ဘူးခွံထဲမှာတင် မီးကျွမ်းပြီး ရောက်လာတဲ့ iPhone 7

မော်လမြိုင်၊ ၃၀ စက်တင်ဘာ ၂၀၁၆ ကမ္ဘာပေါ်မှာ စမတ်ဖုန်းတွေကို ဦးဆောင်ထုတ်လုပ်နေတဲ့ စမတ်ဖုန်းကုမ္ပဏီတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ပုံတူလိုက်လုပ်ရတာကို မရပ်နိုင်ကြဘူးထင်ပါရဲ့။ Apple ကို ပုံတူလိုက်လုပ်တယ်လို့ နာမည်ကြီးနေတဲ့ Samsung ရဲ့ Galaxy Note 7ဖုန်းတွေမှာ ဘက်ထရီပြဿနာကြောင့် ပေါက်ကွဲမှုတွေဖြစ်လို့ ဖုန်းတွေ ပြန်သိမ်းတာနဲ့ ငွေပြန်အမ်းတာတွေ လုပ်နေရတဲ့သတင်းတွေထွက်လာတာမှ သိပ်မကြာသေးဘူး။ အခုလဲ iPhone 7 ဟာ ပစ္စည်းပေးပို့တဲ့အချိန်မှာ မီးလောင်ကျွမ်းသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပုံမှာ ပြထားတဲ့ ဖုန်းဟာ Reddit မှာ တင်ထားတဲ့ပုံတွေပါ။ ဘူးခွံမှာ အနည်းငယ်ပျက်စီးနေပေမယ့် iPhone 7 ဆိုတာတော့ သေချာနေတဲ့ ဖုန်းတစ်လုံးဟာ စက်ရုံနဲ့ သုံးစွဲသူဆီ ပစ္စည်းပေးပို့နေတဲ့အချိန်အတွင်းမှာ ပေါက်ကွဲသွားတယ်လို့ Redditor Kroopthe … Continue reading ဘူးခွံထဲမှာတင် မီးကျွမ်းပြီး ရောက်လာတဲ့ iPhone 7

စက်တင်ဘာ(၃၀)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ စက်တင်ဘာ ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးလျော့နည်းနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် … Continue reading စက်တင်ဘာ(၃၀)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Food allergy အစာနဲ့မတည့်ခြင်း

မော်လမြိုင်၊ ၃၀ စက်တင်ဘာ ၂၀၁၆ ဆရာခင်ဗျာ့ လူနာကအမျိုးသမီးပါ။ အသက် ၃၆။ ယခင်က ပင်လယ်စာနှင့်ကြက်သား၊ အမဲသားစားလျှင်ဘာမှ မဖြစ်ပါ။ ယခု ၄ လ အတွင်း ၆ ကြိမ် လောက်အတွင်း အဲတွေစားပြီးလျှင် အသက်ရှုကြက်လာပြီး မျက်ရည်များကြလာပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မဖြေခင် စာရေးတာကို ပြောပါရစေ။ ဆရာလုပ်ချင်လို့ မဟုတ်ပါ။ (အဲတွေ) လို့ရေးတာကို စဉ်းစားရခက်။ အစားအကြောင်း မေးတာဖြစ်လို့ ဘဲတွေလို့ရေးတာ မှားရိုက်မိသလားလို့ပါ စဉ်းစားနေရတယ်။ အဲတာတွေလို့သာ ရေးသင့်တယ်။ အသက်ရှူကြပ်လို့ ရေးသင့်တယ်။ မျက်ရည်ကျလို့ ရေးသင့်တယ်။ (ကျွန်တော့်ဒီစာကိုလည်း ပြန်မစစ်အားသေးလို့ စာရိုက်မှားတာ၊ သတ်ပုံမှားတာတွေ ရှိနိုင်ပါတယ်။ ဆောရီး) အစားအစာစားပြီး တခုခုဖြစ်လာရင် စားခဲ့တာနဲ့ မတည့်သလား စဉ်းစားသင့်။ မတည့်တာ … Continue reading Food allergy အစာနဲ့မတည့်ခြင်း

