ်မောင်း၊ ခရီး သည်ကိုပဲ ကာကွယ်ပေးနိုင်တာပါ။ ယာဉ်တိုက်မှုဖြစ်လို့ လူက အရှေ့ကို အရှိန်နဲ့ ဆောင့်တွန်းသလိုဖြစ်နေချိန်မှာ လေ အိတ်ပွင့်လာရင် ဖိညှပ်ခံရမယ့်အန္တရာယ်ရှိပါတယ်။ လေအိတ်စနစ်ရဲ့ အလုပ်လုပ်ပုံကို ကြည့်မယ်ဆိုရင် ယာဉ်တိုက်မှုဖြစ် တာနဲ့ ယာဉ်မောင်း၊ ခရီးသည်တွေရှေ့မှာ ပွင့်လာပြီး သူ့ထက် အန္တရာယ်ပိုပေးနိုင်တဲ့အရာတွေနဲ့ မဆောင့်မိစေဖို့ ကာကွယ် ပေးတယ်။ လေအိတ်ထက် အန္တရာယ်ပိုပေးနိုင်တယ်လို့ ပြောရတဲ့ အကြောင်းရင်းက လေအိတ်တစ်လုံး အပြည့်အဝပွင့် လာစေဖို့ 20-30 millisecond သာ အချိန်ကြာပြီး သူ့ကို ထည့်သွင်းထားတဲ့ အထိုင်ထဲက တစ်နာရီကို မိုင်နှစ်ရာနှုန်း (322 km နှုန်း) နဲ့ ပွင့်ထွက်လာတာကြောင့်ပါ။ ဒီနေ့ခေတ် လေအိတ်စနစ်တွေမှာသုံးတဲ့ နည်းပညာက ဒုံးပျံ Booster တွေမှာသုံးတဲ့ နည်းပညာနဲ့ ဆင်တူမှုရှိပါတယ်။

လေအိတ်တစ်လုံးပွင့်လာချိန်မှာရှိတဲ့ အရှိန်နှုန်းက ပြင်းလွန်းတာကြောင့် အနီးမှာရှိတဲ့လူတွေကို ထိခိုက်နာကျင်မှု တွေ၊ ပွန်းရှဒဏ်ရာတွေ ဖြစ်စေတယ်။ ထိုင်ခုံခါးပတ် ပတ်မထားရင်ဖြစ်စေ၊ လူနဲ့ လေအိတ်ကြားမှာ အရာဝတ္ထုတစ်ခုခု (အိမ် မွေးတိရစ္ဆာန်ကစလို့ ဆဲလ်ဖုန်းလို အရွယ်သေးတဲ့အရာတစ်ခုခု) ရှိနေရင်ဖြစ်စေ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်ချေ ရှိတယ်။ ဒါ့အပြင် ကလေးငယ်တွေနဲ့ ခန္ဓာကိုယ်အရွယ်အစားသေးတဲ့ လူငယ်တွေဟာ လေအိတ်ပွင့်ချိန်မှာ ဖြစ်လာတဲ့အား ကြောင့် အန္တရာယ်ဖြစ်နိုင်ပါတယ်။ လူအများစုက ကလေးငယ်တွေကို များသောအားဖြင့် Child Safety Seat တွေမှာ ထိုင် ခိုင်းလေ့ရှိပြီး ဒီလိုထိုင်ခိုင်းရာမှာလည်း သတိပြုရမယ့်အချက်တွေ ရှိတယ်။ ဥပမာ – အနောက်ဖက်လှည့်ရတဲ့ Rear-facing Child Safety Seat ကို အရှေ့ခုံတွေမှာ နေရာချ အသုံးပြုတာမျိုး မလုပ်ရပါဘူး။ ဒီထိုင်ခုံတွေက အနောက်ဖက်ကို လှည့်ထားရင်တောင် လေအိတ်ပွင့်လာတဲ့အားကြောင့် ကလေးငယ်ကို အန္တရာယ်ဖြစ်စေပါလိမ့်မယ်။

