အောက်တိုဘာ(၂၉)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၉ အောက်တိုဘာ ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေ ပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်‌ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်‌ ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် … Continue reading အောက်တိုဘာ(၂၉)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း

မော်လမြိုင်၊ ၂၉ အောက်တိုဘာ ၂၀၁၆ ကျွန်တော် ယောက်ျားလေးပါ။ အသက်ကတော့ ၂၀ ပါ။ ကျွန်တော့်ကို ဆရာဝန်တွေက ပြောပါတယ် အဆုတ်အအေးပတ်ခံလိုမရဘူးလို့။ အဆုတ်အအေးပတ်လိုက်ရင်လည်း ရင်ကျတ်လာပါတယ်ဆရာ။ ဖြစ်လိုက်ရင်လည်း မောလွန်းလို့ သေမလိုပါဘဲဆရာ။ ငွေကြေးအခက်ခဲကြောင့် ဆေးခန်းကြီးတွေတော့မသွားဖြစ်ပါဘူးဆရာ။ ကျွန်တော်နေနဲ့ ဘယ်လိုနေထိုင်သင့်တယ်၊ ဘယ်လိုဆေးတွေသောက်သင့်တယ် ပြောပေးပါလားဆရာ။ တရက်နှစ်ရက်အတွင်း ရင်ကြပ်ပန်းနာမေးလာသူတွေ ၂-၃ ယောက်ရှိသေးတယ်။ အသက်ရှူလမ်းပိုးဝင်ခြင်းစာရေးရတာ လူနာကို မမြင်ရမစမ်းရပဲ ဆေးကုရမလို ဖြစ်နေတယ်။ အနည်းဆုံး ရင်ပတ် ရှေ့နဲ့နောက်မှာ အထက်ကနေ အောက်အထိ လက်ဝါးတင်ပြီး လက်ချောင်းနဲ့ခေါက် နားထောင်ရမယ်။ နားကြပ်နဲ့ အသက်ရှူသံနားထောင်ရမယ်။ ရေးပြတာတွေအရ အသက်ရှူလမ်းမှာ တခုခုဖြစ်နေတာ။ အဖြစ်နိုင်ဆုံးက လေပြွန်ကြီးတွေ (သို့) အဆုပ်ထဲက လေပြွန်လေးတွေနဲ့ အဆုပ်တစ်ရှူးတွေရောင်နေတယ်။ ရောင်ရာကနေ ချွဲတွေဖြစ်နေတယ်။ အသက်ရှူလမ်းပိုးဝင်ခြင်းကို … Continue reading Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း

ဇီကာကြောင့် လာမယ့်ခြောက်လအတွင်း ရင်သွေးမယူကြဖို့ ကျန်းမာရေးဦးစီးဌာန တိုက်တွန်း

နေပြည်တော်၊ ၂၈ အောက်တိုဘာ ၂၀၁၆ အောက်တိုဘာလ ၂၇ရက်နေ့က ဇီကာပိုးကူးစက်ခံထားရတဲ့ နိုင်ငံခြားသူကိုယ်ဝန်ဆောင်တစ်ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တရားဝင်ကြေညာပြီးတဲ့နောက် လာမယ့် ခြောက်လအတွင်း ကိုယ်ဝန်မဆောင်ကြဖို့ အောက်တိုဘာလ ၂၈ရက်နေ့ နေပြည်တော်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။ ''ကျွန်တော်ခုပြောချင်တာက တိုင်းပြည်မှာ ဇီကာ ဗိုင်းရပ်စ်ရှိပြီ။ ကျွန်တော်အဓိကပြောလိုတာက တော့ ရန်ကုန်တိုင်းပေါ့။ ခြင်ကြားတွေအပေါက်များ တဲ့ သွေးလွန်တုပ်ကွေးတွေအဖြစ်များတဲ့ နေရာတွေမှာရှိတဲ့ နောက်ကိုယ်ဝန်ယူဖို့အတွက် ပြင်ဆင် ထားတဲ့လူတွေ တတ်နိုင်သလောက် ဒီရက်ထဲမှာ တတ်နိုင်ရင် နောက်ထပ် (၆) လလောက်အတွင်းမှာ ကိုယ်ဝန်မယူဖို့အတွက် ပြင်ဆင်ထားရမယ်။ လက်ရှိ ကိုယ်ဝန်ရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ လည်း ခြင်ကြားအကိုက်မခံရအောင် ပိုမိုဂရုစိုက်ပြီး နေရမယ် "လို့ … Continue reading ဇီကာကြောင့် လာမယ့်ခြောက်လအတွင်း ရင်သွေးမယူကြဖို့ ကျန်းမာရေးဦးစီးဌာန တိုက်တွန်း

အောက်တိုဘာ(၂၈)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၈ အောက်တိုဘာ ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်- အနောက် တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ သွားခဲ့ပြီဖြစ်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါ သည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် … Continue reading အောက်တိုဘာ(၂၈)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Ice and Heat ဒဏ်ရာရရင် ရေခဲတင်ရမှာလား၊ အပူကပ်ရမှာလား

မော်လမြိုင်၊၂၈ အောက်တိုဘာ ၂၀၁၆ ဆရာ တခုလောက်မေးပါရစေရှင့်။ ထိခိုက်ဒဏ်ရာရရင် ရေနွေးနဲ့ ကျပ်ပူထိုးတာနဲ့ ရေခဲကပ်တာ ဘာက ပိုကောင်းပါသလဲဆရာ။ ဗဟုသုတအလို့ငှါ ဖြေကြားပေးပါရှင့်။ မနေ့က ကျွန်မသမီး အသက် ၁ နှစ်ခွဲ ခုံပေါ်ကပြုတ်ကျလို့ ခေါင်းမှာ ဘုထွက်လာပါတယ်။ ထမင်းပူလေးရှိနေလို့ အနှီးထဲထည့်ပြီး ကျပ်ထုပ်ထိုးပေးပါတယ်။ ဒီနေ့ ရုံးက သူငယ်ချင်းတွေက ရေခဲကပ်ရတယ် ပြောလို့ပါ။ ထိခိုက်ဒဏ်ရာ ဥပမာ ခေါင်းလိုမျိုးထိရင် အပူ အအေး ဘယ်နည်းကို ဆရာဝန်တွေ ညွှန်ကြားလဲဆိုတာ ပြောပေးပါလားဆရာ။ လေးစားစွာဖြင့် အမေးများတယ်။ ရှုတ်ထွေးတတ်တယ်။ ယေဘုယျမှတ်ပါ။ ၁။ Ice is for injuries ထိခိုက်ဒဏ်ရာရရင် ရေခဲအုပ်ပါ။ ၂။ Heat is for muscles ကြွက်သားနာရင် … Continue reading Ice and Heat ဒဏ်ရာရရင် ရေခဲတင်ရမှာလား၊ အပူကပ်ရမှာလား

အောက်တိုဘာလ ၃၀ရက်နေ့ မော်လမြိုင်မြို့ မှာ လျှပ်စစ်ဓာတ် ခေတ္တပြတ်တောက်မည်

မော်လမြိုင်၊ ၂၇ အောက်တိုဘာ ၂၀၁၆ မော်လမြိုင်မြို့က ၆၆ ကေဗွီ မြောက်ဓာတ်အားခွဲရုံက ဓာတ်အားဖြန့်ဖြူးပေးတဲ့ ၁၁ ကေဗွီ တောင်ပေါ်လိုင်းဖီဒါက စံချိန်စံညွှန်းမမှီတဲ့ တိုင်၊တန်း၊ ကြိုးနဲ့ ကြွေသီးတွေ လဲလှယ်တဲ့လုပ်ငန်းလုပ်ဆောင်မှာကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့ တနင်္ဂနွေနေ့မှာ မနက်၉ နာရီကနေ နေ့လည် ၁နာရီထိ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မှာဖြစ်တယ်လို့ မော်လမြိုင်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ကြေညာထားပါတယ်။ လျှပ်စစ်ဓာတ်အားခေတ္တပြတ်တောက်မယ့် ရပ်ကွက်တွေကတော့ မောင်ငံရပ်ကွက်၊ မြေနီကုန်းရပ်ကွက်၊ ပန်းပဲတန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ အောက်ကျင်းရပ်ကွက်၊ မန္တလေးရပ်ကွက်၊ လှိုင်ရပ်ကွက်နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး စတဲ့ ရပ်ကွက်တွေပါဝင်တယ်လို့ ကြေညာစာမှာ ဖော်ပြထားပါတယ်။ Mawlamyine Daily