စမတ်ဖုန်းတွေ အစစ်လား အတုလား ဘယ်လိုခွဲမလဲ

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆ အခုခေတ်မှာ စမတ်ဖုန်း အတုတွေ တော်တော် ပေါပါတယ်။ ဒီတော့ အစစ်နဲ့ အတုကို ဘယ်လိုခွဲမလဲဆိုတဲ့ နည်းလေးကို မျှဝေပေးချင်ပါတယ်။ နည်းလမ်းကတော့ အရမ်းကို လွယ်ကူရိုးရှင်းပါ။ Android ပဲ ဖြစ်ဖြစ် iOS ပဲဖြစ်ဖြစ် ဒီနည်းကိုသုံးပြီး ခွဲခြားလို့ရပါတယ်။ ဒါကတော့ ဖုန်းရဲ့ IMEI နံပါတ်နဲ့ ခွဲခြားတဲ့နည်းပါ။ ပထမဆုံးလုပ်ရမှာက ဖုန်းရဲ့ IMEI နံပါတ်ကိုသိဖို့ပါ။ IMEI နံပါတ်ကို *#06# ကို နှိပ်ပြီး ကြည့်နိုင်သလို ဖုန်းရဲ့ ဘက်ထရီ အနောက်မှာလဲ ကြည့်နိုင်ပါတယ်။ ဘက်ထရီ အသေဖုန်းတွေဆိုရင်လဲ ဘက်ထရီပေါ်မှာ ကပ်ထားပေးတတ်ပါတယ်။ IMEI နံပါတ်ရပြီဆိုရင်တော့ http://www.imei.info/ ကိုသွားပါ။ ကျလာတဲ့ Web page … Continue reading စမတ်ဖုန်းတွေ အစစ်လား အတုလား ဘယ်လိုခွဲမလဲ

၁၀နှစ်အတွင်း အာဖရိက ဆင်ကောင်ရေ သုံးပုံတစ်ပုံ လျော့ကျလာ

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆ အာဖရိကတိုက်မှာရှိတဲ့ ဆင်ကောင်ရေကို ကောက်ယူခဲ့တာမှာ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာ ဆင်ကောင်ရေ တစ်သိန်းလေးသောင်းလေးထောင်လောက် အသတ်ခံခဲ့ရတာကြောင့် ဆင်ကောင်ရေ သုံးပုံတစ်ပုံလျော့သွားတယ်လို့ ဆင်သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။ ဆင်သန်းခေါင်စာရင်းကို အာဖရိကနိုင်ငံပေါင်း ၁၈နိုင်ငံက အချိန်၂နှစ်ယူပြီး ကောက်ယူခဲ့တာလဲဖြစ်ပါတယ်။ အခုနှုန်းနဲ့သာ ဆင်တွေသတ်ဖြတ်ခံနေရဦးမယ်ဆိုရင် အာဖရိကတိုက်ရဲ့ လက်ကျန်ဆင်ကောင်ရေ လေးသိန်းသုံးသောင်းထဲက တစ်ဝက်လောက်ဟာ လာမယ့် ၁၀နှစ်အတွင်း အသတ်ခံရဖို့ ရှိနေတာတယ်လို့ စစ်တမ်းကောက်ယူသူတွေက ခန့်မှန်းထားကြပါတယ်။ အာဖရိကနိုင်ငံတ၀ှမ်းမှာ ခေတ်မီလက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ပြီး နိုင်ငံတကာ ဈေးကွက်နဲ့ အဆက်အသွယ်ရှိတဲ့ ဂိုဏ်းတွေက ဆင်တွေကို ခိုးယူသတ်ဖြတ်နေတာကြောင့် ဆင်တွေမျိုးတုံးမယ့် အရေးနဲ့ရင်ဆိုင်နေရပါတယ်။ ဆင်စွယ်လိုချင်တာကြောင့် ဂိုဏ်းဖွဲ့ ခိုးယူသတ်ဖြတ်တာတွေကို ထိရောက်အောင် မတားနိုင်ဘူးဆိုရင် လာမယ့် ၁၀နှစ်အတွင်း အာဖရိဆင်တွေ မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့လဲ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ … Continue reading ၁၀နှစ်အတွင်း အာဖရိက ဆင်ကောင်ရေ သုံးပုံတစ်ပုံ လျော့ကျလာ