လေအိတ်တွေနဲ့ ပတ်သက်လို့ ခြုံငုံပြောရရင် အရွယ်ရောက်ပြီးသူတွေအတွက် အဆင်ပြေပြီး လေအိတ်ပွင့်လာ ချိန်မှာ အန္တရာယ်မဖြစ်စေဖို့ ထိုင်ခုံခါးပတ်ကိုလည်း ပတ်ထားသင့်ပါတယ်။ ကလေးငယ်တွေကို ကားရှေ့ခန်းမှာ မဖြစ်မနေ ထိုင်ခိုင်းရမယ်၊ ဒါမှမဟုတ် Rear-facing Child Seat လိုမျိုးကို ကားရှေ့ခေါင်းခန်းမှာ ထားပြီး ထိုင်ခိုင်းရမယ်ဆိုရင် ခရီး သည်ထိုင်တဲ့ဖက်က လေအိတ်ကို ပိတ်ထားသင့်တယ် – လမ်းညွှန်ချက်ကို ကားရဲ့ Manual မှာ ကြည့်နိုင်ပါတယ်။ နောက် တစ်နည်းအနေနဲ့ ဝပ်ရှော့မှာ မက္ကင်းနစ်နဲ့ပြပြီး အရှေ့ခန်း၊ ခရီးသည်ဘက်ခြမ်းက လေအိတ်ကို ပိတ်ခိုင်းလို့ရတယ်။ အနောက်ခန်းမှာ ဘေးဖက်က ပွင့်ထွက်လာမယ့် လေအိတ်တွေရဲ့ အန္တရာယ်ကို ကာကွယ်ချင်ရင် ကလေးငယ်ကို ထိုင်ခုံရဲ့ အလယ်မှာ ထိုင်ခိုင်းလို့ ရတယ်။

လေအိတ်တွေအကြောင်း ပြီးတဲ့နောက် ထိုင်ခုံခါးပတ်ရဲ့ အရေးပါပုံ ကိုလည်း ဆက်လက်ဖော်ပြလိုပါတယ်။ ကျွန်တော်တို့ဆီမှာ ကားတွေ တင်သွင်းခွင့်ရပြီးနောက် ဝင်လာတဲ့ ဂျပန်ကားအား လုံးနီးပါးက ထိုင်ခုံခါးပတ်မပတ်ရင် အသံနဲ့ အချက်ပြပါတယ်။ ဒါကို ရှောင်ရှားဖို့ ခါးပတ်ခေါင်းထဲမှာ ထည့်သွင်းတဲ့ ဂတ် ဂျက်ကလေးတွေတောင် ပေါ်ထွက်လာခဲ့ပြီး လူအများစုက ဒီဂတ်ဂျက်လေးနဲ့ အချက်ပေးသံ တိတ်သွားအောင် လုပ်ထား လေ့ရှိတယ်။ ဒါ့အပြင် သိပ်မကြာခင်အချိန်ကပဲ ထိုင်ခုံခါးပတ်ပတ်ဖို့ စည်းကမ်းချက်တွေ ထွက်လာပြီး လာမယ့်နှစ်သစ်မှာ ထိုင်ခုံခါးပတ်မပတ်ရင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ အရေးယူခံရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ကျွန်တော်တို့ဆီက ဒီအချက်တွေကို ခဏထားပြီး အန္တရာယ်ကင်းရှင်းရေးအတွက် အထူးတလည်လိုက်နာကြတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတောင် ထိုင်ခုံခါးပတ်နဲ့ပတ်သက်လို့ သဘောမကျသူတွေ အများကြီးရှိတယ်။ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၄၉ ခုမှာ ထိုင်ခုံခါးပတ်ပတ်တာကို မဖြစ်မနေသတ်မှတ်ထားပေမယ့် နယူးဟမ့်ရှိုင်းယားပြည်နယ်က ထူးထူးခြားခြား ခါးပတ် မပတ်တာကို ခွင့်ပြုထားပါတယ်။ သူတို့ဆီမှာ ထိုင်ခုံခါးပတ်ပတ်ဖို့ ငြင်းဆန်ရတဲ့ အဓိကအကြောင်းရင်းက မတော်တဆဖြစ် လို့ ကားမီးလောင်ချိန် (သို့) ကားရေထဲကျသွားချိန်မှာ ခါးပတ်ကြောင့် ဒုက္ခရောက်နိုင်တယ်ဆိုတာပါပဲ။

