Website မိတ်ဆက်

မော်လမြိုင်၊ ၂၈ ဧပြီ ၂၀၁၆

အင်တာနက်သုံးစွဲသူတော်တော်များများမှာ ဖေ့ဘုတ်ကို အင်တာနက် လို့ထင်နေကြတဲ့သူတွေ မနည်းလှပါဘူး။ တကယ်တော့ အင်တာနက်ဆိုတာ သုံးတတ်ရင် တကယ့်ကို ပညာရတနာသိုက်ကြီးပါ။ ရှာတတ်မယ်ဆိုရင်လဲ အကျိုးရှိမယ့်အရာတွေ အများကြီးရှိတဲ့ နေရာတစ်ခုပါ။ ဒီတော့ အင်တာနက်ပေါ်တက်ပြီး ဖေ့ဘုတ်တစ်ခုတည်းနဲ့ပဲ အချိန်တွေကုန်မနေဘဲ ကိုယ့်အတွက် ကျန်းမာရေး၊စီးပွားရေး၊ ပညာရေးစတဲ့ ကောင်းကျိုးတွေကို ရစေချင်တဲ့ စေတနာ သန့်သန့်နဲ့ Website တွေကို မိတ်ဆက်ပေးမယ့် Website မိတ်ဆက်ကဏ္ဍ လေးကို Mawlamyine Daily Public Media Page လေးမှာ ထည့်သွင်းပါရစေ။

ကျန်းမာရေး ဟာ သက်ရှိသတ္တ၀ါတွေအတွက် အရေးအကြီးဆုံးပါလို့ ပြောမယ်ဆိုရင် ရွှေမြိုင်သူ ရွှေမြိုင်သားတွေ မငြင်းလောက်ဘူးထင်ပါတယ်။ ဒီတော့ ဒီတစ်ပတ် Website မိတ်ဆက်ကဏ္ဍမှာ ရွှေမြိုင်သူ၊ရွှေမြိုင်သားတွေရဲ့ ကျန်းမာရေးအတွက် အသုံးဝင်မယ့် Website လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

www.drmyanmar.com ပါ။ ဒီ Dr Myanmar Website ထဲမှာ ဆေးရုံ၊ ဆေးခန်းတွေရဲ့လိပ်စာ နဲ့ ဖုန်းနံပါတ်တွေ၊ အရေးပေါ်ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ကိုယ်အလေးချိန်၊ အရပ်အမောင်းကို တွက်ချက်ပြီး ၀နေတာလား၊ အ၀လွန်တာလားဆိုပြီး တွက်ပေးတဲ့ BMI တွက်နည်းတွေကတဆင့် ကိုယ့်မှာ ရှိနေတဲ့ BMI အချိုးအစားအလိုက် လိုက်နာသင့်တဲ့အချက်တွေကို အကြံပေးတာတွေ၊ အမျိုးသမီးတွေအတွက် ကိုယ်ဝန်အပတ်တွေ တွက်ပေးတာနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဗီဒီယိုဖိုင်တွေနဲ့တကွ အသေးစိတ်ရှင်းပြထားတာတွေ အပြင် ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အထွေထွေဗဟုသုတတွေကို ထည့်သွင်းရေးဆွဲထားပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ ဆေးရုံ၊ဆေးခန်းလိပ်စာတွေဟာ မော်လမြိုင်မြို့ပေါ်ကတော့ မဟုတ်ဘဲ ရန်ကုန်မြို့က ဆေးခန်းလိပ်စာတွေကိုသာ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ပြည်ပကို ထွက်ပြီးဆေးကုချင်သူတွေအတွက်တော့ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား၊ စင်္ကာပူ နဲ့ မလေးရှားနိုင်ငံတွေက ဆေးရုံတွေရဲ့ အချက်အလက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။ ဒါ့အပြင် ကျန်းမာရေးဂျာနယ်တွေလဲ ဖတ်ရှုနိုင်ဦးမှာပါ။

Dr Myanmar Website ကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ အလွယ်တကူရှာချင်သူတွေအတွက် ၀န်ဆောင်မှုပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေက ၂၀၁၄ ခုနှစ်မှာစတင် ဖန်တီး ရေးဆွဲခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာ Website ကို စတင်အသုံးပြုနိုင်အောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

နောက်အပတ် Website မိတ်ဆက်ကဏ္ဍ မှာတော့ လခကောင်းတဲ့အလုပ်တွေကို အမြဲတမ်းတင်ပေးနေတဲ့ Website နဲ့မိတ်ဆက်ပေးပါဦးမယ်။ နောက်တစ်ပတ်မှာ ပြန်တွေ့ကြမယ်နော်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s