“အိပ်မက်ပျက်သူ”

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆ (ကဗျာ)   'ခွမ်း' ခနဲ.... ချောကလက်ရောင် ဖိနပ်လေး ဖြတ်လျှောက်သွားပြီးတဲ့နောက်မှာ ကျကွဲသွားရတဲ့ ကျနော်ဟာဖန်ခွက်လေးတစ်ခုပေါ့ တကယ်ဆို.. သူကြိုက်တဲ့ ပေါင်မုန့်တွေကို သူအမြတ်တနိုးစားနေတဲ့အချိန်တိုင်း သူ့နှုတ်ခမ်းပေါ်က အမှတ်တမဲ့ ကျသွားခဲ့တဲ့ ပေါင်မုန့်အစအနတွေအတိုင်း ကျနော်ဟာ ဘေးထွက်ပစ္စည်းဖြစ်ခဲ့ စိတ်မပျက်ခဲ့ဘူး ရှယ်လီ ခပ်ဝေးဝေးမှာနေနေပေမယ့် ကျနော့်မြတ်နိုးမှုဟာ ရှယ်လီရဲ့ဝင်သက်ထွက်သက်တိုင်းမှာရှိတယ် ဆုတောင်းချက်တိုင်းမပြည့်ဝခဲ့လည်း ကျနော့်အိပ်မက်ထဲအလည်လာပေးနေတဲ့အတွက်ကျေနပ်ပါတယ် ဝိုင်တစ်ခွက်ရဲ့ အနုပညာထဲမှာ ဆိုခဲ့ဖူးတဲ့ သီချင်းတွေရှိရင် တဆိတ်လောက် ခံစားခွင့်ပြုပါ ရှယ်လီရဲ့ ဂီတအတွက် ဂစ်တာလေးတစ်လက်ဖြစ်ပေးပါရစေ စိတ်ချပါ.. သူစိတ်တိုင်းကျ သူ့နေထိုင်မှုစရိုက်နဲ့ သူ့ရဲ့လွတ်လပ်မှုအခင်းကျင်းထဲ ချစ်ခြင်းရဲ့ဘာသာစကားကို ချရေးကြည့်ဖို့ ကျနော် ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး ကျနော်က အိပ်မက်ပျက်သူ..။ ။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

Safe Sleep ကလေးငယ်အတွက် စိတ်ချရတဲ့အိပ်စက်ခြင်း

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆ ဆရာရှင့် မွေးကင်းစကလေးငယ်ကို ခေါင်းအုံးနဲ့မသိပ်သင့်ဘူးလို့ သိထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်က လူတော်တော်များများက ကလေးငယ်များကို ခေါင်းအုံးအပါးလေးတွေနဲ့သိပ်တာတွေ့တွေ့နေရပါတယ်။ အဲ့ဒီလို ခေါ်င်းအုံးအပါးနဲ့သိပ်တာရော အန္တရာယ်ရှိနိုင်ပါသလားရှင့်။ ကျေးဇူးပြုပြီး အဲ့ဒီအကြောင်းလေး ရေးပေးစေချင်ပါတယ်။ အမေရိကန် Consumer Product Safety Commission (CPSC) စားသုံးသူ ထုတ်ကုန်စိတ်ချရမှုကော်မရှင်ရဲ့ လေ့လာမှုအရ ၁၉၉၂ ကနေ ၂ဝ၁ဝ ခုနှစ်အတွင်းမှာ ကလေးငယ်လေးတွေ (၁၂ လနဲ့အောက်) ၇ဝဝ ယောက်နီးပါးဟာ အိပ်စက်ခြင်းနဲ့ဆက်စပ်ပြီး သေဆုံးခဲ့ကြရတယ်။ ခေါင်းအုံး၊ ကူရှင်၊ စတာတွေနဲ့ ဆက်စပ်လို့ ဖြစ်ပါတယ်။ ကလေး ပုခက်ထဲသေဆုံးမှုတဝက်နဲ့ ရေချိုးကန်ထဲသေဆုံးမှု ၃ ပုံ ၂ ပုံတို့ဟာ အသက်ရှူလမ်း ပိတ်ဆို့လို့ သေဆုံးကြရတာ ဖြစ်တယ်။ … Continue reading Safe Sleep ကလေးငယ်အတွက် စိတ်ချရတဲ့အိပ်စက်ခြင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အခမ်းအနားဖွင့်ပွဲမိန့်ခွန်း