၂၀၀၉ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေမှာ သေဆုံးခဲ့ရသူတွေရဲ့ 53% က ထိုင်ခုံ ခါးပတ်ပတ်ထားတယ်လို့ သိရတယ်။ ဒါပေမယ့် CDC က ကားမောင်းနှင်နေစဉ်မှာ ထိုင်ခုံခါးပတ်ပတ်ထားဖို့ တိုက်တွန်းခဲ့ ပြီး ထိုင်ခုံခါးပတ် ပတ်ထားခြင်းအားဖြင့် ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ သေဆုံးနိုင်ချေကို 45% အထိ လျှော့ချပေးနိုင် တယ်လို့ ဆိုပါတယ်။ ယာဉ်မတော်တဆမှုတွေကို ပြန်လည်စိစစ်ကြည့်တဲ့အခါ မတော်တဆဖြစ်ပွားတဲ့ ပုံစံတွေက ကွာခြား မှုသိပ်မရှိတာကို တွေ့ရပြီး အပေါ်မှာပြောခဲ့သလို ကားမီးလောင်သွားတာ၊ ရေထဲကျသွားတာမျိုးဖြစ်ဖို့ တစ်ရာခိုင်နှုန်းပဲရှိ ပါ တယ်။ ထိုင်ခုံခါးပတ် ပတ်ထားခြင်းအားဖြင့် လေအိတ်ပွင့်လာချိန်မှာ ဖိညှပ်ခံရမယ့်အန္တရာယ်က ကာကွယ်ပေးနိုင်သလို၊ အ ပြင်းအထန် ထိခိုက်မယ့်ကိစ္စတွေကလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တာကြောင့် ယေဘုယျအားဖြင့် သတိလစ်မေ့မျောသွားမယ့် ကိစ္စမျိုးတွေကို တားဆီးနိုင်တယ်လို့ ဆိုနိုင်တယ်။ မတော်တဆဖြစ်လို့ ကားမီးစွဲနေချိန်၊ ရေထဲ ကျချိန်မှာ သတိလစ်မနေတဲ့လူက အန္တရာယ်စက်ကွင်းကနေ လွတ်မြောက်ဖို့ ပိုမိုကြိုးစားနိုင်ပါလိမ့်မယ်။

ထိုင်ခုံခါးပတ်တွေက ယာဉ်မတော်တဆဖြစ်ချိန်မှာ တင်းအားတစ်ခုနဲ့ နောက်ပြန်ဆွဲပေးမှာဖြစ်တာကြောင့် အနည်း အကျဉ်း ထိခိုက်မိတာမျိုးတွေတော့ ရှိပါတယ် – အနည်းငယ် ပွန်းပဲ့တဲ့ ဒဏ်ရာလောက်သာဖြစ်ပြီး ကြီးမားတဲ့ ထိခိုက်မှုတွေ နဲ့ယှဉ်ရင် မပြောပလောက်ပါဘူး။ ဒါ့အပြင် ကားက အရှိန်နဲ့ လေးငါးပတ်လိမ့်သွားချိန်မှာ ပြတင်းကနေ အပြင်ထွက်မသွား အောင်၊ အတွင်းခန်းထဲက အစိတ်အပိုင်းတွေနဲ့ မဆောင့်မိအောင်လည်း ကာကွယ်ပေးနိုင်တယ်။ လေအိတ်စနစ်တွေနဲ့ မတူ တာက ထိုင်ခုံခါးပတ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်မိတာမျိုး သိပ်မရှိပါဘူး။ ချွင်းချက်အနေနဲ့ ကိုယ်ဝန်ဆောင်မိခင် လောင်းတွေ၊ ကလေးတွေအတွက် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း စနစ်တကျ ခါးပတ်ပတ်ဖို့တော့ လိုပါတယ်။

Mawlamyine Daily

Ref: motors.com.mm

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s