လုပ်ငန်းအပ်သူနဲ့ လုပ်ငန်းလက်ခံသူကြား စာချုပ်ချုပ်တဲ့အပိုင်းမှာ တော်တော် လေးလျော့ရဲ

This slideshow requires JavaScript.

မော်လမြိုင်၊ ၁၂ သြဂုတ် ၂၀၁၆
(အင်တာဗျူး)

ဒီရေအတက် နေ့တွေရောက်ရင် မော်လမြိုင်မြို့ က ကမ်းနားလမ်းမှာ သံလွင် မြစ်ရေ လျှံလို့ လမ်းပေါ်ရေကျော်နေတာကိုမြို့ခံပြည်သူတွေ မြင်တွေ့မိကြမှာပါ။

အဆိုပါ မော်လမြိုင်တိုးချဲ့ ကမ်းနားလမ်းကို ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီမှ ကမ်းနားလမ်းဖောက် လုပ်ဖို့ တင်ဒါခေါ်ယူခဲ့တာဖြစ်ပြီး၊တင်ဒါလျှောက်သူ ကုမ္မဏီ ၅ ခုထဲက စုန်ရေဆောက်လုပ် ရေးကုမ္မဏီကို လုပ်ကို်င်ခွင့်ပေးခဲ့တာပါ။

(၄၆၅၀) ပေရှည်ပြီး၊(၅၆) ပေကျယ်တဲ့ တိုးချဲ့ကမ်းနားလမ်း အဆင့်(၆) စီမံကိန်း ကို စုန်ရေကုမ္မဏီမှ သိန်းပေါင်း ၆ သောင်းကျော် ရင်းနှီးမြုပ်နှံဖောက် လုပ်ခဲ့ တာဖြစ်ပြီး ၊ကမ်းနားလမ်းဖောက်လုပ်လို့ ပေါ်ထွက်ရှိလာမယ့် မြေတွေကို ကုမ္မဏီကရရှိမှာပါ။အပြန်အလှန်အားဖြင့် ကုမ္မဏီမှ မွန်ပြည်နယ် စည်ပင်သာ ယာရေးကော်မတီကို ငွေကျပ်သိန်းပေါင်း ၂၅၀၀၀ နဲ့ မြေ ၁.၅ ပေးဖို့ သဘောတူ စာချုပ်ချုပ်ဆိုထားခဲ့တာပါ။

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ စုန်ရေကုမ္မဏီမှ စာချုပ်ပါ သဘောတူညီ ချက်တွေကို လျှော့ပေါ့ပေးဖို့ စည်ပင်ကော်မတီထံတင်ပြလာချိန်မှာတော့ ကော်မတီက ခွင့်ပြုလိုက်ပြီး နောက်မှတော့ အဆိုပါစီမံကိန်းကို မွန်ပြည် နယ်လွှတ်တော်က ပြန်လည်လေ့လာ စီစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး လေ့လာသုံး သပ်ဖို့ အတည်ပြုခဲ့ရပါတော့တယ်။

မော်လမြိုင် တိုးချဲ့ကမ်းနားလမ်း အဆင့်(၆)စီမံကိန်း ပြန်လည်လေ့လာစီစစ်ရေး အဖွဲ့ ရဲ့ လေ့လာ၊တွေ့ရှိ၊သုံးသပ်ချက်တွေနဲ့ပက်သက်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်သူ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦး ကို Mawlamyine Daily မှတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

MD – ကမ်းနားလမ်း ပြန်လည်စီစစ်ရေး နဲ့ပက်သက်ပြီး လက်ရှိအခြေအနေကို ရှင်းပြပေးပါခင်ဗျား။