နေပြည်တော်၊ ၃၁ သြဂုတ် ၂၀၁၆ ယနေ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည်သည်တော်များ၊ ကိုယ်စားလှယ်များနဲ့တကွ၊ ယခုလို အချိန်အခါမှာ ကျွန်မတို့နဲ့အတူ စိတ်အားဖြင့် ရှိနေသူပုဂ္ဂိုလ်များအားလုံးနှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ၊ ကောင်းကျိုး လိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ပဏမအားဖြင့် ဆုတောင်းမေတ္တာပို့သ ပါတယ်။ ဒီခန်းမကြီးဟာ ငြိမ်းချမ်းရေးကို မြတ်နိုး တန်ဖိုးထားတဲ့ ဧည့်သည်တော်များ၊ ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်များနဲ့သာ ပြည့်နေရုံမက၊ ကမ္ဘာတစ်ဝှမ်းက ကျွန်မတို့အပေါ် စိတ်ကောင်းစေတနာထားတဲ့ မိတ်ဆွေများရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အိပ်မက် တမ်းတချက်တွေနဲ့ လျှံနေပါတယ်။ ဒီမျှော်လင့်ချက်တွေ ဖြည့်ဆည်းပေးဖို့၊ ဒီအိပ်မက်တွေ အကောင်အထည်အဖော် ပေးဖို့ဆိုတာ လွန်စွာ ကြီးမားတဲ့ တာဝန်ကြီးဖြစ်ပါတယ်။ ကြီးမားပေမဲ့ ကြီးလေးတယ်လို့တော့ မဆိုလိုပါဘူး။ … Continue reading နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အခမ်းအနားဖွင့်ပွဲမိန့်ခွန်း

မွန်ပြည်နယ် ပြန်၊ဆက်ဌာနမှ မြေနေရာဖယ်ရှားပေးဖို့ နို့်တစ်စာပို့

မော်လမြိုင်၊ ၃၁ သြဂုတ် ၂၀၁၆ မော်လမြိုင်မြို့ ၊အောက်လမ်းမကြီး၊ စစ်ကဲကုန်းရပ်၊ကွင်းအမှတ် (၅၀)၊ ဦးပိုင်အ မှတ် (၃၇/စ)ဆိုင်ခန်း (၅)ခန်းကို (၁၅)ရက်အတွင်း ဖယ်ရှားပေးဖို့မော်လမြိုင် ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သြဂုတ် (၃၁)ရက်နေ့က နို့တစ်စာ ပေးပို့ခဲ့တာပါ။ အဆိုင်ကယ်အရောင်းဆိုင်၊အလှပြင်ဆိုင်ပါဝင် အဆိုပါဆိုင်ခန်းဖွင့် လှစ်ရောင်း ချနေသူတွေကို မော်လမြိုင် ကမ်းနားလမ်းက ပြည်နယ်ပြန်ဆက်ရုံး ထံခေါ်ယူပြီး မော်လမြိုင်ခရိုင် ပြန်ဆက်ဦးစီးမှူးမှ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက် ဥပဒေပုဒ်မ (၃)အရနို့တစ်စာပေးခဲ့တာပါ။ “၁၉၅၅ ခုနှစ်အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေအရ သူတို့ကိုသိ ရှိအောင် နို့တစ်စာတခါတည်းပေးရင်းနဲ့ သူတို့ကိုခေါ်ဆွေးနွေးတာပါ။သူတို့ကို ဒီဥပဒေနဲ့ဆက်လက် ဆောင်ရွက်တော့မယ်ဆို့တဲ့အကြောင်းသိအောင်ခေါ် ယူဆွေးနွေးတာပါ” လို့ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါလွင်မှ Mawlamyine Daily ကိုပြောပါတယ်။ … Continue reading မွန်ပြည်နယ် ပြန်၊ဆက်ဌာနမှ မြေနေရာဖယ်ရှားပေးဖို့ နို့်တစ်စာပို့

