ဒီဇင်ဘာလ ၃၁ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ ဒီဇင်ဘာလ ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်‌တွင် အများအားဖြင့် သာယာနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်‌ မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့်‌ သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့်‌ သာယာမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့်‌ သာယာမည်။ Mawlamyine Daily Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Sleepwalking အိပ်ရင်း လမ်းလျှောက်

မော်လမြိုင်၊ ၃၁ ဒီဇင်ဘာ ၂၀၁၆ ဆေးစာမှာ somnambulism နဲ့ noctambulism လို့ခေါ်တယ်။ အိပ်စက်ရောဂါအုပ်စုထဲကတခု parasomnia ဖြစ်ပါတယ်။ အိပ်ပျော်ခြင်းအဆင့်တွေထဲက slow wave sleep stage အဆင့်မှာဖြစ်တယ်။ ညဦးပိုင်းမှာဖြစ်တာများတယ်။ သတိမလစ်သေးခင်မှာ သတိရှိနေစဉ်ကလို အလုပ်မျိုးလုပ်တာဖြစ်တယ်။ ထထိုင်မယ်။ လမ်းလျှောက်မယ်။ အိမ်မှုကိစ္စတွေ လုပ်မယ်။ တချို့က ကြမ်းတမ်းမယ်။ အများအားဖြင့် လုပ်နေတာကို ထပ်လုပ်ကြတယ်။ တချို့ကသာ တမျိုးမကလုပ်တယ်။ နိုးတဲ့အခါ အဲတာကို သတိမရပါ။ မျက်စိကဖွင့်ထားပေမဲ့ အမူအယာက ထင်ရှားလှတာမဟုတ်ပါ။ ၃ဝ စက္ကန့်ကနေ ၃ဝ မိနစ်အထိ ကြာရှည်နိုင်တယ်။ တညမှာတော့ တကြိမ်သာဖြစ်တယ်။ အဲလိုဖြစ်တာနဲ့ အရက်မူးပြီးနဲ့ မူးယစ်ဆေးကြောင့်ရှောက်လုပ်တာ မတူပါ။ အရက်ကနေဖြစ်တဲ့ alcohol-induced blackout နဲ့ drug-related … Continue reading Sleepwalking အိပ်ရင်း လမ်းလျှောက်

လေအိတ်စနစ်နဲ့ ထိုင်ခုံခါးပတ်တွေက တကယ်ပဲ အန္တရာယ်ကင်းစေသလား

မော်လမြိုင်၊ ၃၀ ဒီဇင်ဘာ ၂၀၁၆ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကစပြီး ကားစီးတဲ့အခါ ထိုင်ခုံခါးပတ်မပတ်ရင် ဒဏ်ငွေ ၃သောင်းဆောင်ရတော့မှာပါ။ ဒီတော့ ယာဉ်အန္တရာယ်ကင်းရှင်းရေးစနစ်တွေထဲက လေအိတ်နဲ့ ထိုင်ခုံခါးပတ်တို့ဟာ ယာဉ်မတော်တဆဖြစ်ချိန်မှာ လူကို အန္တရာယ်ကင်းစေနိုင်သလားဆိုတဲ့ ကိစ္စနဲ့ ပတ်သက်တာတွေကို စုစည်းတင်ပြလိုပါတယ်။ ကျွန်တော်တို့ သိပြီးတဲ့အတိုင်း ကားစီးတဲ့အခါ အန္တရာယ်ကင်းစေဖို့ ထိုင်ခုံ ခါးပတ် ပတ်ထားသင့်တယ်။ ဒါ့အပြင် လေအိတ်တွေက ယာဉ်မတော်တဆဖြစ်ချိန်မှာ ရှေ့မှာရှိတဲ့ စတီယာတိုင်၊ ဒက်ရှ် ဘုတ် စတဲ့အရာတွေနဲ့ မဆောင့်မိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် လေအိတ်နဲ့ ထိုင်ခုံခါးပတ်တွေက အန္တရာယ် ကင်းရှင်းရေးအတွက် အကောင်းဆုံးအဖော်မွန်တွေလို့ ဆိုလို့ရတယ်။ မေးစရာရှိတာက ယာဉ်မတော်တဆဖြစ်ချိန်မှာ ဒီအ ရာနှစ်ခုကြောင့်ရော အန္တရာယ်ဖြစ်တာမျိုး မရှိဘူးလား? ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ခေတ် ကျွန်တော်တို့ဆီက … Continue reading လေအိတ်စနစ်နဲ့ ထိုင်ခုံခါးပတ်တွေက တကယ်ပဲ အန္တရာယ်ကင်းစေသလား

ရုရှားရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို အရေးယူတဲ့အနေနဲ့ ရုရှားသံတမန် ၃၅ဦးကို အမေရိကန်နိုင်ငံက နှင်ထုတ်