ANO – ပြီးခဲ့တဲ့ အရင် ၅ နှစ်မှာတုန်းက ၁၁ ကြိမ်ပုံမှန်အစည်းအဝေးမှာပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ ကမ်းနားလမ်းကို လုပ်မယ်ဆိုတဲ့ Proposal လွှတ်တော် ကိုတင်ခဲ့တယ်။ ၂၀၁၅ နှစ်ဆန်းပိုင်းလောက်ကပေါ့။ဒီ Proposal ကို ကျနော်တို့ က သုံးသပ်တယ်၊ဆွေးနွေးတယ် အတည်ပြုခဲ့တယ်။နောက်ပိုင်းမှာတော့ အစိုးရက အကောင်ထည်ဖော်ခဲ့တယ်။

သို့သော်လည်းဘဲ အစိုးရအပြောင်းလဲကာလ၊လွှတ်တော်အသစ် ခေါ်တဲ့အချိန်၊အစိုးရဖက်ကလည်း မပြောင်းခင်စပ်ကြားပေါ့နော်။လမ်းပိုင်းနဲ့ပက်သက်ပြီး ရေတွေတက်တာမျိုး နွေပိုင်းကတည်းကတွေ့ရတော့ လူထု အတော်များများ ပြောဆိုလာခဲ့တယ်။ကျနော့် အနေနဲ့ လမ်းပိုင်းကိုပြန်လည်စီစစ်သင့်တယ်ဆိုတဲ့ အဆို တင်ခဲ့တယ်။လွှတ်တော်ကလည်းအတည်ပြုတော့ ဒီကိစ္စအတွက် စီစစ်ဖို့အတွက်အဖွဲ့ဖွဲ့ကြတယ်။ ၁၁ ဦးပါဝင်တဲ့ အဖွဲ့ပေါ့။လွှတ်တော်အဖွဲ့ဝင် ၇ ဦးနဲ့ အပြင် ပညာရှင် ၄ ဦးပေါ့။ကျနော်က အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူ ခဲ့တယ်။

ကျနော်တို့ လေ့လာခဲ့တဲ့အချိန်ကာလအားဖြင့် ၁ လပေါ့နော်။ ၅ လပိုင်း ၉ ရက်နေ့ကနေစပြီး တော့ ၆ လပိုင်းအထိ ၁ လအတွင်းမှာ ပါဝင်ပက်သက်တဲ့ ပုဂ္ဂိုလ်တွေ၊အဖွဲ့အစည်းတွေ၊ အဲဒီနယ်မြေခံတွေ၊ပကတိဖြစ်နေ တဲ့အခြေအ နေတွေကိုလေ့လာသုံးသပ်ခဲ့တယ်။

သုံးသပ်ချက်ကိုဘဲ အစီရင်ခံစာပြန်ရေးတယ်။အဲဒီအစီရင်ခံစာကိုတော့ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ဒုတိယပုံမှန် အစည်းအဝေးမှာ အစီရင်ခံစာတင်ခဲ့တယ်။အဲဒီအစီရင်ခံစာကို နောင်လာမယ့် အနီးကပ်ဆုံး အစည်းအဝေးမှာ ဆုံးဖြတ်မယ်။

MD – အစီရင်ခံစာက ဘာတွေကိုဆုံးဖြတ်ကြမလဲ။

ANO – လမ်းပို်င်းနဲ့ပက်သက်ပြီး ဘယ်လိုဖြစ်ခဲ့လဲ။ဘယ်လိုအခြေအနေရှိသလဲ။ဆိုတဲ့ဟာတွေ အကုန်လုံးကျနော်တို့ ပြန်လေ့လာသုံးသပ်တယ်။(လမ်း)ရေကြီး တာကို လူတွေက တွေ့တာတစ်ပိုင်း၊နောက်ပြီးတော့ စုန်ရေကုမ္မဏီက သတ်မှတ်ထားတဲ့ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကိုဖြေလျှော့ပေးဖို့၊ ၁၅၀၀၀ ဘဲသူ့ကိုသွင်းစေဖို့ တောင်းဆိုတယ်။နောက်ပြီးတော့ မြေကတော့ မူလသတ်မှတ်ပြီး လွှတ်တော်မှာတင်တုန်းက ၁ ဧက ခွဲ စည်ပင်ကိုပေးရမယ်။ဒါပေမယ့် လက်တွေ့မှာတော့ ၀.၇၅ ဧကဘဲပေးသွင်းစေဖို့ သူကအသနားခံတဲ့အပေါ်မှာ စည်ပင်အဖွဲ့က လည်းလိုက်လျောပေးလိုက်တယ်။

