Facebook လူမှုစာမျက်နှာပေါ်က မော်လမြိုင်

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၆ Social Media တစ်ခုဖြစ်တဲ့ Facebook စာမျက်နှာမှာ မော်လမြိုင်မြို့ နေ ပြည်သူတွေ စိတ်ဝင်တစားပြောဆိုဆွေးနွေးနေတဲ့ အကြောင်းအရာတွေ ကို ဖော်ပြပေးမယ့် Mawlamyine Daily ရဲ့ “Facebook လူမှုစာမျက်နှာပေါ်က မော်လမြိုင်”ကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ အခုရက်ပိုင်း Facebook စာမျက်နှာပေါ်မှာ မော်လမြိုင်မြို့နေပြည် သူတွေ ပြောဆိုဆွေးနွေးနေကြတဲ့ အကြောင်းအရာကတော့ ........ “မွန်ဝန်ကြီးချုပ်နဲ့ ဝန်ကြီး တွေလာဘ်ယူရင် တိုင်ကြားပေမယ်”ဆို့တဲ့ အကြောင်းအရာပါဘဲ။ မွန်ပြည်နယ် ဝန်ကြီးချုပ် နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေ လာဘ်ယူခဲ့ရင် တိုင်ကြားပေး မယ့်လို့ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က မွန်ပြည်နယ်မှ ပြည်သူတွေကို ဇွန်လ ၂၉ … Continue reading Facebook လူမှုစာမျက်နှာပေါ်က မော်လမြိုင်

မွန်ပြည်သစ်ပါတီ မပါဝင်တဲ့ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) ဖွဲ့စည်း

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၆ မွန်တိုင်းရင်းသားလက်နက်ကို်င်တပ်ဖွဲ့ မွန်ပြည်သစ်ပါတီ မပါဝင်တဲ့ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)ကို ဇွန်လ ၃၀ ရက်နေ့က မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ စတင်ဖွဲ့စည်းလိုက်ပါပြီ။ အဆိုပါ ကော်မတီတွင် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ်မထိုးရaသးတဲ့ မွန်ပြည်သစ်ပါတီ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ မပါဝင်ပေမယ့်လည်း၊လက်မှတ် ရေးထိုးထားပြီးဖြစ်တဲ့ တပ်မတော်၊KNU၊ ABSDF နဲ့ အရပ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်တွေပါဝင်ခဲ့ပါတယ်။ တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး NCA စာချုပ်အရ စာချုပ်အတွင်း လက်မှတ် ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောတူညီချက်အရ ကတိကဝတ်တွေကို စောင့်ကြည့်ရန်၊ပြည်ထောင်စုအဆင့်၊ပြည်နယ်အဆင့် ၊ဒေသအဆင့်တွေဆိုပြီး ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ တွေကို ဖွဲ့စည်းရမှာပါ။ ဒီတော့ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ … Continue reading မွန်ပြည်သစ်ပါတီ မပါဝင်တဲ့ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) ဖွဲ့စည်း

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ခိုင်

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၆ စောအဲသို (ခေါ်) ဦးအောင်မြင့်ခိုင် သည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီးတစ်ဦးဖြစ်သလို မွန်ပြည်နယ်လွှတ်တော်မှာလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ပါ။ အဘ ဦးညွှန့်မြိုင်၊ အမိ ဒေါ်စိန်ကြည် တို့မှ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကဒါကျေးရွာမှာ မွေးဖွားခဲ့သူပါ။မူလတန်း(သရက်ကုန်း)၊ကဒါ အလယ်တန်းကျောင်းနဲ့ မော်လမြိုင်က အမှတ် (၁၀)အထက်တန်းကျောင်းတွေမှာ ပညာသင် ယူခဲ့ပြီး စိုက်ပျိုးရေးသိပ္ဗံ(သထုံ)မှာ စိုက်ပျိုးရေးဒီပလိုမာ ရရှိထားသူပါ။ ဦးအောင်မြင့်ခိုင်သည် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း(ရုံးချုပ်)၊မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း(မုဒုံ)၊မုဒုံ အဇင်းဥယျာဉ်ခြံ တို့မှာ ဒု- လ/ထ ကြီးမှုး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူပါ။သူဟာ ကဒါ ကျေးရွာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ရပ်ကျေး ဥက္ကဋ္ဌ … Continue reading မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ခိုင်

