Xiaomi ရဲ့ GPS နဲ့ စမတ်နာရီ မိတ်ဆက်

xiaomi-amazfit

မော်လမြိုင်၊ ၃၁ သြဂုတ် ၂၀၁၆

အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတွေကြောင့် ဈေးကွက်ထဲမှာ နေရာရလာတဲ့ Xiaomi ဟာ စမတ်ဖုန်းအပြင် Tablet တွေ Fitness tracker တွေနဲ့ Drone တွေအပြင် အီလက်ထရောနစ်ပစ္စည်းတော်တော်များများကို ထုတ်လုပ်ပါတယ်။ အခုလဲ Xiaomi ရဲ့ နောက်ဆုံးထုတ်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Amazfit လို့ နာမည်ပေးထားတဲ့ GPS နဲ့ စမတ်နာရီကို မိတ်ဆက်လိုက်ပါပြီ။

ဒီနှစ်အစောပိုင်းမှာတုန်းက Xiaomi က ကလေးတွေ အတွက် စမတ်နာရီတွေကို ထုတ်လုပ်ခဲ့ပါတယ်။ အခုတော့ လူကြီးတွေအတွက် စမတ်နာရီ Amazfit ကို မိတ်ဆက်လိုက်တာပါ။ ဒီစမတ်နာရီရဲ့ နည်းပညာပိုင်းကို Xiaomi ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Huami က ပြုလုပ်ထားတာပါ။ အခုလက်ရှိမှာတော့ တရုတ်နိုင်ငံဈေးကွက်အတွက်ပဲ ထုတ်လုပ်ထားသေးတဲ့ ဒီစမတ်နာရီဟာ သူ့ရဲ့ကိုယ်ပိုင် OS နဲ့ အလုပ်လုပ်နိုင်ပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီးအသုံးပြုချင်တယ်ဆိုရင်လဲ Mii Fit App ကနေတဆင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

ဒီစမတ်နာရီမှာ ကမ္ဘာ့ပထမဆုံး 28nm GPS sensor ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Alipay ကတဆင့် Mobile Payment တွေကိုလဲ လုပ်ဆောင်နိုင်မှာပါ။ မျက်နှာပြင်အကျယ် ၁.၃၄ လက်မရှိပြီး Resolution ကတော့ 300×300 ပါ။ Processor 1.2 Ghz ဖြစ်ပြီး RAM ကတော့ 512MBပါ။ Memory 4GB ရှိပြီး နှလုံးခုန်နှုန်းတိုင်းတဲ့ sensor လဲ ပါရှိပါတယ်။ ရေနဲ့ ဖုန်ဒဏ် ခံနိုင်တဲ့ IP57 နဲ့ ဘက်ထရီကတော့ 200 mAh ဖြစ်ပါတယ်။ ဘက်ထရီအပြည့်သွင်းထားမယ်ဆိုရင် ၅ရက်လောက်ခံနိုင်မှာဖြစ်ပြီး GPS ဖွင့်ထားမယ်ဆိုရင်တော့ နာရီ ၃၀ ခံနိုင်မှာဖြစ်ပါတယ်။

Xiaomi ရဲ့ Amazfit စမတ်နာရီလေးရဲ့ ဈေးနှုန်းကို ဒေါ်လာ ၁၂၀ ခန့် နဲ့ဒီနေ့ မိတ်ဆက်လိုက်တာပါ။

Mawlamyine Daily

Ref: Androidauthority

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s