အောက်တိုဘာ(၃၁)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ အောက်တိုဘာ ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာ စိပ်စိပ်နှင့်‌ ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါ သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် … Continue reading အောက်တိုဘာ(၃၁)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

ကျားမ အရက်သောက်နှုန်း ညီမျှလာ

မော်လမြိုင်၊ ၃၁ အောက်တိုဘာ ၂၀၁၆ လွန်ခဲ့တဲ့ နှစ်၁၂၀ကျော်အတွင်း မွေးဖွားခဲ့ကြတဲ့ လူပေါင်း ၄သန်းကို လေ့လာပြီးနောက် အမျိုးသားနဲ့ အမျိုးသမီး အရက်သောက်နှုန်း ညီမျှလာတာကို လေ့လာတွေ့ရှိရတယ်လို့ ဗြိတိသျှ ဆေးပညာ ဂျာနယ်က ပြုလုပ်တဲ့ ကမ္ဘာ့လုံးဆိုင်ရာ ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။ အရင်က အမျိုးသားတွေက အရက်သောက်နှုန်းပိုများခဲ့ပြီး အရက်ဆိုးကျိုးတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် အခုတော့ အမျိုးသားနဲ့ အမျိုးသမီးကြား ကွာဟချက် နည်းလာပြီဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ လူ့အဖွဲ့အစည်းမှာ အမျိုးသားနဲ့ အမျိုးသမီးတွေ လုပ်ရတဲ့ တာဝန်တွေ ပြောင်းလဲလာတာကြောင့် ဖြစ်ပြီး အရင်က အမျိုးသားတွေပဲ လုပ်ခဲ့တဲ့ အလုပ်တွေကို အမျိုးသမီးတွေဝင်လုပ်လာနဲ့ အလုပ်အပြီးမှာ အရက်သောက်တဲ့ အလေ့အထ အမျိုးသမီးတွေကြား များလာတာဖြစ်တယ်လို့ ဆိုပါတယ်။ အရင်က အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ၂ဆလောက်ပိုသောက်ပြီး … Continue reading ကျားမ အရက်သောက်နှုန်း ညီမျှလာ

Dizziness အမူးရောဂါ

မော်လမြိုင်၊ ၃၁ အောက်တိုဘာ ၂၀၁၆ (အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လို့လည်းရပါတယ်။) ၁။ ကျွန်တော့့် သတင်းစာက သတင်းအယ်ဒီတာ တစ်ယောက်ဖြစ်ပါတယ်။ သတင်းအတွက် မေးမြန်းခြင်းမဟုတ်ပါ။ ကျန်းမာရေးအတွက် မေးမြန်းခြင်းဖြစ်ပါသည်ခင်ဗျာ။ ကျွန်တော့အသက် ၃၇ ပြည့်ပါတော့မည်။ ရန်ကုန်ကပါ။ ကျွန်တော် ဖြစ်နေတာက မနက်အိပ်ရာထတဲ့အချိန်မှာ မူးနောက်နောက် ရီးဝေဝေ ဖြစ်နေတာကနေ အခု ထိုင်နေရင်း လှုပ်ရှားမှု တစ်ခုခု ပြုလိုက်တိုင်း ရီဝေဝေဖြစ်လာပါတယ်။ သတိထားမိတာ တစ်ပတ်တိတိ ရှိပါပြီခင်ဗျာ။ ၂။ အသက်က ၅၉ နှစ်ရှိပါပြီ။ အမျိုးသမီးပါ။ စဖြစ်တာက လွန်ခဲ့တဲ့ ၉ နှစ်ကပါ။ မနက်အိပ်ရာထထချင်းမှာ ခေါင်းက ချာချာလည်မူးတာပါ။ ဘယ်ဘက်ကို ခေါင်းနဲနဲစောင်းတာနဲ့ ချာလည်မူးပါတယ်။ ညာဘက်တော့ စောင်းလို့ရပါတယ်။ တပတ်ကြာပါတယ်။ နောက် ဖြေးဖြေးချင်းသက်သာပါတယ်။ … Continue reading Dizziness အမူးရောဂါ

