“ပိုက်ဆံကောက်ဖို့ဆိုရင် အားလုံးလာကြတယ်”

This slideshow requires JavaScript.

မော်လမြိုင်၊ ၂၉ ဇူလိုင် ၂၀၁၆

မြန်မာနိုင်ငံအောက်ပိုင်းရဲ့ အချက်အချာ၊လမ်းဆုံ၊လမ်းခွ မြို့ ဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမြေနီကုန်း အဝေးပြေးဝင်းကို ၂၀၀၆ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ တာပါ။ အခုချိန်မှာတော့ အဝေးပြေး ကားဂိတ် ခန်း ၃၅ ခန်းနဲ့ ဆိုင်ခန်းပေါင်း ၇၃ ခန်းရှိတဲ့ အဆိုပါအဝေးပြေးဝင်းကို မှီတည်ပြီးတော့လည်း ဈေးဆိုင်တွေ၊ဆိုင်ကယ် ကယ်ရီတွေ၊တနိုင်တပိုင် ပျံကျဈေးသည်တွေနဲ့ စည်ကားနေပြီဖြစ် ပါတယ်။

တိုးတက်စည်ကားလာတာနဲ့အတူ တဖက်မှာလည်း အဝေးပြေးဝင်းအတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားတာတွေ၊ကုန်တင်ကုန်ချတာတွေ၊သတ်မှတ်ထားတဲ့ နယ်နိမိတ်ထက်ကျော်လွန်ပြီး ကျူးကျော်ဈေးဆိုင်ဖွင့်လှစ်တာတွေ၊လမ်းနယ် နိမိတ်အထိ ဖွင့်လှစ်လာတဲ့ ပျံကျဈေးဆိုင်တွေ များပြားလို့လာပါတယ်။

၂၀၁၆ ခုနှစ် အစိုးရသစ်တက်လာပြီးနောက် ဇွန်လမှာ မော်လမြိုင်မြို့နယ်စည်ပင် က မော်လမြိုင်မြို့ မြေနီကုန်းအဝေးပြေးဝင်းအတွင်း ကျူးကျော်ဆိုင်းခန်းတွေ၊ပျံကျဈေးသည်တွေနဲ့ စည်းကမ်းမဲ့ ကုန်တင်ကုန်ချရပ်နားထားတဲ့ အဝေးပြေး ယာဉ်တွေကို သတ်မှတ်စည်းကမ်းနဲ့ အညီလုပ်ကိုင် ကြဖို့ အသိပေးပြောဆို၊စည်းကမ်းထုတ်ပြန်ထားပြီးဖြစ်ပေမယ့် မော်လမြိုင်မြို့ မြေနီကုန်း အဝေး ပြေးယာဉ်ရပ်နားစခန်းမှာတော့ မြို့နယ် စည်ပင်ရဲ့ စည်းကမ်းသတ်မှတ်မှုတွေဟာ အသက်မဝင်ပါဘူး။ဘာကြောင့်ပါလဲ။

မြေနီကုန်းအဝေးပြေးဝင်းမှာနေထိုင်ပြီး ၊ အဝေးပြေးဝင်းအထောက်အကူပြုအဖွဲ့ ရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ကိုအောင်သန့်ဇင်ကို Mawlamyine Daily မှ ဇူလိုင် ၂၉ ရက်နေ့က အဝေးပြေးဝင်းရဲ့ ကွပ်ကဲရုံးမှာတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

MD – မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အဝေးပြေးဝင်းအတွင်းရှိ ကျူးကျော်ဆိုင်တွေကို ဖျက်ခိုင်းရှင်းလင်းတာတွေ၊သတ်မှတ်နေရာတွေမှာသာ ရောင်းချဖို့ သတ်မှတ်ထားပေမယ့် အခုထိစည်းကမ်းမလိုက်နာတာတွေ့နေ ရပါတယ်။အဲဒါ ဘယ်လိုထင်လဲ။

ATZ – ကားဝင်းထဲမှာ ပျံကျဈေးသည်တွေများတယ်။နှစ်ပေါင်းများစွာကြာပြီဆိုတော့ သူတို့တွေလည်း နေရာအပိုင်လို့ ထင်နေကြ တာပေါ့။နောက်တချက်က စည်ပင်ကလည်း ကြပ်ကြပ်မတ်မတ်လုပ်မယ် လို့ထင်နေ တာပေါ့နော်။စည်းတားထားတဲ့ စည်းတွေအပေါ် ဆိုင်သမားတွေ ကျူးကျော်မရောင်းဖို့ ၊သူတို့တွေ(စည်ပင်) ၂ ကြိမ် ၃ ကြိမ်လောက်လာတယ်။

