ဘူးခွံထဲမှာတင် မီးကျွမ်းပြီး ရောက်လာတဲ့ iPhone 7

This slideshow requires JavaScript.

မော်လမြိုင်၊ ၃၀ စက်တင်ဘာ ၂၀၁၆

ကမ္ဘာပေါ်မှာ စမတ်ဖုန်းတွေကို ဦးဆောင်ထုတ်လုပ်နေတဲ့ စမတ်ဖုန်းကုမ္ပဏီတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ပုံတူလိုက်လုပ်ရတာကို မရပ်နိုင်ကြဘူးထင်ပါရဲ့။ Apple ကို ပုံတူလိုက်လုပ်တယ်လို့ နာမည်ကြီးနေတဲ့ Samsung ရဲ့ Galaxy Note 7ဖုန်းတွေမှာ ဘက်ထရီပြဿနာကြောင့် ပေါက်ကွဲမှုတွေဖြစ်လို့ ဖုန်းတွေ ပြန်သိမ်းတာနဲ့ ငွေပြန်အမ်းတာတွေ လုပ်နေရတဲ့သတင်းတွေထွက်လာတာမှ သိပ်မကြာသေးဘူး။ အခုလဲ iPhone 7 ဟာ ပစ္စည်းပေးပို့တဲ့အချိန်မှာ မီးလောင်ကျွမ်းသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ပုံမှာ ပြထားတဲ့ ဖုန်းဟာ Reddit မှာ တင်ထားတဲ့ပုံတွေပါ။ ဘူးခွံမှာ အနည်းငယ်ပျက်စီးနေပေမယ့် iPhone 7 ဆိုတာတော့ သေချာနေတဲ့ ဖုန်းတစ်လုံးဟာ စက်ရုံနဲ့ သုံးစွဲသူဆီ ပစ္စည်းပေးပို့နေတဲ့အချိန်အတွင်းမှာ ပေါက်ကွဲသွားတယ်လို့ Redditor Kroopthe Snoop က ဆိုပါတယ်။

“ဒီလိုဖြစ်ရတာဟာ သံသယဖြစ်စရာကောင်းပြီး ဒီပို့ စ်မျိုးရဲ့ ဥပဒေကြောင်းအရ သေချာမှ မရှိနိုင်ပါဘူး။ လူတစ်ယောက်ရဲ့ ဂျစ်ကားမှာ မီးလောင်မှုကြောင့် Galaxy Note 7 ဟာ အပြစ်တင်ခံရတယ်ဆိုပေမယ့် ဒီဖုန်းမှာတော့ မီးလောင်ပြီး ဘူးက အကောင်းပကတိကျန်နေခဲ့တာပါ။ ကျွန်တော်ဖြင့် ဝယ်ဖို့ မသေချာပါဘူး။ ဒီအတိုင်းတကယ်ဖြစ်တယ်ဆိုရင်တောင်မှ ဒီဖုန်းတွေကို Apple အနေနဲ့အကြီးအကျယ် ပြန်သိမ်းဆည်းဖို့ ဆိုတာကိုတော့ သံသယဖြစ်မိပါတယ်။” လို့ သူက ဆိုပါတယ်။

Mawlmyine Daily

Ref: Dailymail

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s