စမတ်ဖုန်းတွေ အစစ်လား အတုလား ဘယ်လိုခွဲမလဲ

This slideshow requires JavaScript.

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆

အခုခေတ်မှာ စမတ်ဖုန်း အတုတွေ တော်တော် ပေါပါတယ်။ ဒီတော့ အစစ်နဲ့ အတုကို ဘယ်လိုခွဲမလဲဆိုတဲ့ နည်းလေးကို မျှဝေပေးချင်ပါတယ်။ နည်းလမ်းကတော့ အရမ်းကို လွယ်ကူရိုးရှင်းပါ။ Android ပဲ ဖြစ်ဖြစ် iOS ပဲဖြစ်ဖြစ် ဒီနည်းကိုသုံးပြီး ခွဲခြားလို့ရပါတယ်။

ဒါကတော့ ဖုန်းရဲ့ IMEI နံပါတ်နဲ့ ခွဲခြားတဲ့နည်းပါ။ ပထမဆုံးလုပ်ရမှာက ဖုန်းရဲ့ IMEI နံပါတ်ကိုသိဖို့ပါ။ IMEI နံပါတ်ကို *#06# ကို နှိပ်ပြီး ကြည့်နိုင်သလို ဖုန်းရဲ့ ဘက်ထရီ အနောက်မှာလဲ ကြည့်နိုင်ပါတယ်။ ဘက်ထရီ အသေဖုန်းတွေဆိုရင်လဲ ဘက်ထရီပေါ်မှာ ကပ်ထားပေးတတ်ပါတယ်။

IMEI နံပါတ်ရပြီဆိုရင်တော့ http://www.imei.info/ ကိုသွားပါ။ ကျလာတဲ့ Web page မှာ Enter IMEI ဆိုတဲ့ နေရာမှာ ကိုယ့်ဖုန်းရဲ့ IMEI နံပါတ်ကို ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် Check ဆိုတာကိုနှိပ်ပါ။ Information about your phone ဆိုပြီး ကျလာပါလိမ့်မယ်။ အဲဒီမှာ ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေ ကိုတွေ့ရပါမယ်။

အတုအစစ်ခွဲဖို့ ကိုယ်ရိုက်ထည့်လိုက်တဲ့ ဖုန်းဟာ iPhone 6 ဆိုရင် Information about your phone ဆိုတဲ့နေရာမှာ IPhone 6 ဆိုပြီး ပေါ်လာပါမယ်။ Samsung Galaxy Note 7 ဆိုလဲ Galaxy Note 7 လို့ ပြမှာပါ။ ကိုယ့်ဖုန်းအမျိုးအစားအမှန်မဟုတ်ဘဲ Sony တွေ HTC တွေ Nokia တွေ စတဲ့ ကိုယ့်ဖုန်းအမျိုးအစားအမဟုတ်တဲ့ Model တွေ ပြနေပြီဆိုရင်တော့ ကိုယ်စစ်လိုက်တဲ့ဖုန်းဟာ အတုပါ။ အမှန်တိုင်းပြနေတယ်ဆိုရင်တော့ အစစ်လေးပေါ့။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s