တာဝန်ကျေပြီလား

မော်လမြိုင်၊ ၁၅ ဇူလိုင် ၂၀၁၆
(ပြည်သူ့ပေးစာ)

“အမှတ်တမဲ့နဲ့ မွန်ပြည်နယ်ရဲ့သတင်းမီဒီယာ Page တခုမှာဖတ်လိုက်မိတဲ့ သတင်းတပုဒ် အန္တရာယ်ရှိ၍မစားသုံးသင့်သော လက်ဖက်အကြောင်း ဆိုင်နာ မည်များနှင့်တကွအသိပေးဖော်ပြချက်ပါသတင်းမှတ်မှတ်ရရနှင့်မှတ်လိုက်မိ
သည်က မော်လမြိုင်ဈေးကြီးကလက်ဖက်ဆိုင်အချို့၏ နာမည်များ
ဒီနေ့အမှတ်မထင်ဈေးကြီးသို့ရောက်သောအခါ လက်ဖက်ဆိုင်အချို့သို့ မျက်စိကစားမိလေ၏။

ထူးဆန်းသည်က လက်ဖက်ဆိုင်များမှာ အရင်အတိုင်းထူးခြားမှုမရှိ ရောင်းဝယ်နေဆဲ၊စည်ကားနေဆဲ မသိစိတ်နှင့်အသိစိတ်ပေါင်းလျက် ဈေးထဲသို့ဝင်ကာ ထောက်လှမ်းမိ၏။ ထိုဆိုင်များက သက်ဆိုင်ရာဌာနများက စစ်ဆေးခြင်း သတိပေးခြင်း ဒဏ်ရိုက်ခြင်း တစုံတရာပြုလုပ်ခြင်းမျိုးရှိပါသလား မေးမိသောမေးခွန်းအပေါ် အထူးအဆန်းသဖွယ် မမြင်မိဘူး မသိဘူး မဟုတ်ပါဘူး အချို့ကဟဲ့ ပေါက်တတ်ကရတွေ ဟူသောအဖြေမျိုးသာ ရခဲ့၏။
စိတ်ထဲတွင်ဘဝင်မကျမိချေ။

လက်ဖက်ဟူသည်မှာ လူကြိုက်များသော အစားအစာ တမျိုးပင်ဖြစ်ပေသည်။ လူကြိုက်များသည်ဆိုသည်မှာ လူအများ အသက်အရွယ်မရွေး
ကျား၊မ မရွေးလူတန်းစားမရွေး လူမျိုးမရွေးပါဝင်ပါသည်။

လူကြိုက်များသော အစားအစာ တခုကအန္တရာယ်ရှိသည်ဆိုသည်မှာ လူအများ၌အန္တရာယ်ရှိသည်ဟုကောက်ချက်ချနိုင်ပေသည်။
ထိုသို့အန္တရာယ်ရှိသောကိစ္စရပ်ကို တစုံတရာမျှစိစစ် စစ်ဆေးခြင်း မျိုးမပြုလုပ်ပဲ မီဒီယာ မှတဆင့်အကြောင်းရုံမျှဖြင့်တာဝန်ကျေပြီးဟု ယူဆနေကြပါသလား။
ရောင်းသူရှိလျှင်ဝယ်သူရှိမည်ပင်။

အန္တရာယ်ရှိသောအရာကိုဈေးကွက်တွင်ရောင်းနေသမျှကာလပတ်လုံး ဝယ်သူများလည်းရှိနေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ ထိုအခါ တချိန်ချိန်၌ ကျွန်ုပ်တို့ သတင်းစာတွေမှာ မီဒီယာ တွေမှာကြေငြာထားတာပဲ မဖတ်ကြမလေ့လာကြလို့ မသိကြတာပါဟု တစုံတယောက်ယောက်ကများ ပြောလာလေဦးမလားလို့ ပြည်သူတယောက်အနေနဲ့ စိုးရိမ်နေမိလျက် ရေးသားမိပါသည်”ဆိုပြီး Tun Ri Thi ဆိုသူမှရေးသားပေးပို့လာပါသဖြင့် Mawlamyine Daily ပြည်သူ့ပေးစာကဏ္ဍမှ ဖော်ပြလိုက်ပါတယ်။

Mawlamyine Daily
(ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s