ဟီလာရီကလင်တန်အတွက် ရန်ပုံငွေ ရှာပေးမယ့် Apple CEO

Apple CEO Tim Cook To Host Hillary Clinton Fundraiser

ကယ်လီဖိုးနီးယား၊ ၃၁ ဇူလိုင် ၂၀၁၆

အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဦးဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဟီလာရီကလင်တန် ရဲ့ သြဂုတ်လ ထဲမှာပြုလုပ်မယ့် သမ္မတ မဲဆွယ်ပွဲအတွက် ရန်ပုံငွေပွဲ ကို Apple ကုမ္ပဏီရဲ့ CEO Tim Cook က ပြုလုပ်ပေးမှာဖြစ်ပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် ဒီရန်ပုံငွေပွဲကို Tim Cook နဲ့အတူ Apple ရဲ့ ပတ်ဝန်းကျင်၊ မူဝါဒနှင့် လူမှုရေးဆိုင်ရာ ဒုဥက္ကဋ္ဌ ဖြစ်သူ Lisa Jackson တို့က ဟီလာရီကလင်တန် ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ရန်ပုံငွေမြှင့်တင်ဖို့ ကူညီပေးကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရန်ပုံငွေပွဲကို Apple ကုမ္ပဏီအနေနဲ့ ကိုယ်စားပြု လုပ်ဆောင်တာ မဟုတ်ဘဲ Tim Cook ရဲ့ တစ်ဦးတည်း ကိုယ်ပိုင်ဆန္ဒအရသာ ထောက်ပံ့တာဖြစ်တယ်လို့ ပြောပါတယ်။ Cook ရဲ့ ကလင်တန် အတွက် ရန်ပုံငွေ ဖိတ်စာတွေကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ၊ ၁၀,၀၀၀ နဲ့ ၂,၇၀၀ ဆိုပြီး ၃ မျိုး ခွဲထားပါတယ်။

ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ရီပတ်ပလစ်ကန်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ Paul Ryan အတွက် ရန်ပုံငွေပွဲကိုလဲ Tim Cook က ပြုလုပ်ပေးခဲ့ပါသေးတယ်။

ဒီရန်ပုံငွေပွဲတွေနဲ့ ပတ်သတ်ပြီး Apple နဲ့ ကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

Mawlamyine Daily

Ref: BuzzFeed

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s