အစိုးရဌာနဆိုင်ရာတွေရဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေက စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်နေ

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၁၆ မွန်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးဖို့အတွက် မွန်ပြည်နယ်က လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲမှာ လုပ်ငန်းရှင်တွေတချို့ကအစိုးရဌာန ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေက စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်နေတယ်လို့ ဆွေးနွေးခဲ့တာပါ။ တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းရွှေက “မိတ်ဆွေထဲကတစ်ယောက်ဆိုရင် ပုံစံ (၁၀၅)ရဖို့ သုံးနှစ်ကြိုး စားရတယ်။ခုထိမရသေးဘူး။ဒါလက်တွေ့နော်။ဘယ်နှယောက် ရှိလဲမေးရင် တပုံကြီးပြပေးလို့ရတယ်”ဆိုပြီး အစိုးရဌာနဆိုင်ရာတွေမှာကြုံတွေ့နေရတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းနဲ့ပက်သက်ပြီး Mawlamyine Daily ကိုပြောပါတယ်။ ဘဏ်လုပ်ငန်း၊ခရီးသွားလုပ်ငန်း၊ဟိုတယ်လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းနဲ့ ကုန်ထုတ် လုပ်ငန်းအပါဝင်၊ဈေးရောင်းဈေးဝယ်ကုန်သည် လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပြီး မွန်ပြည်နယ်ကစီးပွားရေးလုပ်ငန်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်ခဲနဲ့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့တာပါ။ အဆိုပါဆွေးနွေးပွဲကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး နဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ စက်မှုဝန်ကြီးတို့ လည်းတက်ရောက်ခဲ့တာပါ။ အစိုးရဌာနဆိုင်ရာတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ပက်သက်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝဏ္ဏကျော် … Continue reading အစိုးရဌာနဆိုင်ရာတွေရဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေက စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်နေ

စနစ်ကွဲပြားမှုတွေကြောင့် ချန်ပီယံ ထွန်းထွန်းမင်း ရှုံးနိမ့်

တိုကျို၊ ၃၁ ဇူလိုင် ၂၀၁၆ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ Ganryujima ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ WAY OF THE SAMURAI ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းက ကွန်ဂိုနိုင်ငံသား Didier Nyembwe ကို ရှုံးနိမ့်ခဲ့ပါတယ်။ အခုလို ရှုံးနိမ့်ရတာဟာ မြန်မာ့ ရိုးရာလက်ဝှေ့နဲ့ နိုင်ငံတကာလက်ဝှေ့ ကစားနည်းအသစ် ပြိုင်ပွဲနည်းစနစ်တွေကွဲပြားတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်သုံးသပ်ကြပါတယ်။ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲဟာ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ မတူပဲ ကိုယ်ခံပညာပေါင်းစုံ ပါဝင်ပါတယ်။ ပြိုင်ပွဲစင်ဟာလဲ ကြိုးဝိုင်းမပါဘဲ အ၀ိုင်းပုံစံဖြစ်ပြီး စင်ပေါ်က၃ ကြိမ် ပြုတ်ကျရင် ရှုံးတာဖြစ်ပါတယ်။ ဒါ့အပြင် ယှဉ်ပြိုင်နေစဉ်မှာလည်း လဲကျ သွားခဲ့ရင် ၁၅ စက္ကန့်အတွင်း ဆက်တိုက် ထိုးနှက်မှုတွေ … Continue reading စနစ်ကွဲပြားမှုတွေကြောင့် ချန်ပီယံ ထွန်းထွန်းမင်း ရှုံးနိမ့်

