အစိုးရဌာနဆိုင်ရာတွေရဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေက စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်နေ

This slideshow requires JavaScript.

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၁၆

မွန်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးဖို့အတွက် မွန်ပြည်နယ်က လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲမှာ လုပ်ငန်းရှင်တွေတချို့ကအစိုးရဌာန ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေက စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်နေတယ်လို့ ဆွေးနွေးခဲ့တာပါ။

တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းရွှေက “မိတ်ဆွေထဲကတစ်ယောက်ဆိုရင် ပုံစံ (၁၀၅)ရဖို့ သုံးနှစ်ကြိုး စားရတယ်။ခုထိမရသေးဘူး။ဒါလက်တွေ့နော်။ဘယ်နှယောက် ရှိလဲမေးရင် တပုံကြီးပြပေးလို့ရတယ်”ဆိုပြီး အစိုးရဌာနဆိုင်ရာတွေမှာကြုံတွေ့နေရတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းနဲ့ပက်သက်ပြီး Mawlamyine Daily ကိုပြောပါတယ်။

ဘဏ်လုပ်ငန်း၊ခရီးသွားလုပ်ငန်း၊ဟိုတယ်လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းနဲ့ ကုန်ထုတ် လုပ်ငန်းအပါဝင်၊ဈေးရောင်းဈေးဝယ်ကုန်သည် လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပြီး မွန်ပြည်နယ်ကစီးပွားရေးလုပ်ငန်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်ခဲနဲ့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့တာပါ။

အဆိုပါဆွေးနွေးပွဲကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး နဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ စက်မှုဝန်ကြီးတို့ လည်းတက်ရောက်ခဲ့တာပါ။

အစိုးရဌာနဆိုင်ရာတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ပက်သက်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝဏ္ဏကျော် က “ကျနော်တို့ လက်ရှိ ရောက်နေတဲ့နေရာကနေပြီးတော့ ရှေ့ဆက်သွားနိုင်ဖို့အတွက် ကျနော်တို့ရဲ့ အမူအကျင့်ပုံစံ တွေကိုပြောင်းဖို့လိုပါတယ်။ကျနော်တို့ အစိုးရအဖွဲ့နဲ့အတူ ကျနော်တို့ရဲ့ ပြည်သူတွေ၊စီးပွားရေးလုပ်ငန်းရှင်တွေ၊လူမှုရေးအဖွဲ့အ စည်းတွေအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုပါတယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ပြည်ထောင်စုအစိုးရအနေနဲ့ မြန်မာနို်င်ငံရဲ့ စီးပွားရေး မူဝါဒ ၁၂ ချက်ကို ထုတ်ပြန်ကြေညာသွားပြီး အဆိုပါမူတွေထဲမှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ အစီစဉ်တွေ လည်းပါရှိပါတယ်။

ပုံနှိပ်လုပ်ငန်းရှင် ဦးသိန်းရွှေကတော့ “အခုဒီအစိုးရကျတော့ ပြည်သူကရွေးလို့ သူတို့ဖြစ်လာတာ အတွေ့ကြုံက သူတို့မှာမရှိဘူး။သူတို့ဘေးမှာ ဘယ်သူတွေ ဝိုင်းနေလည်းဆိုရင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေက လွှမ်းနေတော့ သူတို့တွေကို ခုထိမကျော်နိုင်သေးဘူး။ဒါကြောင့် ကြိုးနီစနစ်တွေ သေတဲ့အထိပျောက်မှာ မဟုတ်သေးဘူး” လို့ ပြောပါတယ်။

အခုဆွေးနွေးပွဲကို မော်လမြိုင်မြို့ က၊ Strand Hotel မှာ ဇူလိုင် ၃၁ ရက်နေ့ကပြု လုပ်ပြီး မွန်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင် (၇၀)ကျော်တက်ရောက်ခဲ့တာပါ။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s