မှန် ကန် ခြင်း

မော်လမြိုင်၊ ၃၀ ဇူလိုင် ၂၀၁၆ (ကဗျာ) မှန် မှကန်ထွက်လာသော အမှန်တရား မှန်ကန်ခြင်း ဖြူ ရင် ဖြူ မည်း ရင် မည်း ပိန် ရင် ပိန် ဖောင်း ရင် ဖောင်း ဘောင်ခတ်ခတ် မခတ်ခတ် သူ့ရပ်တည်ချက်နဲ့သူ အခြားသူတွေအတွက် ဘယ် က ညာ ညာ က ဘယ် ဖြစ်နေစေကာမူ ကျွန်ုပ်အတွက်မူ ဘယ် ကဘယ် ညာ က ညာ မှန် ကန် ခြင်း အလင်းအမှောင် အကျဉ်းအကျယ် အခုံးအခွက် ဘယ်လိုအမည်တပ်တပ် ကျွန်ုပ်အဖို့ မှန်သည် မှန် ကန် ခြင်းပင်............ သီရိထွန်း Mawlamyine Daily

ဖိလစ်ပိုင်သမ္မတရဲ့ ပြတ်သားတဲ့ မူးယစ်နှိမ်နင်းမှုမှာ တစ်လအတွင်း မူးယစ်နဲ့ ပတ်သတ်တဲ့လူ ၃၀၀ သေဆုံး

မနီလာ၊ ၃၀ ဇူလိုင် ၂၀၁၆ ဖိလစ်ပိုင်နိုင်ငံရဲ့ ကြီးမားတဲ့ မူးယစ်ဆေးမှုတွေနဲ့ ရာဇ၀တ်မှုတွေကို တင်းတင်းကြပ်ကြပ် ကိုင်ကွယ်ဖြေရှင်းသွားမယ်လို့ ပြောခဲ့တဲ့ သမ္မတ Rodrigo Duterte ဟာ ရာဇဝတ်မှု ကျူးလွန်ထားသူ ဆိုတဲ့ သံသယနဲ့ ရဲအဖွဲ့က ဖမ်းဆီးတဲ့အခါ ခုခံမယ် ဆိုရင် အသေပစ်သတ်ဖို့ လုံခြုံရေး တပ်ဖွဲ့တွေကို အမိန့် ပေးထားပါတယ်။ သူပြောထားခဲ့သလိုပဲ သမ္မတတက်လာပြီး ရက်ပေါင်း ၆၀ တောင် မပြည့်သေးတဲ့ အချိန်ကာလအတွင်းမှာပဲ ဒုစရိုက်ဂိုဏ်းသားတွေ နဲ့ မူးယစ်နဲ့ ပတ်သက်သူတွေကို ရှာဖွေနှိမ်နင်းခဲ့တာ ဇူလိုင်လ တစ်လအတွင်းမှာတင် မြို့ကြီးတွေရဲ့ လမ်းမပေါ်မှာ လူပေါင်း ၃၀၀ သေဆုံးခဲ့ပြီး ၆၀,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆက်ဆံရေးအရာရှိ Martin Andanar က ပြောပါတယ်။ … Continue reading ဖိလစ်ပိုင်သမ္မတရဲ့ ပြတ်သားတဲ့ မူးယစ်နှိမ်နင်းမှုမှာ တစ်လအတွင်း မူးယစ်နဲ့ ပတ်သတ်တဲ့လူ ၃၀၀ သေဆုံး

မွန်ပြည်နယ်အတွင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုဆန်းစစ်ထားတဲ့ အစီရင်ခံစာ မိတ်ဆက်ရှင်းလင်း