ကိုဖီအာနန်ကိစ္စကို နိုင်ငံတကာ သတင်းမီဒီယာတွေက မဘသ Facebook Page အတုကို ကိုးကားပြီးသတင်းဖော်ပြနေကြ

မော်လမြိုင်၊ ၃၁ သြဂုတ် ၂၀၁၆ မဘသ မန္တလေးတိုင်း Facebook Page( https://www.facebook.com/mabatha.mandalay ) က သြဂုတ်လ ၂၈ရက်နေ့က ဟောလိဝုဒ်ရုပ်ရှင်မင်းသား မော်ဂန်ဖီရီးမင်း ပုံကို သုံးပြီး ကိုဖီအာနန် အလိုမရှိ သရုပ်ပျက်ကုလားအခုထွက်သွား We No Need Coffee Annan He Go Away ဆိုပြီး အနီရောင် ကြက်ခြေခတ် ခတ်ထားတဲ့ပုံကို Washintongton Post နဲ့ New York Times သတင်းဌာနတွေ သြဂုတ်လ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။ နိုင်ငံတကာသတင်းစာမျက်နှာတွေက ဒီသတင်းကို ရေးသားဖော်ပြပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလဲ အပြန်အလှန်ပြောဆိုရေးသားနေတာတွေ ရှိခဲ့ပါတယ်။ ဒီ Post တင်တဲ့ မဘသ Page … Continue reading ကိုဖီအာနန်ကိစ္စကို နိုင်ငံတကာ သတင်းမီဒီယာတွေက မဘသ Facebook Page အတုကို ကိုးကားပြီးသတင်းဖော်ပြနေကြ

Xiaomi ရဲ့ GPS နဲ့ စမတ်နာရီ မိတ်ဆက်

မော်လမြိုင်၊ ၃၁ သြဂုတ် ၂၀၁၆ အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတွေကြောင့် ဈေးကွက်ထဲမှာ နေရာရလာတဲ့ Xiaomi ဟာ စမတ်ဖုန်းအပြင် Tablet တွေ Fitness tracker တွေနဲ့ Drone တွေအပြင် အီလက်ထရောနစ်ပစ္စည်းတော်တော်များများကို ထုတ်လုပ်ပါတယ်။ အခုလဲ Xiaomi ရဲ့ နောက်ဆုံးထုတ်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Amazfit လို့ နာမည်ပေးထားတဲ့ GPS နဲ့ စမတ်နာရီကို မိတ်ဆက်လိုက်ပါပြီ။ ဒီနှစ်အစောပိုင်းမှာတုန်းက Xiaomi က ကလေးတွေ အတွက် စမတ်နာရီတွေကို ထုတ်လုပ်ခဲ့ပါတယ်။ အခုတော့ လူကြီးတွေအတွက် စမတ်နာရီ Amazfit ကို မိတ်ဆက်လိုက်တာပါ။ ဒီစမတ်နာရီရဲ့ နည်းပညာပိုင်းကို Xiaomi ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Huami က ပြုလုပ်ထားတာပါ။ အခုလက်ရှိမှာတော့ တရုတ်နိုင်ငံဈေးကွက်အတွက်ပဲ … Continue reading Xiaomi ရဲ့ GPS နဲ့ စမတ်နာရီ မိတ်ဆက်

၂၁ရာစု ပင်လုံညီလာခံကို အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်

မော်လမြိုင်၊ ၃၁ သြဂုတ် ၂၀၁၆ နေပြည်တော်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ မှာ စတင်ကျင်းပနေတဲ့ ၂၁ရာစု ပင်လုံညီလာခံကို http://www.myanmartvchannel.com/mrtv.html ကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ Mawlamyine Daily