ရုရှားရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို အရေးယူတဲ့အနေနဲ့ ရုရှားသံတမန် ၃၅ဦးကို အမေရိကန်နိုင်ငံက နှင်ထုတ်

29hacker1-master768

မော်လမြိုင်၊ ၃၀ ဒီဇင်ဘာ ၂၀၁၆

အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားက အင်တာနက်ကနေ အချက်အလက်တွေ ခိုးယူတိုက်ခိုက်တာ၊ အနှောက်အယှက် ပေးခဲ့တာတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှား သံတမန် ၃၅ယောက်ကို ၇၂နာရီအတွင်း အမေရိကန်နိုင်ငံထဲကနေ ထွက်သွားဖို့ အမေရိကန်သမ္မတ အိုဘားမားက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် နယူးယောက်နဲ့ မေရီလန်းက ရုရှားထောက်လှမ်းရေး ဌာနဝင်းတွေကိုလည်း ပိတ်ပစ်ရတော့မှာပါ။

ဒါ့အပြင် အသစ်တက်မယ့် သမ္မတ ဒေါ်နယ်ထရမ့်အတွက် ရုရှားဟက်ကာတွေရဲ့ အကူအညီနဲ့ မဲခိုးတဲ့ကိစ္စဟာလည်း သက်သေအခိုင်အမာရှိနေပြီလို့ ဆိုပါတယ်။

သမ္မတ အိုဘားမားကတော့ ဒီလိုအပြစ်ပေးတာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ့် အားထုတ်မှုတွေအတွက် လိုအပ်ပြီး သင့်တော်တဲ့ လုပ်ရပ်ကို လုပ်လိုက်တာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ့ ရုရှားတို့ရဲ့ လုပ်ရပ်တွေကို သတိထားဖို့ လိုပြီးလို့ သူ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရုရှားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ပတ်သတ်တဲ့ နည်းပညာဆိုင်ရာ သတင်းအချက်အလက်တွေကို အများပြည်သူသိအောင် ဖွင့်ချသွားမယ်လို့လဲ ဆိုပါတယ်။ ရုရှားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ ဒီမိုကရက်တစ်ပါတီအပြင် အစိုးရဌာနတွေ၊ Think Tank လို တတ်သိပညာရှင်အဖွဲ့တွေ နဲ့ တက္ကသိုလ်တွေက အချက်အလက်တွေကို ခိုးယူနေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ ၁၀စုနှစ်ရှိနေပြီလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှအစိုးရဘက်ကတော့ ဘာမှ အခြေအမြစ်မရှိဘဲ စွပ်စွဲနေတာသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ သမ္မတအိုဘားမား လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ သမ္မတ လုပ်ပိုင်ခွင့်အမိန့်ကို သုံးပြီး ရုရှားကို ဘယ်လို အမြန်ဆုံး အရေးယူမလဲ ဆိုတာနဲ့ပတ်သက်လို့ အိမ်ဖြူတော်မှာ အခြေအတင် ဆွေးနွေးခဲ့တာပါ။ ဒီသမ္မတ အမိန့်အရ ပြည်ပမှာအခြေစိုက်ပြီး အမေရိကန်ကို အင်တာနက်ကနေ ထိုးဖောက်တိုက်ခိုက် သူတွေအပေါ် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို သမ္မတတဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ချမှတ်နိုင်ပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေး၊ အခြေခံ အဆောက်အအုံနဲ့ စီးပွားရေးကို ခြိမ်းခြိမ်သူတွေအပေါ် သမ္မတက ဒဏ်ခတ်အရေးယူခွင့် ရှိပါတယ်။

ဒီဥပဒေအရ အမေရိကန်ဘဏ်တွေ ဒါမှမဟုတ် တခြားဘဏ္ဍာရေး အဖွဲ့အစည်းတွေမှာရှိနေတဲ့ အင်တာနက် တိုက်ခိုက်သူတွေရဲ့ ငွေကြေးတွေကို အစိုးရက ထိန်းချုပ်ခွင့် ရှိသလို၊ အမေရိကန်နိုင်ငံသားတွေကိုလည်း အဲဒီလိုလူတွေနဲ့ စီးပွားလုပ်ကိုင်ခွင့် တားမြစ်ထားပါတယ်။ ဒါ့အပြင် ဒီလူတွေရဲ့ ခရီးသွားလာခွင့်တွေကို လည်း ပိတ်ပင်နိုင်ပါတယ်။ ခုလို ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်အရေးမှုတွေ ချမှတ်လာနိုင်တဲ့အပေါ် ရုရှားနိုင်ငံခြားရေးဌာနကတော့ ပြစ်တင် ရှုတ်ချထားပါတယ်။

Mawlamyine Daily

Ref: NYT

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s