ကိုဖီအာနန်ကိစ္စကို နိုင်ငံတကာ သတင်းမီဒီယာတွေက မဘသ Facebook Page အတုကို ကိုးကားပြီးသတင်းဖော်ပြနေကြ

14141814_1765223550415761_8954929434288290519_n

မော်လမြိုင်၊ ၃၁ သြဂုတ် ၂၀၁၆

မဘသ မန္တလေးတိုင်း Facebook Page( https://www.facebook.com/mabatha.mandalay ) က သြဂုတ်လ ၂၈ရက်နေ့က ဟောလိဝုဒ်ရုပ်ရှင်မင်းသား မော်ဂန်ဖီရီးမင်း ပုံကို သုံးပြီး ကိုဖီအာနန် အလိုမရှိ သရုပ်ပျက်ကုလားအခုထွက်သွား We No Need Coffee Annan He Go Away ဆိုပြီး အနီရောင် ကြက်ခြေခတ် ခတ်ထားတဲ့ပုံကို Washintongton Post နဲ့ New York Times သတင်းဌာနတွေ သြဂုတ်လ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။

နိုင်ငံတကာသတင်းစာမျက်နှာတွေက ဒီသတင်းကို ရေးသားဖော်ပြပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလဲ အပြန်အလှန်ပြောဆိုရေးသားနေတာတွေ ရှိခဲ့ပါတယ်။

ဒီ Post တင်တဲ့ မဘသ Page ဟာ မန္တလေးတိုင်း မဘသ အဖွဲ့ရဲ့ တရားဝင် Page မဟုတ်ပါဘူးလို့ မန္တလေးတိုင်း မဘသ အဖွဲ့ရဲ့ တရားဝင် Page ကို ကိုင်တဲ့ ဆရာတော် ၁၁ ပါးထဲက ဆရာတော် ဦးပညာသာမိ က Mawlamyine Daily ကို အခုလိုပြောပါတယ်။

“အဲဒီ Page ကို ဦးဇင်းတို့က လွန်ခဲ့တဲ့ သုံးလကတည်းက အတုပါလို့ ဦးဇင်းတို့ မန္တလေးတိုင်း မဘသ အဖွဲ့ရဲ့ တရားဝင် Page မှာ ကြေညာထားပြီးသားပါ။ အခုလို နိုင်ငံတကာ သတင်းမီဒီယာတွေက သေချာ မစုံစမ်းဘဲ ဖော်ပြလာပြီဆိုတော့ ဦှးဇင်းတို့အနေနဲ့ကလဲ ဒီတစ်ရက်နှစ်ရက်အတွင်း အစည်းအဝေးထိုင်ပြီး အတုဖြစ်ကြောင်း စာထုတ်ပြီး အဲဒီသတင်းဌာနတွေကို ပေးပို့သွားပါမယ်။ ဦးဇင်းတို့ Page အစစ်တွေကိုလဲ တရားဝင်ထုတ်ပြန်သွားပါမယ်။ ဦးဇင်းတို့ Page အစစ်က https://www.facebook.com/centralpatrioticassociation.mabatha ပါ။”

Washintongton Post နဲ့ New York Times သတင်းဌာနတွေမှာ အသုံးပြုခဲ့တဲ့ ကိုဖီအာနန် သတင်းဟာ AP သတင်းကို ယူသုံးထားတာကြောင့် မူရင်း သတင်းရေးသားတဲ့ AP သတင်းဌာနရဲ့ မြန်မာနိုင်ငံသတင်းထောက်ကို Mawlamyine Daily က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ “ဘီဂျေ နမ်ဘီယား (ယခင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး) လာတုန်းကလဲ အဲလိုပဲ သူတို့တင်ပြီးတော့ မဟုတ်ဘူးလို့ပြန်ပြောတာမျိုးလဲရှိတယ်ပေါ့။ မဘသကလဲ မနေ့က ကျွန်မဖုန်းဆက်တာ ဘယ်သူမှ ဖုန်းမကိုင်ဘူး။ ဒီသတင်းကို ဘန်ကောက်က အယ်ဒီတာတွေက ရေးတာပါ။ ကျမက ဒီဘက်က နေ Check ပဲပြန်လုပ်ပေးတာ။ သူတို့ ဘက်က 100% အတုပါဆိုတာပြောဖို့ Official Letter ပို့နိုင်တယ်ဆိုရင်တော့ ကျမတို့ ဘက်က ပြန်ပြီး Shutdown လုပ်ပေးလို့ ရပါတယ်။” လို့ ပြောပါတယ်။

သြဂုတ်လ ၂၄ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင် ဖွဲ့စည်းပေးလိုက်တာဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်မယ့် ရခိုင် အကြံပေးကော်မရှင် မှာ နိုင်ငံ တကာက ပုဂ္ဂိုလ် ၃ဦး၊ ပြည်တွင်းက ပုဂ္ဂိုလ် ၆ဦးနဲ့ ဖွဲ့စည်းထားတာပါ။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s