“အိပ်မက်ပျက်သူ”

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆

(ကဗျာ)

 

‘ခွမ်း’ ခနဲ….

ချောကလက်ရောင် ဖိနပ်လေး

ဖြတ်လျှောက်သွားပြီးတဲ့နောက်မှာ

ကျကွဲသွားရတဲ့ ကျနော်ဟာဖန်ခွက်လေးတစ်ခုပေါ့

တကယ်ဆို..

သူကြိုက်တဲ့ ပေါင်မုန့်တွေကို

သူအမြတ်တနိုးစားနေတဲ့အချိန်တိုင်း

သူ့နှုတ်ခမ်းပေါ်က အမှတ်တမဲ့

ကျသွားခဲ့တဲ့ ပေါင်မုန့်အစအနတွေအတိုင်း

ကျနော်ဟာ ဘေးထွက်ပစ္စည်းဖြစ်ခဲ့

စိတ်မပျက်ခဲ့ဘူး ရှယ်လီ

ခပ်ဝေးဝေးမှာနေနေပေမယ့်

ကျနော့်မြတ်နိုးမှုဟာ

ရှယ်လီရဲ့ဝင်သက်ထွက်သက်တိုင်းမှာရှိတယ်

ဆုတောင်းချက်တိုင်းမပြည့်ဝခဲ့လည်း

ကျနော့်အိပ်မက်ထဲအလည်လာပေးနေတဲ့အတွက်ကျေနပ်ပါတယ်

ဝိုင်တစ်ခွက်ရဲ့ အနုပညာထဲမှာ

ဆိုခဲ့ဖူးတဲ့ သီချင်းတွေရှိရင်

တဆိတ်လောက် ခံစားခွင့်ပြုပါ

ရှယ်လီရဲ့ ဂီတအတွက်

ဂစ်တာလေးတစ်လက်ဖြစ်ပေးပါရစေ

စိတ်ချပါ..

သူစိတ်တိုင်းကျ

သူ့နေထိုင်မှုစရိုက်နဲ့

သူ့ရဲ့လွတ်လပ်မှုအခင်းကျင်းထဲ

ချစ်ခြင်းရဲ့ဘာသာစကားကို

ချရေးကြည့်ဖို့

ကျနော် ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး

ကျနော်က

အိပ်မက်ပျက်သူ..။ ။

 

ဂိုးဂိုး(မောရမြိုင်)

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s