ဒီလိုအကြောင်းတရားတွေကြောင့် ကျနော်တို့အဖွဲ့က ပြန်လည်လေ့လာသုံး သပ်ဖို့လိုတယ်ဆိုပြီး တော့ဖွဲ့ဖြစ်ခဲ့တယ်။ဒီအခြေအနေတွေအရ လိုက်လျောဖို့ သင့်မသင့် ကျနော်တို့ လေ့လာတာပေါ့။နောက်ဆုံး ကျနော်တို့အဖွဲ့အနေနဲ့ ဘယ်အပိုင်းတွေကိုတော့ လုပ်သင့်တယ်။ဘယ်အပိုင်းတွေကိုတော့ ဒီလိုမျိုးရှိသင့်တယ်ဆိုပြီး သုံးသပ်ချက်၊ဆုံးဖြတ်ချက်၊ တိုက်တွန်းချက် အဲဒီအစီရင်ခံစာကိုရေးပြီး လွှတ်တော်မှာတင်တာပေါ့။

MD – တစ်လအတွင်းအစီရင်ခံစာရေးပြီး လွှတ်တော်မှာ တင်သွင်းဆုံးဖြတ် မယ်ဆိုပြီးတော့ ဘာကြောင့် အခုထိမဆုံးဖြတ်နိုင်သေးတာလဲ။

ANO – ကျနော်တို့ ၆ လပိုင်းမှာ လေ့လာလို့ပြီးတယ်။၆ လပို်င်းမှာဘဲ အထူးအ စည်းအဝေး ၁ ခါခေါ်ဖြစ်တယ်။ကျနော်တို့ အထူးအစည်းအဝေးမှာ တင်ဖို့ကိစ္စက လွှတ်တော်ကိုယ်စားလှယ် အတော်တော်များများနေပြည်တော်သွားနေကြတော့ ကျနော်တို့ အဖွဲ့တွေက အဲဒီမှာ မထိုင်ဖြစ်ကြဘူး။ပြန်လာပြီးတာနဲ့ ချက်ချင်း အစီရင်ခံစာရေးတယ်။ဒါကြောင့်မို့ အဲဒီမှာ မတင်ဖြစ်ဘဲနဲ့ ၇ လပိုင်းမှာကျင်းပတဲ့ ဒုတိယအကြိမ်၊ဒုတိယပုံမှန်အစည်းအဝေးမှာမှ ဒီအစီရင် ခံစာတင်တယ်။ဒီအစီ ရင်ခံစာတင်တဲ့အချိန်မှာ ဝန်ကြီးချုပ်အပါဝင်၊နယ်လုံဝန်ကြီးတို့ တခြားဝန်ကြီး ၂ ပါးလောက် ခရီးလွန်နေတာ၊အလုပ်ကိစ္စအတွက် ဒီအစည်းအဝေးမ တက်ဖြစ် ဘူး။မတက်ဖြစ်ဘူးဆိုတော့ ဥက္ကဋ္ဌကြီးက ဒီကိစ္စကိုရွေ့ဆိုင်းလိုက်တယ်လို့ ကျနော်ထင်တယ်။ဆိုလိုတာကတော့ အစိုးရအဖွဲ့ပါ အားလုံးကိုယ်စီရှိနေရင် ဒီကိစ္စကိုဆုံးဖြတ်မယ်ဆိုရင် တခါတည်းပြတ်သွားတာပေါ့။

