မော်လမြိုင်၊ ၃၀ မေ ၂၀၁၆
မော်လမြိုင်မြို့ မှာ မေလ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကျင်းပနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ငြိမ်းချမ်းရေးညီလာခံဟာ မွန်ပြည်နယ်မှာ ကျင်းပနေတာ ဒုတိယအကြိမ်ကျင်းပနေတာပါ။
နှစ်ရက်ကြာကျင်းပမယ့် ဒီညီလာခံမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုဆွေးနွေးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားနဲ့ ပါဝင်နိုင်ဖို့အရေးဆွေးနွေးကြမှာပါ။
ပထမနေ့ ဖိုရမ်မှာတော့ လူမှုအဖွဲ့အစည်း ၁၀၀ နီးပါးက ကိုယ်စားလှယ်တွေတက်ရောက်ဆွေးနွေးခဲ့တာပါ။
ပထမအကြိမ် အရပ်ဖက်လူမှုအဖွဲ့အစည်းငြမ်းချမ်းရေးညီလာခံကိုတော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက မော်လမြိုင်မြို့မှာဘဲ နှစ်ရက်တာကျင်းပခဲ့ပါသေးတယ်။
Mawlamyine Daily