Alcohol – How to quit အရက်ဘေးက ဝေးကြပါစေ

မော်လမြိုင်၊ ၂၈ နိုဝင်ဘာ ၂၀၁၆ ၁။ ဆရာရှင့်ကျမကမြန်မာနိုင်ငံနိုင်ငံကပါ။ ကျမအသက်က ၃၃ နှစ်ပါ။ ကျမအမျိုးသားက၂၈ ပါ။ အမျိုးသားကို အရက်ပြတ်စေချင်လို့ပါဆရာ။ အရက်သောက်တာ ၃ နှစ်လောက်တော့ရှိပါပြီရှင့်။ သူငယ်ချင်းတွေနဲ့ အပျော်သောက်ရာက ခုမသောက်ပဲမနေနိုင်အောင်ဖြစ်နေတာပါ။ အမျိုးသားကကျိုးစားပြီးလျော့သောက်ကြည့်ပါတယ်။ မနက်တပိုင်းလောက် မသောက်ပဲနေတာနဲ့ လေတွေတက်တယ် ပျို့ပြီးအန်ပါတယ်။ လုံးဝနေလို့မကောင်းဘူးရှင့်။ အရက်ဖြတ်ဆေး ရှိတယ်လို့ ပြောပါတယ်ရှင့်။ အရမ်းလဲခံရတယ်လို့ကြားဘူးတယ်။ အမျိုးသားက ဟိုတုန်းကဘီယာလောက်ပဲသောက်တာ ခုမသောက်ရမနေနိုင်ဖြစ်တာ ၅လလောက်တော့ရှိပါပြီဆရာ။ အရက်ပြတ်နိုင်အောင် ဘယ်လိုဆေးနည်းများရှိမလဲ ညွှန်ကြားပေးပါဆရာ။ သူကအလုပ်လုပ်တာဆိုတော့ အပေါင်းသင်းနဲ့တွေ့ရင် အရက်ဘီယာကမကင်းနိုင်ပါဘူး။ သူခုလို အရက်မစွဲပဲမသောက်ပဲနေနိုင်အောင် ဘာလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဆရာရှင့်။ ၂။ ကျနော်ရဲ့ မိတ်ဆွေတယောက်ရဲ့ သားအကြီးဆုံး တယောက်က့ ကုမ္မဏီကနေခေါ်လို့ (၃) နှစ်ကျော်ကျော်လောက် သွားအလုပ်လုပ်ပြီး အခုပြန်ရောက် နေပါပြီ။ … Continue reading Alcohol – How to quit အရက်ဘေးက ဝေးကြပါစေ

ကိုယ်အလေးချိန်ပေါင်၃၂၀ ရှိတဲ့ အသက်၁၁နှစ်အရွယ် ကလေးငယ်ကို ကိုယ်အလေးချိန်ကျဖို့ မီးကုထုံးနဲ့ ကုသ

မော်လမြိုင်၊ ၂၇ နိုဝင်ဘာ ၂၀၁၆ အသက် ၃နှစ်အရွယ်ကတည်းက အဝလွန်ရောဂါကို ခံစားခဲ့ရပြီး အလေးချိန်တွေ တက်လာတာကြောင့် အသက် ၁၁ နှစ်အရွယ်မှာ ကိုယ်အလေးချိန် ပေါင် ၃၂၀ ရှိနေတဲ့ အဝလွန်ကလေးငယ် လီဟန် ကို ကိုယ်အလေးချိန်ကျစေဖို့ တရုတ်ရိုးရာဆေးပညာကုထုံးထဲက တစ်ခုဖြစ်တဲ့ မီးရှို့ကုသတဲ့ ထူးဆန်းတဲ့ကုထုံးနဲ့ ကုသပေးနေတာပါ။ လီဟန်ဟာ အစားကို အလွန်အကျွံစားချင်တဲ့ စိတ်ဖြစ်တာ၊ သင်ယူဖို့ ခက်ခဲတာအပြင် ပုံမှန်မဟုတ်ဘဲ ကြီးပြင်းလာတာနဲ့ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Prader-Willi ရောဂါကိုပါ ခံစားနေရတာပါ။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ခရိုင် ချန်ချွန်းမြို့က ချန်ချွန်းကန်ဒါ ဆေးရုံထဲမှာ ကုသပေးနေတဲ့ ကိုယ်အလေးချိန်ကျစေတဲ့ တရုတ်ရိုးရာကုထုံးမှာ မီးအပူပေးထားတဲ့ ခွက်တွေနဲ့ ကပ်တာ၊ မီးကုထုံးနဲ့အပ်စိုက်တာ၊ ဗိုက်ပေါ်ကို မီးရှို့ထားတဲ့ အဝတ်ကိုတင်ပြီး … Continue reading ကိုယ်အလေးချိန်ပေါင်၃၂၀ ရှိတဲ့ အသက်၁၁နှစ်အရွယ် ကလေးငယ်ကို ကိုယ်အလေးချိန်ကျဖို့ မီးကုထုံးနဲ့ ကုသ

ဟင်္သာပျိုတစ်ယောက်ရဲ့  ရင်တွင်းစာစု(1)