Samsung Note 7 ဖုန်းတွေ လေယာဉ်ပေါ် သယ်ဆောင်ခွင့်ကန့်သတ်

မော်လမြိုင်၊ ၂၉ စက်တင်ဘာ ၂၀၁၆ Samsung Note 7 ကို လေယာဉ်ပေါ်သယ်ဆောင်ခွင့်ကန့်သတ်ချက်ကို ရန်ကုန်လေဆိပ်မှာ ဆိုင်းဘုတ်ထောင်ကြေညာထားပါတယ်။ Note 7 ကို ခရီးဆောင်အိတ်တွေထဲမှာ ထည့်သွင်းသယ်ဆောင်ခြင်းမပြုဖို့လည်း ညွှန်ကြားစာထုတ်ထားတယ်ပါသေးတယ်။ Note 7 ကိုင်ဆောင်လာခဲ့မယ်ဆိုရင် တစ်စစီ ဖြုတ်ပြီး လက်ကိုင်အနေနဲ့သာ ကိုင်ဆောင်ခွင့်ရှိပါတယ်။ အခုဆိုရင် လေယာဉ်ပေါ်ကို Note 7 သယ်ဆောင်ခြင်းမပြုဖို့အတွက် လေကြောင်းလိုင်းအားလုံးကို ညွှန်ကြားထားတာဖြစ်ပြီးတော့ တားမြစ်ချက်ညွှန်ကြားစာကို လေဆိပ်မှာရှိတဲ့ ကောင်တာတွေမှာ စာဖြန့်ဝေထားတယ်လို့ သိရပါတယ်။ Note 7 ကတော့ ထုတ်လုပ်ဖြန့်ချိပြီး မကြာခင်မှာ ဘက်ထရီအပူလွန်ကဲတဲ့ ပြဿနာကြောင့် ကုမ္ပဏီကို ပြန်လည်အပ်နှံဖို့ တောင်းဆိုခံထားရတဲ့ ဟန်းဆက်အမျိုးအစားလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Note 7 ဟန်းဆက်အလုံးရေ ဘယ်လောက်အထိ ရောင်းချထားတယ်ဆိုတာကတော့ Samsung … Continue reading Samsung Note 7 ဖုန်းတွေ လေယာဉ်ပေါ် သယ်ဆောင်ခွင့်ကန့်သတ်

မိတ်အင် ရွာလွတ်(Made in Ywalut)

မော်လမြိုင်၊ ၂၉ စက်တင်ဘာ ၂၀၁၆ မော်လမြိုင်မြို့ ကမ်းနားလမ်းက ဘီးလူးကျွန်းသွား စက်တပ် သပ္ဗာန် ကူးတို့ဆိပ်မှ နာရီဝက် နီးပါး စက်လှေစီးပြီး သံလွင်မြစ်ကိုဖြတ်ကူးလို့။ ဘီးလူးကျွန်းဘက် ဆိပ်ကမ်းရောက်ရင်တော့ အငှားကား၊ဆိုင်ကယ်တွေနဲ့ ၄၅ မိနစ်နီးပါး ခရီးနှင်မယ်ဆိုရင် ရွာလွတ်ကျေးရွာကိုရောက်မှာပါ။ ရွာလွတ်ကျေးရွာဆိုတာ ကိုလိုနီခေတ်ကာလတွေကတည်းက လက်မှုပညာ ထွန်းကားတဲ့ အရပ်ဒေသအနေနဲ့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ အရပ်ဒေသဖြစ်ခဲ့တာပါ။ မြန်မာ့သမိုင်းမှာ ဆေးတံအစ ရွာလွတ်ကလို့ ပြောရလောက်အောင် ဆေးတံလုပ်ငန်းကို တရွာလုံးနီးပါးလုပ်ကိုင်ခဲ့ကြတဲ့ ရွာလေးပါ။အရင်ခေတ်တွေတုန်းက နိုင်ငံတကာကို တင်ပို့ခဲ့ရသည် အထိ ဆေးတံလုပ်ငန်းတွင်ကျယ်ခဲ့ပေမယ့် ခုနှောက်ပိုင်းမှာ တစတစနဲ့ ဆေးတံလုပ်ငန်းဆိုတာ လက်ဆင့်ကမ်းလုပ်ကိုင်မယ့် မျိုးဆက်၊ဈေးကွက် ဖန်းတီးမှု၊နိုင်ငံတော်မှ ကူညီပံ့ပိုးမှုတွေအားနည်း လာခဲ့တော့ ဆေးတံလုပ်ငန်းဆိုတာ ပျောက်ကွယ်တော့မှာပါ။ အသက် (၆၈)နှစ်အရွယ် မွန်တိုင်းရင်းသား ဦးမန်းငွေဝင်း ကတော့ မိဘမျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ … Continue reading မိတ်အင် ရွာလွတ်(Made in Ywalut)

“နာဖျားခြင်းသီအိုရီ”

မော်လမြိုင်၊ ၂၉ စက်တင်ဘာ ၂၀၁၆ (ကဗျာ) ငါ့ဦးနှောက်ထဲ ဆူညံနေကြတာ ဘာကောင်တွေလဲ ထိုင်လို့လည်းမရ ထလို့လည်းမရ အိပ်နေတော့လည်း စိတ်ကူးတွေကျိုးတယ် နားထောင်နေကြသီချင်းတွေက key မဝင်တော့ဘူး သောက်နေကြပေါ့ကျက အချိုလေးနေ ခေါင်းတစ်ခုလုံးနဲ့ ဟောဒီလဟာပြင်ကြီးကိုထမ်းပိုးထားရ ငါ ပင်ပန်းလှပြီ တဖျစ်ဖျစ်နဲ့ အသံမမြည်အောင် ကိုက်နေကြတဲ့ကောင်တွေ ဘာကောင်တွေလဲဟ အသား ပေါ်စပ်ဖျင်းဖျင်း အသွေးပေါ်စပ်ဖျင်းဖျင်း အကြောတွေပေါ်နင်းလာရင်း အရိုးသားတွေကို ကိုက်ထားရင်း ငါ့စိတ်နဲ့ ငါ့ကိုယ်ကို ဒင်းတို့ရန်တိုက်ပေးနေတာပဲ သည်းမခံနိုင်တော့ဘူး အားးးး။ ။ ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily