မွန်ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ် ဒေါ်စံဝင့်ခိုင်

ဒေါ်စံဝင့်ခိုင်

မော်လမြိုင်၊ ၂၃ ဇွန် ၂၀၁၆

ပအိုဝ်းတိုင်းရင်းသူ ဒေါ်စံဝင့်ခိုင် ကိုမွန်ပြည်နယ်၊သထုံမြို့ မှာ အဘ ဦးသောင်းရွှေ၊ အမိ ဒေါ်သန်းကြည် တို့မှ ၁၉၄၇ ခုနှစ် သြဂုတ် ၂၀ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

ငယ်စဉ်က အခြေခံပညာကို သထုံမြို့ အမှတ်(၁)အထက်တန်းကျောင်းနဲ့ မော်လမြိုင်မြို့ က ပုဂ္ဂလိက ကျောင်းတွေမှာ သင်ကြားခဲ့ပြီး၊မန္တလေး ဝိဇ္ဇာ၊သိပ္ဗံ တက္ကသိုလ်၊မန္တလေး စက်မှု စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးပညာ သင်ကျောင်းမှာ သင်ကြားခဲ့ပြီး B.Sc(Bot),D.A,H.G.P ရရှိခဲ့သူပါ။

၁၉၇၄ – ၁၉၈၃ ခုနှစ်တွေတုန်းက မန္တလေး သမဝါယမအသင်းစု၊စာနယ်ဇင်း လုပ်ငန်းမှာ စာရင်ကိုင်းအဖြစ်လုပ်ကို်င်ခဲ့သလို၊၁၉၈၃-၁၉၈၈ ခုနှစ်ကာလတွေ မှာတော့ ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်က ဇရပ်ကြီးမြို့မှာ အထက်တန်းပြအနေနဲ့ လုပ်ကိုင်ခဲ့သူပါ။ထို့အပြင် အင်္ဂလိပ်စာပြဆရာမအဖြစ် ပညာဒါနကျောင်းတွေ မှာပါဝင်လုပ်ဆောင်ခဲ့သူပါ။၁၉၈၉ ခုနှစ်တွေတုန်းက နိုင်ငံရေးပုဒ်မ ၅(ည)နဲ့ ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရသူပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး တစ်ဦးဖြစ်သလို၊အဖွဲ့ ချုပ်ရဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် အလုပ်မှုဆောင်တစ်ဦး လည်းဖြစ်ပါတယ်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအရောက်မှာတော့ ဒေါ်စံဝင့်ခိုင်သည် မွန်ပြည်နယ်က ပအိုဝ်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မွန်ပြည်နယ်အစိုးရဖွဲ့စည်းချိန်မှာတော့ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး အနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူပါ။ပအိုဝ်းတိုင်းရင်း သားရေးရာ ဝန်ကြီး လည်းဖြစ်၊မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်သူ ဒေါ်စံဝင့်ခိုင်သည် သမီး နှစ်ယောက် ၊သားတစ်ယောက်တို့နဲ့အတူ သထုံမြို့ ၊သိမ်ကုန်းရပ်က ရွှေစာရံဘုရားလမ်း မှာနေထိုင်နေသူပါ။

လက်ရှိမွန်ပြည်နယ်အစိုးရအဖွဲ့ တွင်း ၅ နှစ်တာ တာဝန်ထမ်းဆောင် ချိန်မှာတော့ မော်လမြိုင်မြို့ က ဝန်ကြီးအိမ်ယာမှာနေထိုင်လျှက်ရှိပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s