မော်လမြိုင်၊ ၃၀ ဒီဇင်ဘာ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားက အင်တာနက်ကနေ အချက်အလက်တွေ ခိုးယူတိုက်ခိုက်တာ၊ အနှောက်အယှက် ပေးခဲ့တာတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှား သံတမန် ၃၅ယောက်ကို ၇၂နာရီအတွင်း အမေရိကန်နိုင်ငံထဲကနေ ထွက်သွားဖို့ အမေရိကန်သမ္မတ အိုဘားမားက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် နယူးယောက်နဲ့ မေရီလန်းက ရုရှားထောက်လှမ်းရေး ဌာနဝင်းတွေကိုလည်း ပိတ်ပစ်ရတော့မှာပါ။ ဒါ့အပြင် အသစ်တက်မယ့် သမ္မတ ဒေါ်နယ်ထရမ့်အတွက် ရုရှားဟက်ကာတွေရဲ့ အကူအညီနဲ့ မဲခိုးတဲ့ကိစ္စဟာလည်း သက်သေအခိုင်အမာရှိနေပြီလို့ ဆိုပါတယ်။ သမ္မတ အိုဘားမားကတော့ ဒီလိုအပြစ်ပေးတာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ့် အားထုတ်မှုတွေအတွက် လိုအပ်ပြီး သင့်တော်တဲ့ လုပ်ရပ်ကို လုပ်လိုက်တာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ့ ရုရှားတို့ရဲ့ လုပ်ရပ်တွေကို သတိထားဖို့ လိုပြီးလို့ သူ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ … Continue reading ရုရှားရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို အရေးယူတဲ့အနေနဲ့ ရုရှားသံတမန် ၃၅ဦးကို အမေရိကန်နိုင်ငံက နှင်ထုတ်

Rh blood group system (အာရ်အိတ်ခ်ျ) သွေးအုပ်စုခွဲနည်း

မော်လမြိုင်၊ ၃၀ ဒီဇင်ဘာ ၂၀၁၆ လူ့သွေးကို လူ့မျက်စိနဲ့ ကြည့်ရင် နီရဲနေတာကလွဲလို့ တယောက်သွေးနဲ့ နောက်တယောက်သွေး ခွဲခြားမရနိုင်ပါ။ သူရဲကောင်းသွေးနဲ့ သူရဲဘောကြောင်သူသွေး အရောင်အတူတူပါဘဲ။ အနုကြည့်မှန်ဘီလူးနဲ့ စစ်ရင်တော့ မတူတာတွေ သိလာမယ်။ အုပ်စုခွဲနည်းက အများဆုံး ၂ နည်းကိုသုံးတယ်။ တခြားနည်းတွေလဲ ရှိသေးတယ်။ လူတယောက်ဟာ ABO အုပ်စုခွဲနည်းထဲကတမျိုး နဲ့ Rh အုပ်စုခွဲနည်းထဲကတမျိုး ရှိလာမယ်။ အများနားယဉ်တဲ့ (အေ-ဘီ-အို-အေဘီ) (၄) မျိုးစလုံးမှာ အပေါင်းနဲ့ အနုတ်ရှိလို့ ပေါင်း (၈) မျိုးဖြစ်တယ်။ မေးတဲ့သူမှာ ABO အရ (ဘီ) နဲ့ Rh က အပေါင်း။ ဒီနေရာမှာ (ဘီ) (ပေါ့ဇေးတစ်ဖ်) ဆိုတာ အသဲရောင် (ဘီ) ပိုး … Continue reading Rh blood group system (အာရ်အိတ်ခ်ျ) သွေးအုပ်စုခွဲနည်း

ဒီဇင်ဘာလ ၃၀ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ ဒီဇင်ဘာလ ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်‌ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ နေပြည်တော်၊ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးဆက်လက်ရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့်‌ သာယာမည်။ Mawlamyine Daily Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မော်လမြိုင်မြို့ IOM ရုံးခွဲတွင် တာဝန်ထမ်းဆောင်ရန် Senior Admin and Finance Assistant အလိုရှိသည်

မော်လမြိုင်၊ ၂၉ ဒီဇင်ဘာ ၂၀၁၆ မော်လမြိုင်မြို့ IOM ရုံးခွဲမှာ တာဝန်ထမ်းဆောင်ဖို့ Senior Admin and Finance Assistant နေရာ ခေါ်ယူနေပါတယ်။ အလုပ်နေရာ လျှောက်ထားချင်သူအတွက် လိုအပ်တဲ့ အရည်အချင်းတွေကတော့ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ Business Administration, Accounting, Finance သို့မဟုတ် သက်ဆိုင်ရာဘာသာရပ်မှာ ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရပါမယ်။ ဘဏ္ဍာရေးနှင့်စီမံခန့်ခွဲရေး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅နှစ်ရှိရပါမယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးပါမယ်။ MS office နဲ့ Excel ကို ကျွမ်းကျင်စွာအသုံးပြုတတ်ရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူကို ဦးစားပေးမှာဖြစ်ပါတယ်။ နေရာဒေသမရွေးခရီးသွားလာနိုင်ရပါမယ်။ စိတ်ပါဝင်စားလို့ လျှောက်ထားချင်သူတွေဟာ - International Organization for Migration (IOM) Mission in … Continue reading မော်လမြိုင်မြို့ IOM ရုံးခွဲတွင် တာဝန်ထမ်းဆောင်ရန် Senior Admin and Finance Assistant အလိုရှိသည်