မော်လမြိုင်ဈေးအတွင်း ဆိုင်ကယ်ရပ်နားခ ငွေကြေးပိုမိုကောက်ခံမှု ပေးသူမှာတာဝန်ရှိဟု မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ ၃၁ မေ ၂၀၁၆ မေလ ၃၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ၊အောင်ဆန်းခန်းမမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ မှ ရက်(၁၀၀)အတွင်းပြုလုပ်မယ့် မီဒီယာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။ “ယူသူရှိရင် ပေးသူမှာလည်း အပြစ်ရှိတယ်။ပေးတဲ့လူကမပေးနဲ့လေ။အခုကျနော်သိပြီ။ဒါကိုဖြေ ရှင်းမယ်။ယူသူမှာတောင်မဟုတ်ဘူး ပေးတဲ့သူမှာပါ တာဝန်ရှိတယ်” လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောဆို လိုက်တာပါ။ မွန်ပြည်နယ်အစိုးရအဖွဲ့ ရက်(၁၀၀)စီမံချက် မီဒီယာတွေ့ဆုံရှင်းလင်းပွဲ တက်ရောက်လာတဲ့ စာနယ်ဇင်းသမားတွေက မော်လမြိုင်မြို့ ဈေးကြီးအတွင်း ဆိုင်ကယ်ရပ်နားခပိုမိုပေးဆောင်နေရတာနဲ့ပက်သက်ပြီး မေးမြန်းတာကိုပြန် လည်ဖြေကြားလိုက်တာဖြစ်ပါတယ်။ မော်လမြိုင်မြို့ မှာ အပေါ်ဈေး(ခေါ်) မြိုင်ရတနဈေး၊အောက်ဈေး(ခေါ် ) အမှတ်(၁) ဈေးတွေမှာတော့ ယဉ်ရပ်နားခံ ကောက်ခံရေးလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တိုက်ရိုက်စီမံလုပ်ကိုင်နေတာပါ။ “လာတဲ့သူတွေက သူ့ဆိုင်ကယ်အခိုးခံရမှာစိုးလို့ မုန့်ဖိုးသဘောနဲ့ ပေးခဲ့တာဖြစ်မယ်။ကျနော်တို့ကတော့ ၁၀၀ ဘဲသတ်မှတ်ထားပါတယ်”လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး … Continue reading မော်လမြိုင်ဈေးအတွင်း ဆိုင်ကယ်ရပ်နားခ ငွေကြေးပိုမိုကောက်ခံမှု ပေးသူမှာတာဝန်ရှိဟု မွန်ဝန်ကြီးချုပ်ပြော

အမြန်ဆုံး ၀ှီးချဲအပြေးသမား

မော်လမြိုင်၊ ၃၁ မေ ၂၀၁၆ အသက် ၃၆ နှစ်အရွယ် ဗြိတိန်နိုင်ငံသား မသန်စွမ်း ၀ှီးချဲ အပြေးချိန်ပီယံ ဒေးဗစ်ဝီအာ ဟာ ၁မိုင်ခရီးကို ၃ မိနစ်အတွင်း ပန်းဝင်နိုင်တဲ့ ပထမဆုံး ၀ှီးချဲ အပြေးသမား ဖြစ်လာပါတယ်။ လန်ဒန်မာရသွန်မှာ ၆ကြိမ် ရွှေတံဆိပ် ရပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ ဒေးဗစ်ဝီအာ ဟာ လန်ဒန်မြို့မှာ မေလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ၀က်မင်စတာ မိုင် ပြိုင်ပွဲမှာ ၂ မိနစ် ၅၇ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့တာကြောင့် သူ့ရဲ့ စံချိန်ထက် ၆ စက္ကန့်စောပြီး စံချိန်သစ်လဲ တင်နိုင်ခဲ့ပါတယ်။ ဒေးဗစ်ဝီအာဟာ ၀က်မင်စတာမိုင် ပြိုင်ပွဲမှာ ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၅ … Continue reading အမြန်ဆုံး ၀ှီးချဲအပြေးသမား

“မိုးပြေး”

မော်လမြိုင်၊ ၃၁ မေ ၂၀၁၆ (ကဗျာ) ဘာကြောင့်ရောဂါကူးစပ်ခံနေရမှန်းလည်းသိတယ် ဒါပေမယ့်မသိဟန်ဆောင်နေရင်း ချောင်းတဟွတ်ဟွတ်ဆိုးပြ တစ်ခါ တရွတ်ရွတ်နဲ့ နှာစေးပေးရ မြေကြီးကို စမ်းကြည့်တော့ ပူတယ် ကောင်းကင်ကို စမ်းကြည့်တော့လည်း ပူတယ် လူ/သက်ရှိ/သက်မဲ့/ရုပ်ဝထ္တုပစ္စည်း တို့ထိကြည့်လိုက်တိုင်း ပူတယ် နာမည်ကြီး နာမည်သေး အချိုရည်မျိုးစုံ ရေသန့်မျိုးစုံနဲ့ အပူနမ် အပူရုပ်တွေကို ရောသမမွှေထားတဲ့မြို့ ဝေါခနဲ ပစ်ချခံလိုက်ရတယ် ရာသီဦးရဲ့ စူးတွေနဲ့ မထိတထိ ပက်ကြားအက်နေတဲ့နေရာတွေက ဟိုတကွက် ဒီတကွက်နဲ့ အပူငွေ့တွေသာထွက်ပြီး ရသေ့စိတ်ဖြေနေရ။ ။ ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ

မော်လမြိုင်၊ ၃၁ မေ ၂၀၁၆ (ဘီကီနီ) နဲ့ဆက်စပ်နေလို့ တင်ပါအုန်းမယ်။ အမျိုးသမီးတွေ ညမှာဘရာစီယာဝတ်ပြီးအိပ်ရင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတယ်ဆိုတာဟုတ်ပါသလားမေးလို့ ရေးခဲ့တာပါ။ (ဘရာစီယာ) ဝတ်ရင် (ဘရက်စ်) ကင်ဆာဖြစ်ပါသလား မေးရင် (နိုး) လို့သာဖြေပါမယ်။ ဒါဖြင့်ဘာလို့ စာတကြောင်းထဲ မဟုတ်ဘဲ တပုဒ်ရေးနေ ရပါသလဲ။ ဖတ်စေချင်ပါတယ်။ ဆုံးအောင်လည်းဖတ်ပါ။ရင်သားကင်ဆာ ကိုဖြစ်စေ တဲ့ အကြောင်းရင်း မဟုတ်တောင် ဆက်စပ်နေတဲ့ အကြောင်းခံတွေ က ဘာဖြစ်မလဲ လေ့လာမှု၊ ဆန်းစစ်မှုတွေ လုပ်နေခဲ့တာ ဆယ်စုနှစ်တွေ ကြာခဲ့ပါပြီ။ အစားအစာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းနည်းလည်းပါတယ်။ (ဘီတယ်လ်) အဖွဲ့ခေါင်းဆောင် (ပေါလ်-မက်ကာနေ) နဲ့ လက်ထပ်ပြီး၊ ဒီရောဂါနဲ့ ၁၉၉၈ မာသေဆုံးသွားရရှာတဲ့ (လင်ဒါ) ဟာ ရင်သားကင်ဆာနဲ့ ၃ နှစ်သာနေသွားခဲ့ရတယ်။ … Continue reading Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ

မေလ ၃၁ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ မေ ၂၀၁၆ ကပ္ပလီပင်လယ်ပြင်နှင့်‌ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင် လယ်အော်တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်တွေကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်‌ ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်မှာတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါ သည်။ မိုးသက်လေပြင်းကျစဉ် … Continue reading မေလ ၃၁ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်မြို့က မြန်မာနိုင်ငံရဲ့ ပထမဆုံး နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း

မော်လမြိုင်၊ ၃၀ မေ ၂၀၁၆ မြန်မာနိုင်ငံရဲ့ ပထမဆုံး နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ နီးပါးနေထိုင်ခဲ့တဲ့ အမေရိကန်လူမျိုး အဒိုနီရမ် ဂျက်ဆန် က ၁၈၂၇ ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ ဂျက်ဆန်ဟာ ခရစ်ယာန်ကျမ်းစာကို မြန်မာဘာသာကို ပြန်ဆိုခဲ့သလို မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို ရေးသားခဲ့သူ လဲဖြစ်ပါတယ်။ သူဘာသာပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာ-အင်္ဂလိပ် အဘိဓာန်ဟာ အခုအချိန်ထိ အသုံးပြုနေကြဆဲပါ။ သူတည်ဆောက်ခဲ့တဲ့ မော်လမြိုင်ကနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းရဲ့ အပြင်ပိုင်းဟာ ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ မော်လမြိုင်မြို့ရဲ့ အတိတ်ပုံရိပ်တွေ ထုံမွှမ်းနေပေမယ့် အတွင်းပိုင်းမှာတော့ ကျွန်းသစ်တွေနဲ့ ဆောက်လုပ်ထားတာတွေ၊ ခေါင်မိုး ပုံစံတွေဟာ ဒေသရဲ့ ရိုးရာ လက်မှုအနုပညာ ဒီဇိုင်းပုံစံတွေနဲ့ မြင်တွေ့ရမှာပါ။ ၂၀၁၆ ခုနှစ်အစပိုင်းကစပြီး ဘုရားကျောင်းကို … Continue reading မော်လမြိုင်မြို့က မြန်မာနိုင်ငံရဲ့ ပထမဆုံး နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း

အရပ်ဘက်လူမှုအဖွဲ့အစည်း ငြိမ်းချမ်းရေးညီလာခံ မော်လမြိုင်မှာကျင်းပ

မော်လမြိုင်၊ ၃၀ မေ ၂၀၁၆ မော်လမြိုင်မြို့ မှာ မေလ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကျင်းပနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ငြိမ်းချမ်းရေးညီလာခံဟာ မွန်ပြည်နယ်မှာ ကျင်းပနေတာ ဒုတိယအကြိမ်ကျင်းပနေတာပါ။ နှစ်ရက်ကြာကျင်းပမယ့် ဒီညီလာခံမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုဆွေးနွေးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားနဲ့ ပါဝင်နိုင်ဖို့အရေးဆွေးနွေးကြမှာပါ။ ပထမနေ့ ဖိုရမ်မှာတော့ လူမှုအဖွဲ့အစည်း ၁၀၀ နီးပါးက ကိုယ်စားလှယ်တွေတက်ရောက်ဆွေးနွေးခဲ့တာပါ။ ပထမအကြိမ် အရပ်ဖက်လူမှုအဖွဲ့အစည်းငြမ်းချမ်းရေးညီလာခံကိုတော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက မော်လမြိုင်မြို့မှာဘဲ နှစ်ရက်တာကျင်းပခဲ့ပါသေးတယ်။ Mawlamyine Daily