၁၀နှစ်အတွင်း အာဖရိက ဆင်ကောင်ရေ သုံးပုံတစ်ပုံ လျော့ကျလာ

This slideshow requires JavaScript.

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆

အာဖရိကတိုက်မှာရှိတဲ့ ဆင်ကောင်ရေကို ကောက်ယူခဲ့တာမှာ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာ ဆင်ကောင်ရေ တစ်သိန်းလေးသောင်းလေးထောင်လောက် အသတ်ခံခဲ့ရတာကြောင့် ဆင်ကောင်ရေ သုံးပုံတစ်ပုံလျော့သွားတယ်လို့ ဆင်သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။

ဆင်သန်းခေါင်စာရင်းကို အာဖရိကနိုင်ငံပေါင်း ၁၈နိုင်ငံက အချိန်၂နှစ်ယူပြီး ကောက်ယူခဲ့တာလဲဖြစ်ပါတယ်။ အခုနှုန်းနဲ့သာ ဆင်တွေသတ်ဖြတ်ခံနေရဦးမယ်ဆိုရင် အာဖရိကတိုက်ရဲ့ လက်ကျန်ဆင်ကောင်ရေ လေးသိန်းသုံးသောင်းထဲက တစ်ဝက်လောက်ဟာ လာမယ့် ၁၀နှစ်အတွင်း အသတ်ခံရဖို့ ရှိနေတာတယ်လို့ စစ်တမ်းကောက်ယူသူတွေက ခန့်မှန်းထားကြပါတယ်။

အာဖရိကနိုင်ငံတ၀ှမ်းမှာ ခေတ်မီလက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ပြီး နိုင်ငံတကာ ဈေးကွက်နဲ့ အဆက်အသွယ်ရှိတဲ့ ဂိုဏ်းတွေက ဆင်တွေကို ခိုးယူသတ်ဖြတ်နေတာကြောင့် ဆင်တွေမျိုးတုံးမယ့် အရေးနဲ့ရင်ဆိုင်နေရပါတယ်။ ဆင်စွယ်လိုချင်တာကြောင့် ဂိုဏ်းဖွဲ့ ခိုးယူသတ်ဖြတ်တာတွေကို ထိရောက်အောင် မတားနိုင်ဘူးဆိုရင် လာမယ့် ၁၀နှစ်အတွင်း အာဖရိဆင်တွေ မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့လဲ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာက ရှိခဲ့တဲ့ ဆင်ကောင်ရေနဲ့ ယှဉ်ရင် အာဖရိကတိုက်မှာ ဆင်ကောင်ရေ ၁၀ရာခိုင်နှုန်းပဲ ကျန်တော့တယ်လို့ သုတေသီတွေက ဆိုပါတယ်။

Mawlamyine Daily

Ref: CNN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s