ဇွန်လ ၂၉ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၉ ဇွန် ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်တွေကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေ သကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည် နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်‌ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက် ပြီး၊ လှိုင်းအသင့်အတင့်မှ … Continue reading ဇွန်လ ၂၉ ရက်နေ့မိုးလေဝသခန့်မှန်းချက်

“ယုံကြည်ပေးပါ”

မော်လမြိုင်၊ ၂၉ ဇွန် ၂၀၁၆ "ပညာရေး စနစ်တွေနဲ့ လူငယ်အရင်းမြစ်တွေ မဖျက်စီးပါနဲ့ သူတို့ဝါသနာပါတာကို ယုံကြည်စွာလျှောက်လှမ်းခွင့်ပေးလိုက်ပါ......... စစ်ပွဲတွေလား လူတွေရဲ့ဘဝတွေကို ထပ်မစေတေးပါနဲ့ ဟိုးအရင်က ငြိမ်းချမ်းခဲ့တဲ့ မိသားစုဘဝလေးတွေပြန်ရအောင် ယုံကြည်စွာ လက်ကမ်းကူညီပေးပါ........ ယုံကြည်မှု ကိုးကွယ်မှုတွေကို ခုတုံးလုပ်ပြီး လူတွေရဲ့အခွင့်ရေးတွေ မချိုးဖောက်ကြပါနဲ့လား ဒီမြေမှာမွေး ဒီမြေမှာကြီး ဒီမြေမှသေ ဒီနိုင်ငံကြီးရဲ့ ကျေးဇူးကို အားလုံးချစ်ခင်စုပေါင်းပြီး ပြန်ဆပ်ခွင့်ပေးပါ..........." ဇံလေး Mawlamyine Daily

Cysts (ဆစ်စ်)

မော်လမြိုင်၊၂၉ ဇွန် ၂၀၁၆ - မင်္ဂလာပါ ဆရာ။ သမီးနာမည်က့ ပါ။ အသက် ၂၃။ မြစ်ကြီးနားမြို့ကပါ။ ရာသီလည်းမှန်ပါတယ်ရှင့်။ လည်ဂုတ် ဆံစပ်နားမှာ အကျိတ်တလုံးပေါ် လာပါတယ်။ ဘာရောဂါများ ဖြစ်နိုင်မလဲရှင့်။ စိုးရိမ်မိလို့ပါရှင့်။ - အကျိတ်ကိ တိတိကျကျပြောပါ။ တည်နေရာ၊ အရွယ်အစား၊ ပုံပန်း၊ ရွှေ့ရမရ၊ နာမနာ၊ အရောင်။ - ဟုတ်ကဲ့ဆရာ။ လည်ဂုတ် ဆံစပ်နားမှာပါ။ အရွယ်အစား လက်သန်းလောက် ရှိပါတယ်။ အကျိတ်က လုံးဝန်းတဲ့ ပုံပန်းသဏ္ဌာန်ရှိပါတယ်။ ရွှေ့လို့ရပါတယ်။ ဖိလိုက်ရင် နည်းနည်းနာပါတယ် အရောင် မရှိပါ။ ဆရာ လည်ပင်းနားမှာ နောက်ထပ် အကျိတ်တလုံးထပ်ဖြစ်လာပါတယ်။ စိုးရိမ်ရလား။ ဆရာဝန်ပြသင့်မပြသင့်ဆိုတာ သိချင်လို့ပါ။ ဆရာအားရင် ကျေးဇူးပြု၍ ပြန်ဖြေပေးပါဦးနောဆရာ။ မေးခွန်းမေးသူက … Continue reading Cysts (ဆစ်စ်)

Nipple discharge နို့ကနေ နို့မဟုတ်တာထွက်ရင်

မော်လမြိုင်၊ ၂၈ ဇွန် ၂၀၁၆ ကျွန်တော့်ဆီကို မေးခွန်းဆင်တူတွေလာနေကျ။ အခုရောဂါမေးခွန်း (၁) နဲ့ (၂) က တပြိုင်တည်းလာပါတယ်။ ၁။ ဆရာရှင့် သမီးတခုလောက်မေးချင်လို့ပါ။ သမီးအသက် ၂၇ နှစ်ပါ။ သမီးနို့ကနို့ရည်နည်းနည်းထွက်နေလို့ပါဆရာ။ ဘာဖြစ်လို့ထွက်တာလဲသိချင်လို့ပါဆရာ။ ရာသီလည်းပုံမှန်လာပါတယ်ဆရာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ အိမ်ထောင်မရှိပါဘူးရှင့်။ ရာသီလည်းလတိုင်းလာပါတယ်ဆရာ။ ရာသီလာခါနီးတိုင်း နို့အရမ်းတင်းပြီး နာပါတယ်ဆရာ။ အံ့သြလို့ပါဆရာ။ ကိုယ်ဝန်လည်းမရှိဘဲနဲ့ ဘာဖြစ်လို့ထွက်တာလဲ သိချင်လို့ပါဆရာ။ စိုးရိမ်လို့ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ ၂။ မင်္ဂလာပါဆရာ လွန်ခဲ့တဲ့လ လောက်က သမီးသိချင်တာလေးတွေ ဆရာ့အကောင့် chat boxကနေ မေးခဲ့ပါတယ်ရှင့်။ ဒါပေမယ့် စာမရောက်ဘူးထင်ပါရဲ့ ပြန်စာမရခဲ့ပါဘူးရှင်။ အဲ့အတွက် ဒီကနေ နောက်တခေါက်လာမေးမြန်းခြင်းဖြစ်ပါတယ်။ သမီးအသက်က ခု ၂၆ ထဲမှာပါ။ … Continue reading Nipple discharge နို့ကနေ နို့မဟုတ်တာထွက်ရင်

ဇွန်လ ၂၈ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၈ ဇွန် ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်‌ ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ … Continue reading ဇွန်လ ၂၈ ရက်နေ့မိုးလေဝသခန့်မှန်းချက်