၂၀၂၀ ခှုနှစ်မှာ တောရိုင်းတိရိစ္ဆာန်တွေရဲ့ သုံးပုံနှစ်ပုံဟာ ပျောက်ကွယ်ဖွယ်ရှိနေ

မော်လမြိုင်၊ ၃၀ အောက်တိုဘာ ၂၀၁၆ ၁၉၇၀ ခုနှစ်ကနစပြီး တွက်ချက်မှုတွေအရ ကျောရိုးရှိ သတ္တ၀ါအရေအတွက်ဟာ ၆၇%သာ ရှိတော့တာဖြစ်ပြီး ဒီလိုဖြစ်လာတာရဲ့ အဓိကအချက်ကတော့ လူသားတွေကြောင့် ဖြစ်ပါတယ်တဲ့။ လူသားတွေကြောင့် လျော့ပါးလာတဲ့ အရေအတွက်တွေထဲမှာ တောရိုင်းတိရိစ္ဆာန်တွေလဲ ပါပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေရဲ့ သုံးပုံနှစ်ပုံဟာ ၂၀၂၀ ခုနှစ်လောက်ဆိုရင် ပျောက်ကွယ်သွားတော့မယ်လို့ အစီရင်ခံစာ အသစ်တစ်ခုက ဖော်ပြထားပါတယ်။ ကျွမ်းကျင်လေ့လာသူတွေရဲ့ အဆိုအရ ၁၉၇၀ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ တောရိုင်းတိရိစ္ဆာန်အရေအတွက်ဟာ ၅၈% အထိလျော့ကျလာပြီး ၂၀၂၀ ခုနှစ်မှာတော့ ၆၇% ထိလျော့ကျသွားမှာဖြစ်ပါတယ်။ အခုလို မျိုးတုံးပျောက်ကွယ်သွားမယ့် စာရင်းထဲမှာ တော၊ တောင်၊ မြစ် နဲ့ ပင်လယ်ထဲမှာ ကျက်စားကြတဲ့ သတ္တ၀ါတွေဖြစ်ကြတဲ့ ဆင်၊ လူဝံ ၊ လင်းတနဲ့ ကင်းလိပ်ချောတွေလဲ … Continue reading ၂၀၂၀ ခှုနှစ်မှာ တောရိုင်းတိရိစ္ဆာန်တွေရဲ့ သုံးပုံနှစ်ပုံဟာ ပျောက်ကွယ်ဖွယ်ရှိနေ

Toothache သွားကိုက်ခြင်း

မော်လမြိုင်၊ ၃၀ အောက်တိုဘာ ၂၀၁၆ ၁။ ဆရာခင်ဗျာ ကျွန်တော့်အမေမှာ သွားကိုက်ဝေဒနာခံစားနေရလို့ပါ။ အသက်က ၇၅နှစ်ပါ။ အံသွားနှစ်ချောင်းအလယ်မှာ သွားပိုးစားနေတာ နည်းနည်းကြီးပါတယ်။ အသက်ကြီးတော့ သွားနှုတ်ရင် အဆင်ပြေမလားဆရာ။ ဒါမှမဟုတ် ဆေးနည်းလေးများပြောပြပေးစေချင်ပါတယ်ဆရာ။ ကျေးဇူးပါ။ ၂။ ဆရာရှင့် သမီးအသက် ၂၂ နှစ်ပါ။ ညာဘက်အံဆုံးပေါက်နေပါတယ်။ သမီးအံဆုံးပေါက်တဲ့မေးရိုအောက်က နာနေပြီး နားထင်လဲဆွဲဆုတ်ခံရသလို ခေါင်းတွေနောက်နေပါတယ်။ နားကလဲနားကြပ်တပ်ပြီးနားထောင်ရင် ကိုက်တာလားတော့ မသိဘူး၊ သိပ်မခံနိုင်ဘူး။ ဇာတ်ကြောတွေလဲတက်ပါတယ်။ ညာဘက်တခြမ်းလုံးဖြစ်တာပါ။ အဲ့တာသွားကြောင့် ဖြစ်တာလား နားကြောင့်ဖြစ်တာလားရှင့်။ ဖြစ်နေတာ ၁ လပြည့်တော့မယ်။ ပိုဆိုးလာတယ် ကူညီပေးပါဆရာ။ ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။ ၃။ မင်္ဂလာပါဆရာ။ သမီးအသက်က ၂၄နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ သမီး သွားပေါက်တာ အရမ်းခံစားရလို့ပါဆရာ။ သွားက ညာဘက်အပေါ်နောက်ဆုံးက … Continue reading Toothache သွားကိုက်ခြင်း

အောက်တိုဘာ(၃၀)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ အောက်တိုဘာ ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့်‌ ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း‌ဒေသကြီးနှင့် … Continue reading အောက်တိုဘာ(၃၀)ရက်နေ့ မိုးလေဝသခန့်မှန်းချက်