အရင်အစိုးရ စည်ပင်ဝန်ကြီးတက်တုန်းကလည်း အခုလိုဘဲလာပါတယ်။ နောက်တော့လည်း အခုပုံစံဘဲ ပြန်ဖြစ်သွားပါတယ်။အခုအစိုးရသစ်တက် လာတော့ ဒီပုံမျိုးဘဲ။ကြပ်ကြပ်မတ်မတ်လည်း မရှိဘူး။တရားဝင်ဒဏ်ရိုက်တာ တို့လည်း မရှိဘူးဆိုတော့ ကျနော်ထင်ပါတယ် အရင်ပုံစံအတိုင်းဘဲပြန်ဖြစ် သွားမှာပါ။

MD – ဒီအဝေးပြေးဝင်းနဲ့ပက်သက်ပြီး ခုလက်ရှိ ဘယ်လိုတွေဖြစ်နေလဲ။ဘယ်သူ့မှာတာဝန်ရှိမယ်လို့ ထင်လဲ။

ATZ – အဓိကတာဝန်ရှိတာကတော့ စည်ပင်မှာဘဲတာဝန်ရှိတာပါ။ဘာဖြစ်လို့လဲဆိုတော့ လမ်းဘေး ဈေးသည်ကိုစည်ပင်ကမွေးတာဘဲ။ရှုပ်အောင်လည်း သူဘဲလုပ်တာဘဲ။လမ်းဘေးဈေးသည်တွေမှာ တနေ့ကို ၁၀၀(သို့မဟုတ်)၂၀၀(သို့မဟုတ်)၃၀၀ သူတို့ကောက်တယ်။နောက်တချက်က ပေကျော်တွေပေါ့။စည်းအပြင်ထွက်တဲ့ဆိုင်တွေ၊ကွမ်း ယာဆိုင်တို့၊နောက်ပြီးတော့ အသီးအနှံရောင်းတဲ့ ဆိုင်တွေဆီက ညနေဆိုရင် ၃၀၀ တန်သည်ဖြစ်စေ ၄၀၀ တန်သည်ဖြစ်စေ သူတို့ကောက်တယ်။အဲဒီဝင်ငွေကလည်း တလကို ၅ သိန်းနှုန်းလောက်ရှိတယ်။

ကားဝင်းအဝင်ဝမှာဆိုရင် တနေ့ကို ကားအစီးရေတော်တော်များများဝင် ထွက်တယ်ပေါ့နော်။ဝင်ထွက်တဲ့အပေါ်မှာ ယဉ်ငယ်ဆိုဘယ်လောက် ယဉ်ကြီးဆိုဘယ်လောက် သတ်မှတ်ထားတာရှိတယ်။နောက်တချက်က ဝင်လာတဲ့ဆိုင်ကယ်တွေကိုကောက်တယ်။ညနေ ပိုင်းလမ်းဘေး ကျူးကျော်တွေ မှာကောက်တဲ့ငွေနဲ့ပေါင်းလိုက်ရင် တစ်လကို သိန်း ၂၀ လောက် ရမယ်လို့ ကျနော်တို့ခန့်မှန်းပါတယ်။

ဒီဝင်ငွေတွေရှိနေပေမယ့် ကျနော်တို့ဆီမှာ အခက်ခဲတွေ ရှိနေပါတယ်။ဘာတွေလည်းဆို ကျနော်တို့ဆီမှာ မိလ္လာတွေပြည့်နေတယ်။ပြည့်နေလို့ သက်ဆိုင်ရာ စည်ပင်တာဝန်ခံကိုအကြောင်းကြားတယ်လာရောက်ဖြေ ရှင်းပေးခြင်း မရှိဘူး။ နောက်တချက်က ရေမြောင်းတွေပိတ်ဆို့ပြီး ညစ်ညမ်းတဲ့အနံ့တွေ၊သန့်ရှင်းမှုအပိုင်းတွေ အားနည်းနေပါတယ်။ကျနော်တို့ ဝင်းထဲက လူတွေလည်းမညီညွတ်တာတွေလည်းပါ ပါတယ်။တာဝန်ခံမယ့်လူက တာဝန်ခံမှုမရှိဘဲနဲ့ ပွင့်လင်းပြောရင် ပိုက်ဆံကောက်ဖို့ ဖွဲ့စည်းထား တဲ့ အဖွဲ့အစည်းဖြစ်နေပါတယ်။

