ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ထိုင်းနဲ့ မြန်မာ ပူးပေါင်းမယ်

c1_1048053_160730091616_620x413

ဘန်ကောက်၊ ၃၀ ဇူလိုင် ၂၀၁၆

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အဓိကမူးယစ်ဆေးထုတ်လုပ်တဲ့နေရာဖြစ်တဲ့ ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးအ၀င်အထွက်ကို တင်းကျပ်ပိတ်ပင်ပြီး နယ်စပ်ကျေးရွာဒေသတွေကို ဖွဲ့ဖြိုးတိုးတက်အောင်လုပ်ပြီး မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

မူးယစ်ကုန်ကူးသူတွေက နိုင်ငံကူးဖို့သုံးလေ့ရှိတဲ့ မဲခေါင်မြစ်ကို သန့်ရှင်းစေဖို့ရည်ရွယ်တဲ့ သုံးနှစ်တာ မဲခေါင်လုံခြုံရေးအစီအစဉ်အတွင်း  မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ ကာကွယ်တားဆီးရေးကို ဆက်လက်လုပ်ဆောင်ဖို့လည်း နှစ်နိုင်ငံကြား သဘောတူခဲ့ပါတယ်။

တင်းကျပ်ပိတ်ပင်တယ်ဆိုတာဟာ ရွှေတြိဂံဒေသထဲက မူးယစ်ဆေးတွေ ထွက်မသွားအောင် တိုးမြှင့်လုပ်ဆောင်မှာဖြစ်သလို တချိန်တည်းမှာပဲ ကမ္ဘာမှာမူးယစ်အထုတ်လုပ်ဆုံးဒေသထဲကို မူး
ယစ်ဆေးလုပ်နိုင်တဲ့ပစ္စည်းတွေ မ၀င်အောင် တားဆီးမှာလည်းဖြစ်တယ်လို့ ထိုင်းတရားရေးဝန်ကြီး Paiboon Koomchaya က နေပြည်တော်မှာ မြန်မာအဆင့်မြင့်အရာရှိတွေနဲ့တွေ့ဆုံအပြီးမှာ ပြောပါတယ်။

ရွှေတြိဂံဒေသမှာ နှစ်တိုင်း မူးယစ်ဆေးထုတ်လုပ်ဖို့ ဓာတုပစ္စည်း တန် ၃၀၀၀ အထိသုံးစွဲနေကြောင်း ထိုင်းမူးယစ်ဆေးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးရဲ့အထွေထွေအတွင်းရေးမှူး Sirinya Sitdhichai က နောက်ဆုံးခန့်မှန်းချက်တွေကို ကိုးကားပြီး ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေဟာ မဲခေါင်မြစ်အနီး မြန်မာ၊လာအိုနဲ့ထိုင်းတို့ ထိစပ်နေတဲ့ စတုရန်းကီလိုမီတာ ၉၅၀၀၀၀ ခန့်ကျယ်ဝန်းတဲ့ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးထုတ်လုပ်သူတွေကို ပစ်မှတ်ထားနေတာ ကြာမြင့်နေပြီဖြစ်ပါတယ်။ မြစ်အတွင်းသယ်ယူပို့ဆောင်ရာမှာ ကုန်ပစ္စည်းတွေကို လုံခြုံစိတ်ချစွာပို့ဆောင်နိုင်ဖို့ တရုတ်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်လည်းပါဝင်တဲ့ ပိုကြီးမားတဲ့အစီအစဉ်အတွင်း မူးယစ်နှိမ်နင်းမှုလည်း တစ်စိတ်တစ်ပိုင်းပါဝင်တာဖြစ်ပါတယ်။

မြန်မာဟာ အ၀င်အထွက်တင်းကျပ်မယ့်အစီအစဉ်ကို သဘောတူပေမယ့် ထိုင်းက မြန်မာရဲ့မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့တွေကို ကူညီပေးဖို့လိုတယ်လို့ ဗိုလ်ချုပ်ကြီး Paiboon က ပြောပါတယ်။

သောကြာနေ့အစည်းအဝေးမှာ နှစ်နိုင်ငံဟာ ထိုင်း-မြန်မာနယ်စပ်မှာနေထိုင်တဲ့ လူတွေရဲ့ ဘ၀တိုးတက်ရေးနဲ့ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိရေးကိုလည်း လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။

မြန်မာသယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးမြင့်ရွှေဟာ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာထောက်ပံ့မှုအပြင် ပရောဂျက်အတွက် သင်တန်းပေးမယ့် ထိုင်းနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ဖို့ သဘောတူခဲ့ကြောင်း ဗိုလ်ချုပ်ကြီး Paiboon က ပြောပါတယ်။

Mawlamyine Daily

Ref: Bangkokopost

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s