ဟီလာရီကလင်တန်အတွက် ရန်ပုံငွေ ရှာပေးမယ့် Apple CEO

ကယ်လီဖိုးနီးယား၊ ၃၁ ဇူလိုင် ၂၀၁၆ အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဦးဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဟီလာရီကလင်တန် ရဲ့ သြဂုတ်လ ထဲမှာပြုလုပ်မယ့် သမ္မတ မဲဆွယ်ပွဲအတွက် ရန်ပုံငွေပွဲ ကို Apple ကုမ္ပဏီရဲ့ CEO Tim Cook က ပြုလုပ်ပေးမှာဖြစ်ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် ဒီရန်ပုံငွေပွဲကို Tim Cook နဲ့အတူ Apple ရဲ့ ပတ်ဝန်းကျင်၊ မူဝါဒနှင့် လူမှုရေးဆိုင်ရာ ဒုဥက္ကဋ္ဌ ဖြစ်သူ Lisa Jackson တို့က ဟီလာရီကလင်တန် ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ရန်ပုံငွေမြှင့်တင်ဖို့ ကူညီပေးကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရန်ပုံငွေပွဲကို Apple ကုမ္ပဏီအနေနဲ့ … Continue reading ဟီလာရီကလင်တန်အတွက် ရန်ပုံငွေ ရှာပေးမယ့် Apple CEO

မော်ရွှေမြိုင်မှတ်စု

မော်လမြိုင်၊၃၁ ဇူလိုင် ၂၀၁၆ (ကဗျာ) အမှတ်တမဲ့ ငါဟာမင်းရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီး တိုးတိုးလေးပြန်ထွက်ခဲ့ရ လှပတဲ့မင်းရဲ့လက်သဖွယ် ကမ်းနားလမ်းမှာ ငါအိပ်ပျက်ညတွေကုန်ဆုံးဖူးတယ် မင်းနဖူးကိုဖွဖွလေးနမ်းပြီး တောင်ပေါ်တန်းအဝေးဟန် စိမ်းလန်းမှုတွေငေးမောဖူးတယ် လေတဖြူးဖြူးအိပ်မက်တံတားကြီးဖြတ်ပြီး ရာဇာဝင်ထဲက မဂဒူးရဲ့မုတ္တမမြို့ဟောင်းကိုတမ်းတခဲ့ဖူးတယ် အရူးအမူးနဲ့မင်းလက်ကိုတွဲပြီး တောင်ဝိုင်းဘုရားကိုဖူးရင်း မင်းရင်ခွင်ကိုရစ်မူးစွာနားခိုဖူးတယ် အခုတော့ အတိတ်ရဲ့အမှတ်တရစာမျက်နှာတွေဟာ မုသာဝါဒကံကျူးလွန်သူများကြောင့် သံလွင်တောင်ငိုညည်းနေပြီး တွင်းထွက်ကျင်းပေါင်းများစွာကို လက်တစ်ဆုပ်စာလူတွေက မျက်ခုံးပေါ်စင်္ကြန်လျောက်ပြီးစားသုံး ပြုန်းသထက်ပြုန်းတောင်တွေကတုံးပြောင် အဆိပ်မှိုင်းတွေတိုက်ပြန်တော့ အမှိုက်သရိုက်တွေအဖြင့် ပလပ်စတစ်ဗီဇတွေကပေါလော ကျောက်မီးသွေးတစ္ဆေကခြိမ်းခြောက်နဲ့ ဘီးလူးစည်းလူ့စည်းတွေမထား သံလွင်---ပျားတောင်----- မင်းတို့ဟာလိုသလိုအသုံးချနေရ အဟာရတွေဆိတ်သုဉ်းလာပေမဲ့ သံလွင်တံတားထိပ်မှရွှေဟင်္သာကြီးက လာရောက်သူများကိုအာသီတတရားဖြင့် အပြုံးပန်းဖြင့်ဆီးကြိုနေဦးမည်။ ရာမညမင်းငြိမ်းချမ်း Mawlamyine Daily

Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၁၆ ၁။ ကျမအသက်က ၂၇နှစ် အိမ်ထောင်ရှိပါတယ်။ July 24 နေ့က ရာသီစလာတဲ့ရက်မှာ ခေါင်းလျှော်ပါတယ်ဆရာ။ Dryer heat နဲ့အခြောက်ခံပြီး ခေါင်းဆောင်းမပါပဲ နေပူထဲရုံးသွားမိပါတယ်။ အဲဒီနေ့လည် ၁၂ခွဲလောက်ကတည်းက ခေါင်းကိုက် မူးဝေ ဇက်ကြောတက်တာ ယနေ့ 28 အထိပါ။ ဆေးခန်းသွားပြတာ သွေးပေါင်ချိန်ပုံမှန်လို့ပြောပါတယ်ရှင်။ ကျမသိချင်တာက ရာသီလာတုန်းခေါင်းလျှော်မိလို့လားသိချင်တာပါရှင်။ ၂။ ဆရာရှင့် သမီးအသက်၂၄ပါ၊ အပျိုပါရှင်။ သမီးရာသီလာရင် ခေါင်းလျော်လိုက်ရင်ရပ်သွားပါတယ်။ အဲလိုရပ်သွားတော့ အကုန်မသွားဘူးပေါ့နော်။ အဲလိုမဆင်းရင်ဘာရောဂါတွေဖြစ်နိုင်ပါလဲဆရာ။ သမီးဘာဆေးတွေသောက်သင့်လဲဆရာ။ သမီးမေးတာအမှားပါရင်ခွင့်လွှတ်ပါဆရာ။ ဒီဆေးကို တော်တော်များများ သောက်နေကြပါတယ်ဆရာ။ ဘေးဥပဒ် ဖြစ်စေလားဆရာ။ နောက်တခုမေးချင်လိုပါဆရာ။ သမီးဆီးခဏခဏ သွားပါတယ်ဆရာ။ ရေသောက်ပြီးခဏ ဆီးသွားပြီဆရာ။ သမီးရောဂါဖြစ်နေလားဆရာ။ အမှားပါရင် ခွင့်လွှတ်ပါရှင်။ ၃။ … Continue reading Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ

ဇူလိုင် ၃၁ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်‌ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာ မှ အားအလွန်ကောင်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ … Continue reading ဇူလိုင် ၃၁ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ထိုင်းနဲ့ မြန်မာ ပူးပေါင်းမယ်

ဘန်ကောက်၊ ၃၀ ဇူလိုင် ၂၀၁၆ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အဓိကမူးယစ်ဆေးထုတ်လုပ်တဲ့နေရာဖြစ်တဲ့ ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးအ၀င်အထွက်ကို တင်းကျပ်ပိတ်ပင်ပြီး နယ်စပ်ကျေးရွာဒေသတွေကို ဖွဲ့ဖြိုးတိုးတက်အောင်လုပ်ပြီး မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ မူးယစ်ကုန်ကူးသူတွေက နိုင်ငံကူးဖို့သုံးလေ့ရှိတဲ့ မဲခေါင်မြစ်ကို သန့်ရှင်းစေဖို့ရည်ရွယ်တဲ့ သုံးနှစ်တာ မဲခေါင်လုံခြုံရေးအစီအစဉ်အတွင်း  မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ ကာကွယ်တားဆီးရေးကို ဆက်လက်လုပ်ဆောင်ဖို့လည်း နှစ်နိုင်ငံကြား သဘောတူခဲ့ပါတယ်။ တင်းကျပ်ပိတ်ပင်တယ်ဆိုတာဟာ ရွှေတြိဂံဒေသထဲက မူးယစ်ဆေးတွေ ထွက်မသွားအောင် တိုးမြှင့်လုပ်ဆောင်မှာဖြစ်သလို တချိန်တည်းမှာပဲ ကမ္ဘာမှာမူးယစ်အထုတ်လုပ်ဆုံးဒေသထဲကို မူး ယစ်ဆေးလုပ်နိုင်တဲ့ပစ္စည်းတွေ မ၀င်အောင် တားဆီးမှာလည်းဖြစ်တယ်လို့ ထိုင်းတရားရေးဝန်ကြီး Paiboon Koomchaya က နေပြည်တော်မှာ မြန်မာအဆင့်မြင့်အရာရှိတွေနဲ့တွေ့ဆုံအပြီးမှာ ပြောပါတယ်။ ရွှေတြိဂံဒေသမှာ နှစ်တိုင်း မူးယစ်ဆေးထုတ်လုပ်ဖို့ ဓာတုပစ္စည်း တန် ၃၀၀၀ အထိသုံးစွဲနေကြောင်း ထိုင်းမူးယစ်ဆေးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးရဲ့အထွေထွေအတွင်းရေးမှူး Sirinya Sitdhichai က … Continue reading ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ထိုင်းနဲ့ မြန်မာ ပူးပေါင်းမယ်