မော်လမြိုင်၊ ၂၇ နိုဝင်ဘာလ ၂၀၁၆ (ကဗျာ) ပစ်တယ် သေတယ် ပြည်သူတွေပဲ ပြေးတယ် ဆုံးရှုံးတယ် ပြည်သူတွေပဲ ပြည်သူအတွက်ဆိုပြီး ပြည်သူတွေဆီပဲ ကျဉ်ဆန်မိုးရွာ မိုင်းတွေ ဗုံးဆန်တွေပဲ ပျော်ပျော်ကြီး လက်ဆောင်ပေးနေကြတယ် လူမျိုးကောင်းစားရေး အမျိုးသားလွတ်မြောက်ရေး ပြည်သူ့ ဘဝလုံခြုံရေး ဘာအရေး ညာအရေး ထားလိုက်ပါဗျာ ပြည်သူ့ မျက်ရည်တွေ မြေခနေတာ နှစ်အတော်ကြာပြီး ချိုဖြူငှက်တွေ ရိက္ခာပြတ်လို့  ခင်ဗျားတို့ ဟင်းအိုးထဲရောက်နေတာများလား အနောက်တံခါးမလုံတာ မေ့ပြီး အတ္တနဲ့ ရှေ့တန်းတင်နေတာ ဒါအမှန်တရားလို့  ခင်ဗျားတို့ ထင်နေလား ရှင်းရှင်းလေးထပ်ပြောမယ် ပြည်သူတွေရဲ့  နှလုံးသွေးနဲ့ ရင်းခဲ့တဲ့ သွေးသစ္စာကို နေဝင်ချိန်ရောက်မှ ခင်ဗျားတို့  နောင်တမရနဲ့ ။ ။ ( … Continue reading ဟင်္သာပျိုတစ်ယောက်ရဲ့  ရင်တွင်းစာစု(1)

နိုဝင်ဘာလ ၂၇ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၇ နိုဝင်ဘာလ ၂၀၁၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်‌တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပါ သည်။ မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ ယနေ့ညနေထိခန့်မှန်းချက်တွေကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အအေးပိုနေမည်။ Mawlamyine Daily Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Beauty medication အလှဗေဒ

မော်လမြိုင်၊ ၂၇ နိုဝင်ဘာ ၂၀၁၆ ကိုယ်ခန္ဓာအချိုးအစားလှအောင်၊ ရင်သားဖွံ့ဖြိုးအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေမွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံးတွေထဲမှာပါတယ်။ ဒါကို ဆရာဝန်ကပြောတာပါ။ ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကိုတော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တယ်။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင်ဖြစ်တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေကသာ လုပ်ကြရမယ်။ ဆရာဝန်တွေမှာက လုပ်ပေးနိုင်တာထက် လုပ်မပေးနိုင်တာတွေက ပိုများမလားဘဲ။ ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင်ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ်မရွေးလဲ ရှိသေးတာဘဲ။ … Continue reading Beauty medication အလှဗေဒ

သေနတ်တစ်လက်ဝယ်ရင် တစ်လက်လက်ဆောင်ပေးမယ့် ရုရှား

မော်လမြိုင်၊ ၂၆ နိုဝင်ဘာ ၂၀၁၆ ရိုင်ဖယ်သေနတ် တစ်လက်ဝယ်ရင် တစ်လက်လက်ဆောင်ပေးမယ်ဆိုပြီး ရုရှားနိုင်ငံက ဖိလစ်ပိုင်ကို ကမ်းလှမ်းခဲ့တယ်လို့ ပီရူးနိုင်ငံ လီမာမြို့မှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဦးဆောင်သူများအစည်းအဝေးက ပြန်လာပြီး နိုဝင်ဘာ၂၄ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေက က ပြောဆိုလိုက်ပါတယ်။ လီမာမြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ရုရားက ဖိလစ်ပိုင်ကို သေနတ်တစ်လက်ဝယ်ရင် တစ်လက်အလကားပေးမယ့်စနစ်နဲ့ ရောင်းချချင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့ကို ပြောဆိုခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေက ပြောပါတယ်။ သမ္မတဒူတာတေဟာ အမေရိကန် လွှတ်တော်အမတ် ဘန်ကာဒင်ကို ရည်ညွှန်းပြီး “ကျွန်တော်က ကာဒင်နဲ့ ငြင်းခုန်နေမှာမဟုတ်ဘူး။ တကယ်လို့ သူက ကျွန်တော်တို့နဲ့ မိတ်ဖက်မဖြစ်ချင်ရင် ကျွန်တော်တို့က … Continue reading သေနတ်တစ်လက်ဝယ်ရင် တစ်လက်လက်ဆောင်ပေးမယ့် ရုရှား

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်

မော်လမြိုင်၊ ၂၆ နိုဝင်ဘာ ၂၀၁၆ ၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို မဲဆန္ဒနယ်အလိုက် ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Mawlamyine Daily

ရှင်းတမ်း

မော်လမြိုင်၊ ၂၆ နိုဝင်ဘာလ ၂၀၁၆ (ကဗျာ) တစ်ချိန်တုန်းက မဝေးသောကာလ မြောက်ပိုင်းတိုက်ပွဲတစ်နေရာ ရဲ တစ်ဦး ကျဆုံး ပြည်သူ နှစ်ဦးဘဝကူးပြောင်း ပြည်သူစစ် တစ်ဦး အသက်စွန့် လွှတ် လက်နက်ကိုင်တစ်ဦး အလောင်းကျန် တပ်မတော်သားတစ်ဦး တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ကျဆုံး စာရင်းရှင်းလိုက်တော့ မြန်မာနိုင်ငံသား ခြောက်ယောက် သေဆုံးပျောက်ကွယ်ခဲ့ပြီ ။ ။ မင်းအောင်မြင့် ( ရာမည) Mawlamyine Daily