မော်လမြိုင်၊ ၃၀ ဇူလိုင် ၂၀၁၆ ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကတည်းကနေ ကနေ့အချိန်ထိ မွန်ပြည်နယ် အတွင်းလာရောက်ရင်းနှီး မြုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆန်းစစ်တဲ့ အစီရင်ခံစာမိတ်ဆက်ရှင်းလင်းပွဲကို မော်လမြိုင်မြို့ က ကောင်းမြတ်ဟိုတယ်မှာ ဇူလိုင် ၃၀ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက မိတ်ဆက်ရှင်းလင်းတဲ့ အဆိုပါ အစီရင်ခံစာမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မြေယာအငြင်းပွားမှုပြသနာတွေ၊သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေ၊ပွင့်လင်းမြင်သာမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာဆန်းစစ်ထားတဲ့ အစီရင်ခံစာလည်းဖြစ်ပါတယ်။ အထူးသဖြင့် မွန်ပြည်နယ်အတွင်းလာရောက်ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြားရင်း နှီးမြုပ်နှံမှု ကုမ္ဗဏီ တွေဖြစ်တဲ့ မော်လမြိုင်ဘိလပ်မြေလိမိတက် နှင့် June Cement Industry Ltd ကုမ္မဏီတို့ရဲ့ ဘိလပ်မြေထုတ်လုပ်တဲ့စီမံကိန်း၊တိုယိုထိုင်းကုမ္မဏီရဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး စီမံကိန်း နှင့် Aurum Company … Continue reading မွန်ပြည်နယ်အတွင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုဆန်းစစ်ထားတဲ့ အစီရင်ခံစာ မိတ်ဆက်ရှင်းလင်း

Skin Whitening Medicine အသားဖြူဆေး မေးပြန်ပြီ

မော်လမြိုင်၊ ၃၀ ဇူလိုင် ၂၀၁၆ အရင်လည်း မေးကြတယ်။ အခုလည်း တနာရီအတွင်း (၂) ယောက်ကမေးကြတယ်။ ၁။ ဆရာရှင့် သမီး အသားဖြူဆေး ထိုးမလို့ပါ ဗီတာမင် c လို့တော့ပြောပါတယ်။ နောက်ဆက်တွဲဆိုးကျိုးများ ရှိနိုင်သလားဆရာ။ အသားရည်ကတော့ တကယ်ကိုဖြူပြီး ပြောင်းလာမှာပါ။ ကျေးဇူးပြုပြီးဖြေုကြားပေးပါ ကျေးဇူးပါရှင်။ ၂။ ဆရာရှင့် Vistra ဆိုတဲ့အသားဖြူဆေးတွေက သောက်သုံးဖို့သင့်ပါသလားရှင့်။ သူ့ဆိုးကျိုးတွေလည်းသိချင်ပါတယ်ရှင့်။ သူငယ်ချင်းတွေကအရမ်းယုံကြည်ပြီး သောက်သုံးနေကြလို့ပါ။ ကလေးရဖို့ အနှောက်အယှက်ဖြစ်စေနိုင်သလားလဲ သိချင်ပါတယ်ရှင့်။ တကယ်ရောအသားဖြူလာစေပါသလား။ သမီးဓာတ်ပုံနဲ့တွဲပြီးတင်ပေးလိုက်ပါတယ်နော်။ ဆရာအားတဲ့အခါ သမီးကိုပြန်ဖြေထားပေးပါနော်။ ၃။ သူငယ်ချင်းတစ်ယောက်ပါ။ အသက်က ၁၈ Female ပါ။ သူက L-Glutathione ဆေးကို အသားဖြုချင်လို့ သောက်ချင်ပါတယ်တဲ့။ ဒါကြောင့် Glutathione နဲ့ပတ်သက်ပြီးတော့ သောက်သင့်မသောက်ရယ် … Continue reading Skin Whitening Medicine အသားဖြူဆေး မေးပြန်ပြီ

ဇူလိုင် ၃၀ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ ဇူလိုင် ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်‌ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါ သည်။ ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြားနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် ဒေသအလိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ … Continue reading ဇူလိုင် ၃၀ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

“ပိုက်ဆံကောက်ဖို့ဆိုရင် အားလုံးလာကြတယ်”

