မော်လမြိုင်ဈေးအတွင်း ဆိုင်ကယ်ရပ်နားခ ငွေကြေးပိုမိုကောက်ခံမှု ပေးသူမှာတာဝန်ရှိဟု မွန်ဝန်ကြီးချုပ်ပြော

This slideshow requires JavaScript.

မော်လမြိုင်၊ ၃၁ မေ ၂၀၁၆

မေလ ၃၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ၊အောင်ဆန်းခန်းမမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ မှ ရက်(၁၀၀)အတွင်းပြုလုပ်မယ့် မီဒီယာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။

“ယူသူရှိရင် ပေးသူမှာလည်း အပြစ်ရှိတယ်။ပေးတဲ့လူကမပေးနဲ့လေ။အခုကျနော်သိပြီ။ဒါကိုဖြေ ရှင်းမယ်။ယူသူမှာတောင်မဟုတ်ဘူး ပေးတဲ့သူမှာပါ တာဝန်ရှိတယ်” လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောဆို လိုက်တာပါ။

မွန်ပြည်နယ်အစိုးရအဖွဲ့ ရက်(၁၀၀)စီမံချက် မီဒီယာတွေ့ဆုံရှင်းလင်းပွဲ တက်ရောက်လာတဲ့ စာနယ်ဇင်းသမားတွေက မော်လမြိုင်မြို့ ဈေးကြီးအတွင်း ဆိုင်ကယ်ရပ်နားခပိုမိုပေးဆောင်နေရတာနဲ့ပက်သက်ပြီး မေးမြန်းတာကိုပြန် လည်ဖြေကြားလိုက်တာဖြစ်ပါတယ်။

မော်လမြိုင်မြို့ မှာ အပေါ်ဈေး(ခေါ်) မြိုင်ရတနဈေး၊အောက်ဈေး(ခေါ် ) အမှတ်(၁) ဈေးတွေမှာတော့ ယဉ်ရပ်နားခံ ကောက်ခံရေးလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တိုက်ရိုက်စီမံလုပ်ကိုင်နေတာပါ။

“လာတဲ့သူတွေက သူ့ဆိုင်ကယ်အခိုးခံရမှာစိုးလို့ မုန့်ဖိုးသဘောနဲ့ ပေးခဲ့တာဖြစ်မယ်။ကျနော်တို့ကတော့ ၁၀၀ ဘဲသတ်မှတ်ထားပါတယ်”လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင် က အဆိုပါ မီဒီယာရှင်းလင်းပွဲမှာ ပြောပြန်တယ်။

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ ဈေးအတွင်း ယာဉ်ရပ်နားခ နှုန်းထားတွေကတော့ မော်တော်ဆိုင်ကယ် ကို ၁၀၀ ကျပ်သာ ကောက်ခံရမယ်လို့ တရားဝင်သတ်မှတ်ထားတာပါ။

ဈေးအတွင်း ဆိုင်ဖွင့်လှစ်ရောင်းချသူတချို့ကတော့ လပေးအနေနဲ့ယာဉ်ရပ်နားခတစ်လတစ် ကြိမ်ပေးသွင်းကြသလို၊ဈေးဝယ်လာသူတွေကတော့ နေ့ပေးအနေနဲ့ဘဲ ယာဉ်ရပ်နားခပေး ဆောင်ကြတာပါ။

“သူတို့(ငွေကောက်ခံသူ)က နှစ်ရာတောင်းတော့ ပေးလိုက်တာဘဲ။အရင်ကတည်းက တောင်းနေတာ နှစ်ရာဘဲလေ” လို့ မော်လမြိုင် အောက်ဈေးအတွင်း ဆိုင်ကယ်ရပ်နားခ ပေးဆောင်ခဲ့ရတဲ့ ကိုမျိုးကို က Mawlamyine Daily ကိုပြောပါတယ်။

ဈေးအတွင်းသွားရောက်နေကြ မော်လမြိုင်မြို့ နေ ကိုဇော်ဟန် ဆိုသူကတော့ “ တစ်ရာဘဲကောက်ရမှာကိုသိတယ်။သူတို့တွေ နှစ်ရာတောင်းလို့ ဖြတ်ပိုင်းတောင်းတော့ အဲဒီဆိုင်ကယ်ကိုမှတ်ထားကွ ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်” လို့ သူ့အတွေ့ကြုံကိုပြောပါတယ်။

မော်လမြိုင်မြို့ က လူသွားလူလာများတဲ့ အပေါ်ဈေးနဲ့ အောက်ဈေးတွေမှာ သတ်မှတ်နှုန်းထားထက်ပိုမိုကောက်ခံနေတာ နှစ်အတော်တော် ကြာနေပြီဖြစ်ပါတယ်။ ငွေကောက်ခံသူတွေဟာ စည်ပင်ဝန်ထမ်းတွေမဟုတ် ဘဲအခကြေးငွေပေးပြီး ငှားထားတဲ့ သာမာန် အရပ်သားတွေဖြစ်ပါတယ်။မော်လမြိုင်မြို့ ဈေးတွေက ယာဉ်ရပ်နားခ ကောက်ခံရေးလုပ်ငန်းကို အရင်ကတော့ ပုဂ္ဂလိကထံ လေလံပေး လုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ကဘဲ တိုက်ရိုက်စီမံခန့်ခွဲလုပ်ကိုင်နေတာဖြစ်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s