Facebook လူမှုစာမျက်နှာပေါ်က မော်လမြိုင်

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၆

Social Media တစ်ခုဖြစ်တဲ့ Facebook စာမျက်နှာမှာ မော်လမြိုင်မြို့ နေ ပြည်သူတွေ စိတ်ဝင်တစားပြောဆိုဆွေးနွေးနေတဲ့ အကြောင်းအရာတွေ ကို ဖော်ပြပေးမယ့် Mawlamyine Daily ရဲ့ “Facebook လူမှုစာမျက်နှာပေါ်က မော်လမြိုင်”ကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

အခုရက်ပိုင်း Facebook စာမျက်နှာပေါ်မှာ မော်လမြိုင်မြို့နေပြည် သူတွေ ပြောဆိုဆွေးနွေးနေကြတဲ့ အကြောင်းအရာကတော့ ……..

“မွန်ဝန်ကြီးချုပ်နဲ့ ဝန်ကြီး တွေလာဘ်ယူရင် တိုင်ကြားပေမယ်”ဆို့တဲ့ အကြောင်းအရာပါဘဲ။

မွန်ပြည်နယ် ဝန်ကြီးချုပ် နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေ လာဘ်ယူခဲ့ရင် တိုင်ကြားပေး မယ့်လို့ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က မွန်ပြည်နယ်မှ ပြည်သူတွေကို ဇွန်လ ၂၉ ရက်နေ့က သူရဲ့ လူမှုစာမျက်နှာ Facebook မှတဆင့် ရေးသားပြောဆိုလိုက်တာပါ။

သူ့ရဲ့ ရေးသားချက်တွေကတော့

“မွန်ပြည်နယ်မှ ပြည်သူများခင်ဗျာ…..
Nld မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများနှင့် ဝန်ကြီးချုပ်တို့ လာဘ်စားလာဘ်ယူခဲ့လျှင် အချက်အလက် တိတိကျကျ ကျွန်တော်ထံပေး ပို့ကြပါ။ ကျွန်တော်ကိုယ်တိုင်လက်မှတ်ထိုး၍ အဖွဲ့ချုပ် ဥက္ကဌနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ထံသို့ စာရေး တိုင်ကြားပေးပါမည်။ကျွန်တော်ကိုယ်တိုင် လာဘ်စားလာဘ်ယူခဲ့သည်ဟုကြားသိခဲ့လျှင် လည်း အဖွဲ့ချုပ် ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထံတိုင်ကြားနိုင်ပါသည်။
ဦးအေးမင်းဟန်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မွန်ပြည်နယ်အလုပ်အမှုဆောင်
၀၉၂၅၅၉၀၀၁၂၂”

ဆိုပြီး သူ့ထံ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပါ ဖော်ပြရေးသားထားတာပါ။

သူ့ရဲ့ ရေးသားဖော်ပြတဲ့ Post အောက်မှာတော့ “လေးစားပါတယ်။ထောက်ခံပါတယ်။အောင်မြင်ပါစေ” လို့ comment တွေရေးသားထားကြသလို၊ Mgzaw Htun ဆိုသူကတော့ “လာဘ်စားတာ တိတိကျကျ သိဖို့ဘယ်လွယ် ပါ့မလဲ၊ဒါကြောင့်လဲ အရင် နှစ် ၆၀ ထဲက ပြောရင်း ဥပဒေ ထုတ်ရင် ဒီအခြေအနေရောက်လာတာလေ” လို့ ပြောဆိုထောက်ပြထားတာကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် Aye Min Han က “အကို သေသေ ချာချာ စုံစမ်းရင်ရပါတယ်။သတင်းသဲ့သဲ့ ကြားရင်လည်း ပြောပါ။ကျွန်တော်တို့ ဆက်လက်စုံစမ်းပါ့မယ်” လို့ ပြန်လည်ဖြေကြားရေးသားထားပါတယ်။

El El Hlaing ဆိုသူကလည်း “ဟုတ်ကဲ့။ အကယ်၍ ဝန်ကြီးကို မပေးပဲ ဝန်ကြီး ကတော်ကိုပေးတာဆိုရင်ကော”လို့မေးမြန်းထားတာကိုတော့ အဆိုပါ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က “ဝန်ကြီးကတော်၊ PA လည်း အတူတူပါပဲ” လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

“ဝန်ထမ်းတွေကိုကြ ဘယ်ကိုတို်င်ရမှာလဲ” ၊ “တိုင်စာ အပြောလွယ်သလောက် တကယ်ရှုပ်ထွေးတယ်” ၊ “လာဘ်ပေးလိုက်သူက ဘယာကြောင့်ပေး လိုက်ရသူ ပါ။သို့သော် သူကိုယ်တိုင်လဲ ပြစ်မှုမြောက်နေမှာတော့ တိုင်ကြားပါတော့မ လားဗျာ” လို့ ဆိုပြီး Comment ပေါင်း ရာချီ ရေးသားထားကြသလို၊ Share သူပေါင်း၊like သူပေါင်း ရာချီရှိနေတဲ့ မွန်ပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန် ရဲ့ Post နဲ့ ပက်သက်ပြီး သဘောထားအမြင် တွေ အပြန်အလှန်ပြောဆိုနေကြတဲ့ တော့ Mawlamyine Daily ရဲ့ “ Facebook လူမှုစာမျက်နှာပေါ်က မော်လမြိုင်” ကဏ္ဍမှ ဖော်ပြလိုက်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s