Samsung Note 7 ဖုန်းတွေ လေယာဉ်ပေါ် သယ်ဆောင်ခွင့်ကန့်သတ်

14520359_10207415051835375_3334739153604732615_n

မော်လမြိုင်၊ ၂၉ စက်တင်ဘာ ၂၀၁၆

Samsung Note 7 ကို လေယာဉ်ပေါ်သယ်ဆောင်ခွင့်ကန့်သတ်ချက်ကို ရန်ကုန်လေဆိပ်မှာ ဆိုင်းဘုတ်ထောင်ကြေညာထားပါတယ်။ Note 7 ကို ခရီးဆောင်အိတ်တွေထဲမှာ ထည့်သွင်းသယ်ဆောင်ခြင်းမပြုဖို့လည်း ညွှန်ကြားစာထုတ်ထားတယ်ပါသေးတယ်။ Note 7 ကိုင်ဆောင်လာခဲ့မယ်ဆိုရင် တစ်စစီ ဖြုတ်ပြီး လက်ကိုင်အနေနဲ့သာ ကိုင်ဆောင်ခွင့်ရှိပါတယ်။ အခုဆိုရင် လေယာဉ်ပေါ်ကို Note 7 သယ်ဆောင်ခြင်းမပြုဖို့အတွက် လေကြောင်းလိုင်းအားလုံးကို ညွှန်ကြားထားတာဖြစ်ပြီးတော့ တားမြစ်ချက်ညွှန်ကြားစာကို လေဆိပ်မှာရှိတဲ့ ကောင်တာတွေမှာ စာဖြန့်ဝေထားတယ်လို့ သိရပါတယ်။ Note 7 ကတော့ ထုတ်လုပ်ဖြန့်ချိပြီး မကြာခင်မှာ ဘက်ထရီအပူလွန်ကဲတဲ့ ပြဿနာကြောင့် ကုမ္ပဏီကို ပြန်လည်အပ်နှံဖို့ တောင်းဆိုခံထားရတဲ့ ဟန်းဆက်အမျိုးအစားလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Note 7 ဟန်းဆက်အလုံးရေ ဘယ်လောက်အထိ ရောင်းချထားတယ်ဆိုတာကတော့ Samsung က ထုတ်ဖော်မပြောပါဘူး။

Mawlamyine Daily

Photo- Aung Win Htut’s Facebook

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s