MD – ကမ်းနားလမ်း တိုးချဲ့ စီမံကိန်းနဲ့ပက်သက်ပြီး ဘာတွေကို လေ့လာတွေ့ရှိခဲ့ လဲ။

ANO – ဒီလုပ်ငန်းနဲ့ပက်သက်ပြီးတော့ ကျနော်တို့မြင်တဲ့အမြင်က လုပ်ငန်းအပ်သူနဲ့ လုပ်ငန်းလက်ခံသူကြား စာချုပ်ချုပ်တဲ့အပိုင်းမှာ တော်တော်လေးလျော့ရဲတဲ့အပို်င်းအများ ကြီးတွေ့ရတယ်။လုပ်ငန်းအပ်နှံသူက စည်ပင်သာယာရေးကော်မတီ၊လုပ်ငန်းကို လက်ခံတဲ့ သူက စုန်ရေ ကုမ္မဏီပေါ့။သူတို့ နှစ်ဦးနှစ်ဖက် ချုပ်ဆိုတဲ့စာချုပ်ထဲမှာ နှစ်ဦးနှစ်ဖက်သာသဘောတူရင် အချိန်မရွေးပြောင်းလဲလို့ရတယ်ဆိုတဲ့ အချက်တွေက ရှိနေတယ်။ဆိုလိုတာက စာချုပ်ဟာစည်းနှောင်အားမရှိဘူး။တော်တော်လေးကို ကုမ္မဏီဘက် လိုက်လျောထားတယ်။အချိန်မရွေးလည်း ပြင်ဆင်ပြောင်းလဲလို့ရတယ်။

နောက်တချက်က ကျနော်တို့လေ့လာသုံးသပ်ချိန်မှာ ဒီကိစ္စက ၂၀၁၅ နှစ်ဆန်းပိုင်းက အဆိုပြု ခဲ့တယ်။ဆုံးဖြတ်ခဲ့တယ်။လုပ်ငန်းအကောင်ထည်ဖော်ဖို့ အစိုးရက ဆက်လုပ်ရမယ်။တကယ်လည်း လုပ်ခဲ့တယ်။တင်ဒါခေါ်တယ်။ဆုံးဖြတ်တယ်။စုန်ရေ ကုမ္မဏီကို လုပ်ငန်းအပ်နှံတယ်။လုပ်ငန်းစလုပ်တယ်။ဒါက ကျနော်တို့ မျက်မြင်အရ တွေ့ခဲ့တယ်။လုပ်လာတာ တစ်နွေလုံးဘဲ။ဒါပေမယ့် ကျနော်တို့အဖွဲ့က ပြန်သုံးသပ်တဲ့အချိန်မှာ တွေ့တာက စာချုပ်ချုပ်တာ ၂၀၁၅ ဒီဇင်ဘာမှ စာချုပ်ချုပ်ဖြစ်တယ်။ဆိုလိုတာက ၂၀၁၅ နှစ်ဆန်းပိုင်းမှာကတည်းက လွတ်တော်မှာ တင်သွင်းထားတဲ့ကိစ္စ၊တင်သွင်းလို့အတည်ပြုပြီး တာနဲ့ လုပ်ငန်းက စလုပ်နေပြီ။အဲတုန်းက နွေတွင်း၊နောက် မိုးတွင်းကာလ တောက်လျောက် လုပ်နေပြီ။ဒါပေမယ့် အဲဒီချိန်ထိ စာချုပ်မချုပ်သေးဘူး ဆိုတာက စဉ်းစားစရာဘဲ။စာချုပ်ကို ပြန်ကြည့်တဲ့အချိန်မှာ ၂၀၁၅ ဒီဇင်ဘာမှ စာချုပ်ချုပ်ဖြစ်တယ်။အဲတော့ အဲဒီအချက်အရဆို ရင် ကျနော်တို့ အဖွဲ့အနေနဲ့သုံးသပ်မိတာက နွေပိုင်းကတည်းက လုပ်လာတာ။မိုးလွန်လို့ဆောင်း၊ဒီဇင်ဘာရောက်တဲ့အချိန်မှ စာချုပ်ချုပ်ရတယ်ဆိုတာက ဒါဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စ။

