စနစ်ကွဲပြားမှုတွေကြောင့် ချန်ပီယံ ထွန်းထွန်းမင်း ရှုံးနိမ့်

This slideshow requires JavaScript.

တိုကျို၊ ၃၁ ဇူလိုင် ၂၀၁၆

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ Ganryujima ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ WAY OF THE SAMURAI ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းက ကွန်ဂိုနိုင်ငံသား Didier Nyembwe ကို ရှုံးနိမ့်ခဲ့ပါတယ်။

အခုလို ရှုံးနိမ့်ရတာဟာ မြန်မာ့ ရိုးရာလက်ဝှေ့နဲ့ နိုင်ငံတကာလက်ဝှေ့ ကစားနည်းအသစ် ပြိုင်ပွဲနည်းစနစ်တွေကွဲပြားတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်သုံးသပ်ကြပါတယ်။

ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲဟာ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ မတူပဲ ကိုယ်ခံပညာပေါင်းစုံ ပါဝင်ပါတယ်။ ပြိုင်ပွဲစင်ဟာလဲ ကြိုးဝိုင်းမပါဘဲ အ၀ိုင်းပုံစံဖြစ်ပြီး စင်ပေါ်က၃ ကြိမ် ပြုတ်ကျရင် ရှုံးတာဖြစ်ပါတယ်။ ဒါ့အပြင် ယှဉ်ပြိုင်နေစဉ်မှာလည်း လဲကျ သွားခဲ့ရင် ၁၅ စက္ကန့်အတွင်း ဆက်တိုက် ထိုးနှက်မှုတွေ ဆက်လက်ပြုလုပ်နိုင်ပါတယ်။ ပြိုင်ပွဲအနေအထားမှာ ဆူမိုကစားနည်းနဲ့ ပုံစံဆင်တူတယ်လို့လည်း သိရပါတယ်။ အခုပြိုင်ပွဲဟာ ထွန်းထွန်းမင်း မရင်းနှီးသေးတဲ့ ပုံစံဖြစ်နေတာကြောင့်လဲ ရှုံးနိမ့်တာဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းက နိုင်ငံတကာပြိုင်ပွဲတွေရဲ့ အတွေ့အကြုံတွေကို ထပ်မံလေ့လာပြီး မြန်မာ့ရိုးရာလက်ဝှေ့ ကို နိုင်ငံတကာကိုထိုးဖောက်နိုင်အောင် လုပ်သွားမယ်လို့ ပြောပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ အားကစားတိုးတက်ဖို့ ဆိုရင် အစိုးရအနေနဲ့ ပွဲတွေများများလုပ်ပေးရမယ်။ ကစားသမားတွေကို ထောက်ပံ့ကြေးတွေပေးရမယ် လို့ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းက Mawlamyine Daily ကို ပြောပါတယ်။

အခုပြိုင်ပွဲကို နိုင်ငံပေါင်း ၁၇ နိုင်ငံက လာရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s