ဖုန်းပေါ်မှာ Video လေးတွေကြည့်ပြီး အင်္ဂလိပ်စာ လေ့လာရအောင်

မော်လမြိုင်၊ ၃၀ ဇူလိုင် ၂၀၁၆ အခုခေတ်မှာ အင်္ဂလိပ်စာ သင်ဖို့ စာသင်ခန်းတွေ ရှိတဲ့နေရာ သွားနေစရာမလိုတော့ပါဘူး။ အိမ်မှာ ထိုင်ပြီးလေ့လာစရာလဲ မလိုတော့ပါဘူး။ ဖုန်းလေးတစ်လုံးရှိတာနဲ့ ရောက်တဲ့နေရာမှာ ဖုန်းပေါ်က တဆင့် အင်္ဂလိပ်စာကို ကောင်းကောင်းကြီး လေ့လာလို့ရနေပါပြီ။ အင်္ဂလိပ်စာကို အရေး၊အဖတ်၊အပြော၊ နားထောင် (4 Skills) စလုံးကို အခြေခံကနေ အဆင့်မြင့်အထိ သင်ကြားပေးမယ့် သင်ခန်းစာတွေကို Video ပေါင်း ၁၃၀၀၀ ကျော်နဲ့ လေ့လာနိုင်ငံ Application လေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ I love English ဆိုတဲ့ Icon လေးနဲ့ 13000 video english learning ဆိုတဲ့ App လေးပါ။ ဒီ Apk လေးမှာ … Continue reading ဖုန်းပေါ်မှာ Video လေးတွေကြည့်ပြီး အင်္ဂလိပ်စာ လေ့လာရအောင်

အပျော်လွန် သတင်းထောက်များ

မော်လမြိုင်၊ ၃၀ ဇူလိုင် ၂၀၁၆ (သရော်စာ) အစကတော့ သတင်းထောက်တွေတော်တော်ပျော်နေကြသည်။ သတင်းစာ ထုတ်ရတော့မည်။ ဒါဆို သတင်းစာဆရာဖြစ်မည်။ ဂျာနယ်ဆရာဆိုတာ သိပ်မကောင်း။ သတင်းထောက်တိုင်း သတင်းစာဆရာဖြစ်ချင်ကြသည်။ သတင်းစာထုတ်လျင် စာမူခပိုရနိုင်သည်။ အလုပ်လည်း ပိုလုပ်ရသဖြင့် လခလည်း တိုးလာနိုင်သည်။ အရင်ကလို ကိုယ့်သတင်းကို တပတ်စောင့်စရာမလိုတော့။ နေ့စဉ် သတင်းကိုတွေ့ရမည်။ စာမူခနေ့စဉ်ရမည်။ ကားဝယ်စီးမည်။ တိုက်ခန်းဝယ်မည်။ မိန်းမတွေယောင်္ကျားတွေယူမည်။ အိမ်မက်ကိုယ်စီဖြင့် သတင်းထောက်တွေပျော်နေကြသည်။ သတင်းစာမထုတ်သည့် ဂျာနယ်က သတင်းထောက်တွေက သတင်းစာထုတ်သည့် တိုက်ကို ပြောင်းကြသည်။ ဘယ်လောက်ရရ။ သတင်းစာထုတ်ရဖို့ အဓိကဖြစ်သည်။ သတင်းစာထုတ်မည့် တိုက်သတင်းထောက်တွေက ပျော်ကြသည်။ အခြားဂျာနယ် သတင်းထောက်ကို အထင်သေးသလိုကြည့်သည်။ ငါတို့ဆီလာခဲ့ဟုလည်း ဖိတ်ခေါ်လိုက်သည်။ သို့နှင့် သတင်းစာတွေ အစမ်းထုတ်သည်။ သတင်းထောက်တွေ ကျိုးစားကြသည်။ စာမူခတော့ … Continue reading အပျော်လွန် သတင်းထောက်များ