နောက်တစ်ချက်တွေ့တာက ဒီဇင်ဘာ ၂၀၁၅ ဆိုတာရွေးကောက်ပွဲအ လွန်သွားပြီ။ရွေးကောက် ပွဲလွန်မှ စာချုပ်ချုပ်တယ်။ဒီစာချုပ်ချုပ်ဆိုမှုသည် ရွေးကောက်ပွဲရဲ့ ရလာဒ်ပေါ်မှာ အခြေခံပြီးမှ စာချုပ်ချုပ်ကြတာလား။၂၀၁၅ ဒီဇင်ဘာဆိုတာက NLD အပြတ်အသတ်နို်င်နေပြီ။စာချုပ်ချုပ်တာက အစိုးရအဖွဲ့အဟောင်းဆိုတော့ ကာဗာဖြစ်အောင် ဘာတွေဒီထဲမှာ ထည့်ထားမလဲဆိုတာ စဉ်းစားစရာဖြစ်လာတာပေါ့။ဒါက ကျနော်တို့ရှုမြင်သုံးသပ် တဲ့ကိစ္စတစ်ခုပါ။

MD – ဒါဆိုရင် ဘယ်သူ့မှာ တာဝန်ရှိမလဲ။

ANO – တာဝန်ရှိတာက စည်ပင်သာယာရေးကော်မတီရော၊အစိုးရအဖွဲ့မှာရော တာဝန်ရှိတာ ပေါ့။သို့သော်လည်းဘဲ လုပ်ငန်းအပ်နှံသူအပိုင်းဖြစ်တဲ့ စည်ပင်သာယာရေးကော်မတီက ပိုပြီး တာဝန်ရှိတယ်လို့ ကျနော်ယူဆပါတယ်။

စာချုပ်ချုပ်တယ်။ချုပ်ပို်င်ခွင့်ရှိတယ်။သို့သော် စာချုပ်ပါ ကိစ္စရပ်တွေက ကုမ္မဏီဘက်ကိုတော်တော်လေး အလေးပေးပြီးတော့လျော့ရဲ အောင်လုပ် ထားတာမျိုးမဖြစ်သင့်ဘူး။လုပ်ငန်းကြီးကြပ်တဲ့အပိုင်းနဲ့ပက်သက်ပြီး စည်ပင်သာယာရေးကော်မတီကို ဖိတ်ခေါ်ပြီး မေးမြန်းတဲ့အချိန်မှာသူတို့ကို လုပ်ငန်း မအပ်ရသေးဘူးလို့ သူတို့ပြောတယ်။မအပ်ရသေးတဲ့အတွက် အဲဒီလုပ်ငန်းကို စစ်တာမျိုး၊အရည်သွေးတိုင်းတာစစ်ဆေးတာမျိုးတို့ မလုပ်ရသေးဘူး။အဲသလိုပြောတယ်။ဒါပေမယ့် စုန်ရေကုမ္မဏီကို ကျနော်တို့ မေးမြန်းတဲ့အချိန်မှာ စုန်ရေကုမ္မဏီက ကျနော်တို့ ဖွင့်ပွဲတောင် လုပ်ပြီးပြီ။အပ်ပြီးပြီတဲ့။ဆိုတော့ ဒီနှစ်ခုကြားမှာ ဒါမျိုးမဖြစ်သင့်ဘူးလေ။စစ်ဆေးတဲ့အပို်င်း လုပ်ငန်းကြီးကြပ်သူက ဘယ်လုပ်ငန်းဖြစ်ဖြစ် စကတည်းက ကြီးကြပ်ရမှာဘဲ။စလုပ်ကတည်းက သူတင်ထားတဲ့ ပုံစံတိုင်း ဟုတ်မဟုတ်၊စနစ်ကျမှုရှိမရှိ ဒါအကုန်လုံးလုပ်ရမယ်။အခု ရေကြီးလာတော့မှ အကုန်လုံးအစအဆုံးပြန်ပြင် ရမယ်ဆိုတော့ လုပ်ငန်းလည်းမကောင်းဘူး။လူထုလည်း အစိုးရအဖွဲ့အ စည်းပေါ်မှာ မယုံသင်္ကာဖြစ်မှုတွေအများကြီးစိုးလာတာပေါ့။