လူမွဲတောင်းဆု

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၆ (ကဗျာ) "ဆေးရုံကြီးမှာ ဆေးကကုန် ကြားလို့ ငါမယုံ ဆေးရုံဒေါက်တာ ဖွင့်လို့ထား ဟိုဆေးဆိုင်ကိုသွား နပ်(စ်)မများနဲ့ ဆရာဝန် မျက်နှာမွဲရင် မကပ်ချင် ဘာသိချင်ချင်မမေးနဲ့ ဟောက်ခံထိမယ်ကွယ့် အပ်က အစ ဆေးအစုံ ဆိုင်မှာ ဝယ်ကြကုန် ပိုက်ဆံကုန်ရင် ပစ်ကာထား အဲ့ဒါ မေတ္တာတရား နာဖျားတိုင်းလည်း မသွားရဲပါ ငွေကုန်လှတယ်ဗျာ လူပုံအလယ်မှာ ချိတ်ကာရေး စရိတ်မျှပေး ကျန်းမာရေး ငွေမပေးက သိကြနော် လူနာမသာပေါ် ဂိတ်စောင့်ကစ ရေခဲတိုက်အဆုံး ငွေကို လှိုင်လှိုင်သုံး လူလုံးမလှ ကျောမွဲမှာ ဆေးရုံဆိုလျှင် ကြောက်နေရှာ ဘုရားရှင်မှာ သူဆုတောင်း ဆေးရုံမရောက်ခင် ဘဝပြောင်း....။" လမ်းပြကြယ် Mawlamyine Daily

Asthma (1) ပန်းနာ (၁)

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၆ ဆရာရှင့် သမီးအသက် ၂၈ နစ်၊ အိမ်ထောင်မရှိ အပျိုဖြစ်ပါသည်။ ငယ်ငယ်တည်းက ခုထိ ရင်ကြပ်ရောဂါ ခံစားနေရပါသည်။ မနက်စောစော ၂ နာရီဝန်းကျင်လောက်တွင် အသက်ရှူကြပ်ပြီးတရွီးရွီး အသံများထွက်ကာ အိပ်ရာမှနိုးလာတ တ်သည်မှာ မကြာခဏဖြစ်နေပါသည်။ Salbutamol 2mgသောက်လိုက်ပြီးတနာရီကြာလျှင် လုံးဝပျောက်ကင်းသွားတတ်ပါသည် ။ တလတွင် ၃ကြိမ်လောက်ဖြစ်တတ်ပြီး တကြိမ်ဖြစ်ရင် ၄ရက်လောက် ဆေးဆက်သောက်ရပါသည်။ ရောဂါမှာတအားမဆိုးသဖြင့် သောက်ဆေးဖြင့်အဆင်ပြေနေပါသည်။ Salbutamol 2mg ဆွဲသောက်လျှင် ဘာတွေဖြစ်နိုင်ပါသလဲရှင့်။ မကြာမကြာဖြစ်နေသဖြင့်သတိထားဆင်ခြင်နေသော်လည်း ပြန်ပြန်ဖြစ်နေပါသည်။ သမီးအတွက်ဆောင်ရန် ရှောင်ရန် လိုအပ်လျှင် စနစ်တကျ ကုသမှုခံယူနိုင်ရန် လမ်းညွန်ပေးစေချင်ပါသည်။ ကျေးဇူးအထူးတင်ပါတယ်ဆရာ။ အရေးအသားမှားတာရှိရင်တောင်းပန်ပါသည်ရှင့်။ လူဦးရေ ၅% မှာ ပန်းနာရှိတယ်။ ၁၄ နှစ်အောက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များတယ်။ … Continue reading Asthma (1) ပန်းနာ (၁)

ဇွန်လ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့်‌ ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်‌ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် … Continue reading ဇွန်လ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်