MD – ဒီမှာစည်ပင်ဝန်ထမ်းတွေ ဘယ်လိုငွေကောက်ကြလဲ။

ATZ- ဒီမှာ တာဝန်ခံအနေနဲ့ မတွေ့ရဘဲနဲ့ အငြိမ်းစားတစ်ယောက်ကို နေ့စားလပေး သဘောမျိုးနဲ့ခေါ်ထားပြီးတော့ ထားထားတာပေါ့နော်။ဒါကြောင့်လည်း ဆိုင်ခန်းသမား တွေရဲ့ ပြသနာတွေ၊လမ်းဘေးဈေးသည်တွေရဲ့ ပြသနာတွေ ဖြေရှင်းပေးဖို့ဆိုတာဘယ်သူမှ မရှိပါဘူး။ရဲတပ်ဖွဲ့ကိုဘဲ အကူညီတောင်းနေရတယ်။

သူ့ရဲ့တနေ့တာအလုပ်လုပ်ချိန်က ညနေပိုက်ဆံကောက်ချိန်မှာဘဲတွေ့ရပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျန်တဲ့အချိန်တွေမှာ ကျနော်တို့ ဆက်သွယ်ဖို့သတ်မှတ် ထားတဲ့ ရုံးခန်းမှာလည်းမရှိ ဘူးပေါ့နော်။ဒါကကြာပါပြီ။ဒီကိစ္စကို ကားဝင်း တဝင်းလုံးသိပါတယ်။နှစ်ပေါင်းမြောက်မြားစွ ကြာပါပြီ။ရုံးခန်းဆိုတာကလည်း ကျနော်တို့အခုရှိနေတဲ့ ကွပ်ကဲရုံးအပေါ်ထပ်ဘဲ။သူတို့လည်း မရှိကြဘူး။

MD – ဒီမှာ ဘယ်လိုအဖွဲ့အစည်းတွေက ပိုက်ဆံကောက်ကြလဲ။

ATZ-ယာဉ်ပိုင်းဆိုရင်တော့ ပြည်နယ် (ယ.ထ.က)ကကောက်ခံတာရှိတယ်။စည်ပင်ကျတော့ ဆိုင်ခန်းတွေကို တစ်လ နှစ်ထောင်ကောက်တယ်။နောက်တ ချက်က လမ်းဘေးဈေးသည် တွေကိုသူတို့ကောက်တယ်ယာဉ်ဝင်ယာဉ် ထွက်တွေ၊ ဆိုင်ကယ်တွေ၊ကားတွေကို သူတို့ လေလံပေးထားတဲ့အတွက် အဲဒါတွေကို ကောက်ပါတယ်။ပေးဆပ်မှုအပိုင်းကတော့ ဘာမှ မတွေ့ရဘူး။
အခုဆိုရင် (ယ.ထ.က) ကလည်း (ယ.ထ.က) လို စည်ပင်ကလည်း စည်ပင်လို ကျန်တဲ့ ဌာနဆိုင်ရာတွေကလည်း သီးခြားစီပေါ့နော် ပိုက်ဆံကောက်ဖို့ဆိုရင် အားလုံးလာကြတယ်။ပိုက်ဆံ ကောက်တဲ့အဖွဲ့အစည်းတွေဘဲဖြစ်ကြတယ်။

MD – မြေနီးကုန်းအဝေးပြေးဝင်းနဲ့ပက်သက်ပြီး ဘာများဖြည့်စွက်ပြောကြားချင် တာများရှိလဲ။

ATZ – ကျနော်တို့ ကားဝင်းကြီးကို နိုင်ငံတကာအဆင့်မှီကားဝင်းကြီး အဖြစ်မြင်ချင်တာပေါ့ နော်။နောက်တချက်က ကျနော်တို့ကားဝင်းကြီးသာယာ လှပဖို့အတွက် သက်ဆိုင်ရာ စည်ပင်တို့၊ပြည်နယ် (ယ.ထ.က)တို့ကား ဝင်းကြီးကြပ်မှု ကော်မတီတို့ အားလုံးပေါင်းစပ်မယ် ဆိုရင်တော့ သာယာလှပတဲ့ ကားဝင်းကြီးဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။

Mawlamyine Daily
(အင်တာဗျူး)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s