နောက်တခုပြောချင်တာက စုန်ရေကုမ္မဏီကလည်း မူလသူဆွဲထားတဲ့ လမ်းကြောင်းအတိုင်း စလုပ်ပြီးတော့ ရေတိုက်စားမှုကြောင့် အဆင်မပြေလို့ အထဲဘက်သူရွှေ့လိုက်တယ်လို့ သူထွက် ဆိုသွားတယ်။အဲဒီလိုမျိုးရွှေ့လိုက်တဲ့ အချိန် သက်ဆိုင်ရာလုပ်ငန်းအပ်နှံသူ စည်ပင်သာယာရေး ကော်မတီကို တင်ပြအတည်ပြုချက်ယူခဲ့သလားလို့ မေးတဲ့အချိန်မှာ သူတင်ပြအ တည်ပြုယူခဲ့တာမျိုးမရှိခဲ့ဘူး။သူ့ဆန္ဒနဲ့သူလုပ်တယ်။

MD – တာဝန်ပျက်ကွက်မှုတွေဖြစ်နေရင် ဥပဒေအရ ဘယ်လိုဆောင်ရွက် လို့ရလဲ။

ANO – စာချုပ်ပါ စည်းကမ်းအရ ချိုးဖောက်မှုရှိရင်တော့ ဒီချိုးဖောက်မှုကိုတော့ အပြစ်ပေး အရေးယူပိုင်ခွင့်ရှိတာပေါ့။စာချုပ်နဲ့ပက်သက်တဲ့ ဥပဒေတွေ လည်းရှိနေတာပဲ။

ဒါကြောင့်မို့ ကျနော်တို့သုံးသပ်တဲ့ အစီရင်ခံစာထဲမှာ နောင်လွှတ်တော်မှာ စီမံကိန်းနဲ့ပက်သက်ပြီး အဆိုတခုတင်သွင်းဆုံးဖြတ်ပြီးရင် ပြီးလို့မရတော့ဘူး။အဲဒီစီမံကိန်းနဲ့ပက်သက်ပြီးလုပ်ငန်းစဉ်တွေရဲ့ စာချုပ်စာတမ်းတွေကို လွှတ်တော်ကို ထပ်တင်ဖို့လိုမယ်။အဲဒါ သင်္ခန်းစာတခုရတယ်။အခုက ကျနော်တို့က လုပ်ဆိုပြီး လွှတ်ထားပေးတယ်။အဲဒီစာချုပ်ကိုအခုမှ ပြန်ကြည့်တဲ့အခါကျတော့ စာချုပ်က တော်တော်လေး လျော့ရဲတာ ကိုတွေ့ရတယ်။

MD – အဲဒီချိန်ကာလတုန်းက စည်ပင်သာယာရေးကော်မတီကို ဘယ်သူ ဦးဆောင်ခဲ့တာလဲ။

ANO – စည်ပင်သာယာရေးကော်မတီရဲ့ ဥက္ကဋ္ဌ က (အရင်)စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်ပေါ့။ကျန်တာကတော့ လူထုကရွေးချယ်တဲ့ ပုဂ္ဂိုတွေလည်းပါမယ်။ပြည်နယ်စည်ပင် အမှုဆောင်အရာရှိကတော့ အဲဒီကော်မတီရဲ့အတွင်းရေးမှုးပါ။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s