Website မိတ်ဆက်

မော်လမြိုင်၊ ၁၁ မေ ၂၀၁၆

ကဲ ဒီတစ်ပတ် Website မိတ်ဆက်အစီအစဉ်အတွက် အချိန်ကျရောက်လာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲ့အပတ်က ကတိပေးထားတဲ့ခဲ့အတိုင်း အလုပ်ရှာနေတဲ့ ရွှေမြိုင်သူ၊ ရွှေမြိုင်သားတွေအတွက် လခကောင်းတဲ့အလုပ်တွေကို အမြဲတမ်းတင်ပေးနေတဲ့ Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။

http://themimu.info/mm ပါ။ Myanmar Information Management Unit လို့ခေါ်တဲ့ MIMU Website ကတော့ UN အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း (INGO) တွေမှာ အလုပ်လုပ်ချင်တဲ့ သူတွေအတွက်တော့ တကယ်ကောင်းတဲ့ Website တစ်ခုလို့ပြောရမှာပါ။ ဒီ Website ဤစာမျက်နှာမှာ မြန်မာနိုင်ငံက လူသားချင်းစာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာ လစ်လပ်နေတဲ့ အလုပ်အကိုင် ရာထူးတွေအတွက် အလုပ်ခေါ်စာတွေကို တွေ့ရမှာပါ။

မြန်မာနိုင်ငံသားတွေအတွက် အလုပ်ခေါ်စာတွေကိုပဲ ရွေးပြီးကြည့်ချင်တယ်ဆိုရင် http://themimu.info/mm/jobs-for-myanmar-nationals ကိုနှိပ်ပြီးတော့လဲ တိုက်ရိုက်သွားကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံအနှံ့က မြို့တော်တော်များများအတွက် လစ်လပ်နေတဲ့နေရာတွေကို ခေါ်နေတာမလို့ ကိုယ်အလုပ်လုပ်ချင်တဲ့မြို့မှာ ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်နေရာတွေ ရှာတတ်ဖို့ပဲ လိုတာပါ။

ဒီ Website ကို အင်္ဂလိပ်ဘာသာ မြန်မာဘာသာ နှစ်မျိုး စလုံးနဲ့ ကြည့်ရှုနိုင်ပါတယ်။ ဒီ Website မှာ အလုပ်ခေါ်သာတွေအပြင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ သဘာဝ ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလဲ တင်ပေးထားပါတယ်။

မြန်မာ သတင်း အချက်အလက် စီမံ ခန့်ခွဲမှုယူနစ် (MIMU) ရဲ့ ရည်ရွယ်ချက်တွေကတော့ ကုလသမဂ္ဂ ဋ္ဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရဲ့ စီမံခန့်ခွဲမှု အောက်မှာရှိတဲ့ ကုလသမဂ္ဂ နိုင်ငံဆိုင်ရာ အဖွဲ့နှင့် လူသားချင်း စာနာမှု နိုင်ငံဆိုင်ရာ အဖွဲ့တွေကို ၀န်ဆောင်မှု ပေးဖို့အပြင် ပေါင်းစပ် ညှိနှိုင်းခြင်း၊ သတင်း အချက်အလက် စုဆောင်းခြင်း၊ ဖြည့်သွင်းခြင်း၊ လေ့လာသုံးသပ်ခြင်း၊ ဖြန့်ဝေခြင်းတို့ကို ပိုမို အားကောင်း စေခြင်းဖြင့် နိုင်ငံတွင်းနှင့် ပြင်ပရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူသား ချင်း စာနာမှု နိုင်ငံဆိုင်ရာ အဖွဲ့၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်များ၊ အခြား လုပ်ငန်း ဆောင်ရွက်သူများ စသည့် အမျိုးမျိုးသော အဓိက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ လေ့လာ သုံးသပ်မှုနှင့် ဆုံးဖြတ်ချက် ချနိုင်သည့် စွမ်းရည်ကို တိုးတက် စေဖို့ ပဲဖြစ်ပါတယ်။

ကဲ ရွှေမြိုင်သူ ရွှေမြိုင်သားတွေလဲ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လစာကောင်းတဲ့ ရာထူးတွေမှာ အလုပ်နေရာတွေ ရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

နောက်အပတ် Website မိတ်ဆက်ကဏ္ဍ မှာတော့ မိုဘိုင်းဖုန်းသုံးစွဲသူတိုင်း သိကိုသိထားသင့်တဲ့ Website တစ်ခုနဲ့မိတ်ဆက်ပေးပါဦးမယ်။ နောက်တစ်ပတ်မှာ ပြန်တွေ့ကြမယ်နော်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s