ဖုန်းပေါ်မှာ Video လေးတွေကြည့်ပြီး အင်္ဂလိပ်စာ လေ့လာရအောင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၃၀ ဇူလိုင် ၂၀၁၆

အခုခေတ်မှာ အင်္ဂလိပ်စာ သင်ဖို့ စာသင်ခန်းတွေ ရှိတဲ့နေရာ သွားနေစရာမလိုတော့ပါဘူး။ အိမ်မှာ ထိုင်ပြီးလေ့လာစရာလဲ မလိုတော့ပါဘူး။ ဖုန်းလေးတစ်လုံးရှိတာနဲ့ ရောက်တဲ့နေရာမှာ ဖုန်းပေါ်က တဆင့် အင်္ဂလိပ်စာကို ကောင်းကောင်းကြီး လေ့လာလို့ရနေပါပြီ။

အင်္ဂလိပ်စာကို အရေး၊အဖတ်၊အပြော၊ နားထောင် (4 Skills) စလုံးကို အခြေခံကနေ အဆင့်မြင့်အထိ သင်ကြားပေးမယ့် သင်ခန်းစာတွေကို Video ပေါင်း ၁၃၀၀၀ ကျော်နဲ့ လေ့လာနိုင်ငံ Application လေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

I love English ဆိုတဲ့ Icon လေးနဲ့ 13000 video english learning ဆိုတဲ့ App လေးပါ။ ဒီ Apk လေးမှာ ဆိုရင် TOEIC , TOFEL နဲ့ IELTS ဖြေဆိုဖို့ လေ့ကျင့်နေတဲ့ သူတွေ အတွက်ပါ သင်ခန်းစာတွေ ပါပါတယ်။ Grammer နဲ့ ဝေါဟာရတွေလေ့လာဖို့ လဲ ထည့်သွင်းပေးထားပါတယ်။ အင်္ဂလိပ်စာကို BBC နဲ့ VoA တို့လို သတင်းဌာနတွေရဲ့ သတင်းတွေက တဆင့် လေ့လာနိုင်ဖို့လဲ ပါရှိပါတယ်။ သီချင်းတွေနဲ့ ရုပ်ရှင်တွေက တဆင့်လဲ အင်္ဂလိပ်စာ လေ့လာနိုင်ဖို့ ရေးဆွဲထားပါတယ်။

သေချာတာကတော့ ဒီ App လေးက အင်္ဂလိပ်စာလေ့လာသူ အားလုံးကို ပျော်စရာအပြည့်နဲ့ လေ့လာနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးမှာပါ။ ဒီတော့ ကမ္ဘာကြီးနဲ့ အမှီရင်ဘောင်တန်းနိုင်ဖို့ အခုပဲ ဒီ App လေးကို ကိုယ့်ဖုန်းထဲမှာ Downlaod ချ၊ Install လုပ်ပြီး စလေ့လာလိုက်ရအောင်လား ရွှေမြိုင်သူ ရွှေမြိုင်သားတို့ရေ။

App ကို Google play store မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Download Link – https://play.google.com/store/apps/details?id=com.evideos&hl=en

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s