နိုဝင်ဘာလ ၂၉ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၉ နိုဝင်ဘာလ ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည် ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်‌တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်တိုင်းဒေသကြီး နှင့်‌ ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါ သည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ … Continue reading နိုဝင်ဘာလ ၂၉ ရက်နေ့မိုးလေဝသခန့်မှန်းချက်

How to Swallow Bitter Medicine ဆေးခါးကို ဘယ်လိုသောက်မလည်း

မော်လမြိုင်၊ ၂၉ နိုဝင်ဘာ ၂၀၁၆ ဆေးအများစုဟာ အဝင်ဆိုးတယ်။ ခါးတယ်။ သည်အတိုင်သောက်လို့ခက်တယ်။ ပျို့အန်ထွက်မယ်။ မျိုမကျလောက်ဘူး။ သုတေသနလုပ်ထားတယ်။ ဘယ်မျိုးဗီဇကနေ အဲလိုဖြစ်စေသလည်း။ ကလေးတွေက ခါးတာကို ပိုပြီးမခံနိုင်ကြဘူး။ အဝင်သက်သာနည်းတွေသုံးရတယ်။ ဆေးပြားအပေါ်ယံမှာ သကြားအုပ်ထားရတယ်။ ဥပမာ ဖျူရာမင်ဘီစီ သံဓါတ်ဆေး၊ ဗီတာမင်ဘီဆေး။ ဆေးတောင့်လို့ခေါ်ကြတဲ့ ကက်ပစူးလ်ခေါ် အဖုံးထဲမှာဆေးမှုံ့ထည့်ပေးထားရတယ်။ ဥပမာ အမောက်ဆာဆလင်။ တက်ထရာဆိုက်ကလင်း။ ဆေးရည်ကို အချိုရည်ရောထားတယ်။ Syrup နာမည်ပါရင် အဲတာမျိုးပဲ။ ငှက်ဖျားဆေး Quinine (ကွီနင်း) ကို ဆေးခါးကြီးလို့ သတ်မှတ်ခဲ့ကြတယ်။ ငှက်ဖျားကို ရောဂါတွေရဲ့ဘုရင်လို့ တင်စားကြတယ်။ အလက်ဇန်းဒါးစစ်ဘုရင်လည်း အသက် ၃၃ နှစ်သာရှိသေပေမယ့် ငှက်ဖျားနဲ့သေဆုံးခဲ့တယ်လို့ ယူဆရတယ်။ ဆေးခါးတာကို ဘယ်လိုမျိုမလည်းအတွက် အကြံပေးချက်တွေရှိပါတယ်။ ချိုတာတခုခုနဲ့ရောသောက်ပါ။ ဒါပေမယ့် ရောလို့ရ … Continue reading How to Swallow Bitter Medicine ဆေးခါးကို ဘယ်လိုသောက်မလည်း

တားမြစ်ဓာတုပါဝင်လို့ အလှကုန်(၄)မျိုးသုံးစွဲရန်မသင့်ကြောင်းနဲ့ ဖြန့်ဖြူးရောင်းချသူကို အရေးယူမယ်

မော်လမြိုင်၊ ၂၈ နိုဝင်ဘာလ ၂၀၁၆ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချ နေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း လေးမျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ မှတ်တမ်းတင် ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအ္တရာယ်ဖြစ်စေနိုင်သော တားမြစ်”ဓာတုပစ္စည်း (မာကျူရီ) ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများ ပြည်သူလူထုသုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ အဆိုပါ အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကား ဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင် ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေး … Continue reading တားမြစ်ဓာတုပါဝင်လို့ အလှကုန်(၄)မျိုးသုံးစွဲရန်မသင့်ကြောင်းနဲ့ ဖြန့်ဖြူးရောင်းချသူကို အရေးယူမယ်

နိုဝင်ဘာလ ၂၈ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၈ နိုဝင်ဘာလ ၂၀၁၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်‌တွင် အများအားဖြင့်‌ သာယာနေပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ ယနေ့ညနေထိခန့်မှန်းချက်တွေကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (‌မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းကာ၊ ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့မှာ နံနက်ပိုင်းမှာ မြူထူများ ဆိုင်းခဲ့ပါတယ်။ ထူးခြားတဲ့ ညအပူချိန်များမှာ ဟားခါးမြို့မှာ (၆)ဒီဂရီစင်တီဂရိတ်နဲ့ နမ့်စန်မြို့တို့မှာ (၈)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါတယ်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ … Continue reading နိုဝင်ဘာလ ၂၈ ရက်နေ့ မိုးလေဝသခန့်မှန်းချက်