Website မိတ်ဆက်

This slideshow requires JavaScript.

မော်လမြိုင်၊ ၂ သြဂုတ် ၂၀၁၆

ဒီတစ်ပတ် Website မိတ်ဆက်ကဏ္ဍမှာတော့ လွှတ်တော်နဲ့ ဆိုင်တဲ့ Website လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရွေးကောက်ပွဲတုန်းက သင်မဲပေးခဲ့တဲ့ မဲဆန္ဒနယ်နဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မှတ်မိပါသလား? မမှတ်မိရင်လဲ စိတ်ပူစရာ မလိုပါဘူး။ အခုပဲ http://openhluttaw.info မှာ ရှာကြည့်လို့ ရပါပြီ။ သင့်ကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်ဟာ ပြည်သူတွေရဲ့ အသံကိုအမြဲနားထောင်နေမှ ပြည်သူ့အကျိုးအတွက် ဘာတွေအကောင်းဆုံးလုပ်ပေးလို့ရမလဲ ဆိုတာ သေချာသိနိုင်မှာပေါ့။

“ပွင့်လင်းလွှတ်တော် – OpenHluttaw” ဝက်ဘ်ဆိုက်ကနေတဆင့် သင်နေထိုင်တဲ့ မြို့နယ်အတွက် လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့၊ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဆီ တိုက်ရိုက်ပြောလို့ရစေမှာပါ။

ရွေးကောက်ပွဲတုန်းက သင်မဲပေးခဲ့တဲ့ မဲဆန္ဒနယ်နဲ့ သင့်မြိုနယ်ကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်ကို အခုပဲ http://openhluttaw.info မှာ ရှာကြည့်လို့ ရပါပြီ။

အမျိုးသားလွှတ်တော်အတွက် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် (၁၄)ခုကို တိုင်း/ပြည်နယ် တစ်ခုစီမှာ မဲဆန္ဒနယ် (၁၂)ခုစီ ပါဝင်သတ်မှတ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက မဲပေးရွေးချယ်ခဲ့ကြတာ သင့်မြို့နယ်ပါဝင်တဲ့ မဲဆန္ဒနယ်အသီးသီးကို ကိုယ်စားပြုတဲ့အမတ်တွေ အခုဆိုရင်လွှတ်တော်ထဲမှာ ၁၆၈ ယောက် ရှိနေပါတယ်။

ပြည်သူ့လွှတ်တော်အတွက် မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် (၃၃၀) ကနေ တစ်မြို့နယ်ကို မဲဆန္ဒနယ်တစ်ခုအဖြစ် သတ်မှတ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက မဲပေးရွေးချယ်ခဲ့ကြတာ
သင့်ရဲ့မြို့နယ်ကို ကိုယ်စားပြုတဲ့ အမတ်တွေ အခုဆိုရင် လွှတ်တော်ထဲမှာ ၃၂၃ ယောက် ရှိနေပါတယ်။

ပွင့်လင်းလွှတ်တော် Web app ကနေ လွှတ်တော်အမတ်တွေကို ရှာဖွေလို့ရနေပြီဖြစ်ပြီး သူတို့ကို တိုက်ရိုက်ဆက်သွယ်လို့လဲရနေပါပြီ။

ကဲ သင့်ကို ကိုယ်စားပြုနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အခုပဲ တိုက်ရိုက်ဆက်သွယ် ကြည့်လိုက်ရအောင် –

ပထမဆုံး http://OpenHluttaw.info သွားပါ။ ပြီးရင် “လွှတ်တော်ဆိုတာပြည်သူတွေကို ကိုယ်စားပြုတဲ့နေရာပါ” ပေါ်လာပြီဆိုရင် လွှတ်တော်အမတ်သိချင်တဲ့ မြို့နယ်တစ်ခုခုနာမည်ရဲ့အစ အင်္ဂလိပ်စာလုံး တစ်လုံး၊ နှစ်လုံးလောက်ကို ရိုက်လိုက်ရုံနဲ့ မြို့နယ်အမည်တွေ အလိုအလျောက် အကြံပြုပေးပါလိမ့်မယ်။ ပေါ်လာတဲ့ မြို့နယ်တွေ စာရင်းထဲက ကြိုက်ရာတစ်ခုကိုထိနှိပ်ရွေး၊
ပြီးရင် SEARCH ခလုပ်ကို နှိပ်ရုံပါပဲ၊ မြို့နယ်နာမည် တစ်ခုလုံးပြီးအောင်ရိုက်စရာတောင် မလိုပါဘူး။ အဲဒီလိုမျိုးရှာလိုက်လို့ ကိုယ့်ရဲ့အမတ်ဓါတ်ပုံနဲ့သူ့ရဲ့အချက်အလက်အကျဉ်းချုပ်ကိုတွေ့တဲ့အခါ ထွက်မသွားလိုက်ပါနဲ့ဦး၊ ‘More details” လို့ရေးထားတဲ့ ခလုတ် အပြာရောင်ကို နှိပ်လိုက်ရင် သူ့ရဲ့အချက်အလက်တွေကို ထပ်တွေ့ရမှာဖြစ်ပြီး၊ သူ့ကိုတိုက်ရိုက်ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကိုတွေ့ရမှာပါ။

MOBILE ဖုန်းနံပါတ် ကိုနှိပ်လိုက်ရင် သင့်ရဲ့ဖုန်းက အဲဒီဖုန်းနံပါတ်ကို ခေါ်ဖို့ချက်ချင်းအဆင်သင့်ဖြစ်နေပါမယ်။ ဒါပေမယ့် ဒီလိုအချိန်မျိုးမှာသင့်ရဲ့လွှတ်တော်အမတ်တွေက သင့်မြို့နယ်နဲ့ တိုင်းပြည်အတွက် စတင်ကြိုးစားဆောင်ရွက်နေချိန်ဖြစ်လို့ သူ့ရဲ့အလုပ်ချိန်တွေကို ငဲ့ကွက်တဲ့အနေနဲ့ ဖုန်းတွေ တိုက်ရိုက်ခေါ်မယ့်အစား အောက်က နည်းလမ်းတွေနဲ့ဆက်သွယ်ဖို့ အရင်ကြိုးစားကြည့်ဖို့ တိုက်တွန်းပါတယ်။

SMS ကိုနှိပ်လိုက်ရင် သင့်ဖုန်းနဲ့ sms စာတိုချက်ချင်းရေးပြီးပို့လို့ရမှာဖြစ်ပြီး၊ EMAIL ကိုနှိပ်လိုက်ရင် အီးမေးလ်နဲ့လဲ စာပို့လို့ရပါပြီ။ SHARE ON FACEBOOK ကိုနှိပ်လိုက်ရင်တော့ သင့်ရှာတွေ့ထားတဲ့သင့်ရဲ့ကိုယ်စားလှယ်ဘယ်သူလဲဆိုတာကို Facebook ပေါ်က သင့်မိတ်ဆွေတွေသိအောင်လဲ ကြေငြာလိုက်လို့ရပြီပေါ့။

CONTACT THE REPRESENTATIVE ကို နှိပ်လိုက်ရင်တော့ သင်ဆက်သွယ်လိုတဲ့ ကိုယ်စားလှယ်ကို ပြောချင်တဲ့ အကြောင်းအရာတွေကို ဖောင်တစ်ခုနဲ့ဖြည့်လို့ရမှာဖြစ်ပြီး သက်ဆိုင်ရာကိုယ်စားလှယ်တွေဆီ ဒီအချက်အလက်သတင်းစကားတွေကို ပွင့်လင်းလွှတ်တော်က တဆင့်ပေးပို့ပေးမှာဖြစ်ပါတယ်။

ပွင့်လင်းလွှတ်တော် – Open Hluttaw platform ကို အင်္ဂလိပ် – မြန်မာ နှစ်ဘာသာနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

လူကိုမကြည့်ဘဲ ပါတီကိုပဲကြည့်ပြီး မဲပေးခဲ့ကြတဲ့ ရွှေမြိုင်သူ ရွှေမြိုင်သားတွေလဲ ကိုယ်ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်သူလဲ ဆိုတာ http://openhluttaw.info ကနေတဆင့် ရှာဖွေပြီး ကိုယ့်ဒေသက အခက်အခဲတွေကို လွှတ်တော်ကိုယ်စားလှယ်ဆီ တိုက်ရိုက်ဆက်သွယ်ပြီး ဖြေရှင်းနိုင်ကြပါစေနော်။

နောက်အပတ် Website မိတ်ဆက် ကဏ္ဍမှာ ပြန်တွေ့ကြမယ်နော်။

Mawlamyine Daily

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s