မော်လမြိုင်၊ ၂၉ ဇူလိုင် ၂၀၁၆ မြန်မာနိုင်ငံအောက်ပိုင်းရဲ့ အချက်အချာ၊လမ်းဆုံ၊လမ်းခွ မြို့ ဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမြေနီကုန်း အဝေးပြေးဝင်းကို ၂၀၀၆ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ တာပါ။ အခုချိန်မှာတော့ အဝေးပြေး ကားဂိတ် ခန်း ၃၅ ခန်းနဲ့ ဆိုင်ခန်းပေါင်း ၇၃ ခန်းရှိတဲ့ အဆိုပါအဝေးပြေးဝင်းကို မှီတည်ပြီးတော့လည်း ဈေးဆိုင်တွေ၊ဆိုင်ကယ် ကယ်ရီတွေ၊တနိုင်တပိုင် ပျံကျဈေးသည်တွေနဲ့ စည်ကားနေပြီဖြစ် ပါတယ်။ တိုးတက်စည်ကားလာတာနဲ့အတူ တဖက်မှာလည်း အဝေးပြေးဝင်းအတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားတာတွေ၊ကုန်တင်ကုန်ချတာတွေ၊သတ်မှတ်ထားတဲ့ နယ်နိမိတ်ထက်ကျော်လွန်ပြီး ကျူးကျော်ဈေးဆိုင်ဖွင့်လှစ်တာတွေ၊လမ်းနယ် နိမိတ်အထိ ဖွင့်လှစ်လာတဲ့ ပျံကျဈေးဆိုင်တွေ များပြားလို့လာပါတယ်။ ၂၀၁၆ ခုနှစ် အစိုးရသစ်တက်လာပြီးနောက် ဇွန်လမှာ မော်လမြိုင်မြို့နယ်စည်ပင် က မော်လမြိုင်မြို့ မြေနီကုန်းအဝေးပြေးဝင်းအတွင်း ကျူးကျော်ဆိုင်းခန်းတွေ၊ပျံကျဈေးသည်တွေနဲ့ စည်းကမ်းမဲ့ ကုန်တင်ကုန်ချရပ်နားထားတဲ့ အဝေးပြေး ယာဉ်တွေကို … Continue reading “ပိုက်ဆံကောက်ဖို့ဆိုရင် အားလုံးလာကြတယ်”

မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံ စီမံကိန်းအတွက် တရုတ်ဆီက ပိုက်ဆံမချေးချင်တော့ တဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး

နေပြည်တော်၊ ၂၉ ဇူလိုင် ၂၀၁၆ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ဖို့လျာထားခဲ့တဲ့ ၂၃၀ကေဗီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်း နှင့်ဓာတ်အားခွဲရုံ စီမံကိန်းကို တရုတ်နိုင်ငံ EXIM BANK ချေးငွေ နဲ့ဆက်လက်ဆောင်ရွက်ဖို့မသင့်တော့ဘဲ အဲ့သည်ချေးငွေကိုပယ်ဖျက်ပြီးတော့ အတိုးနှုန်းပိုမိုသက်သာပြီး ပစ္စည်းများဝယ်ယူရာမှာ ကန့်သတ်ချက်မရှိတဲ့ ကမ္ဘာ့ဘဏ် (World Bank)နဲ့ အာရှဖွံဖြိုးရေးဘဏ်(Asian Development Bank-ADB)တွေဆီက ချေးငွေတွေနဲ့ပဲ ဆောင်ရွက်ရန်သင့်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဇူလိုင်လ ၂၉ ရက်နေ့မှာမှာပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။ တရုတ်နိုင်ငံ EXIM Bank ချေးငွေ နဲ့ ဆောင်ရွက်မယ်ဆိုရင် အဲ့သည်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈၀ ကျော် ကုန်ကျမှာဖြစ်ပြီး အတိုးနှုန်းက ၂ရာခိုင်နှူန်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းအတွက် ဌာန က … Continue reading မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံ စီမံကိန်းအတွက် တရုတ်ဆီက ပိုက်ဆံမချေးချင်တော့ တဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး

နိုင်ငံတော်၏ စီးပွားရေး မူဝါဒ ၁၂ ချက် ချမှတ်

နေပြည်တော်၊ ၂၉ ဇူလိုင် ၂၀၁၆ ဇူလိုင်လ ၂၉ ရက်နေ့နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC 2) မှာ ပြုလုပ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအားလုံးချမှတ်အကောင်အထည်ဖော်မယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေကို ရှင်းလင်းပြောကြားတဲ့ အခမ်းအနားမှာ နိုင်ငံတော်၏ စီးပွားရေး မှုဝါဒ ၁၂ ချက် ချမှတ် ကိုချမှတ်လိုက်တာပါ။ အဲဒီ စီးပွားရေးမှု ၁၂ ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ဦးစားပေးတာလည်း ပါဝင်သလို တိုင်းရင်းသားဒေသများအတွက် သက်ရောက်မှုရှိနိုင်သော သဘာဝအရင်းအမြစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ မျှဝေသုံးစွဲခြင်း တွေလဲ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ Mawlamyine Daily