အသက်‌ ၁၅ နှစ်‌‌အောက်‌လူငယ်‌ ‌ဘောလုံးပြိုင်‌ပွဲ ‌မော်‌လမြိုင်‌ တဖက်‌ကမ်းမှာကျင်းပမယ်‌

‌မော်‌လမြိုင်‌၊ ၃၀ ဧပြီ ၂၀၁၆ မန်း‌ရွှေမြို့‌တော်‌ဖလား အသက်‌ ၁၅ နှစ်‌‌အောက်‌ လူငယ်‌‌‌‌‌ဘောလုံး ပြိုင်‌ပွဲကို ‌မော်‌လမြိုင်‌မြို့ တဖက်‌ကမ်း မုတ္တမ မှာ လာမယ့်‌ ‌မေလ ၈ ရက်‌‌နေ့မှာ ကျင်းပမှာပါ။ ‌မော်‌လမြိုင်‌၊မုဒုံ၊သထုံ၊ဘီးလင်း၊ကျိုက်‌ခမီ၊မုတ္တမ မြို့‌တွေမှ လူငယ်‌‌ဘောလုံး အသင်း ၁၀ သင်းက ‌မေလ ၂၉ ရက်‌‌နေ့အထိ ယှဉ်‌ပြိုင်‌သွားမှာပါ။ မန်း‌ရွှေမြို့‌တော်‌ တံခွန်‌စိုက်‌ ဖလား လူငယ်‌‌ဘောလုံးပြိုင်‌ပွဲကို မန်း‌ရွှေမြို့‌တော်‌ ‌မော်‌‌တော်‌ယဉ်‌လိုင်းနဲ့ မုတ္တမ အားကစား‌ကော်‌ မတီတို့ ပူး‌ပေါင်းကျင်းပလာတာ အခုဆိုရင်‌ ဒုတိယအကြိမ်‌ရှိ‌နေပါပြီ။ Mawlamyine Daily

မော်လမြိုင် Ocean မှာ အဆိုတော် နီနီခင်ဇော် အခမဲ့ဖျော်ဖြေမယ်

မော်လမြိုင်၊ ၃၀ ဧပြီ ၂၀၁၆ မော်လမြိုင်က Ocean Super Center ဖွင့်ပွဲအထိမ်းအမှတ် ဒုတိယအကြိမ် ကံထူးရှင်ရွေးချယ်ပွဲမှာ အဆိုတော် နီနီခင်ဇော်၊ အောင်မြင့်မြတ် တို့နဲ့အတူ Life & Dance အကအဖွဲ့တို့က ဧပြီ ၃၀ ရက် ညနေ ၄ နာရီကနေ ၆ နာရီအထိအခမဲ့ ဖျော်ဖြေဧည့်ခံကြမှာပါ။ Ocean ဈေးဝယ်စင်တာကို အခုနှစ် မတ်လကမှ မော်လမြိုင်မြို့မှာ စတင်ဖွင့် လှစ်ခဲ့တာပါ။

မော်လမြိုင် အားကာသိပ္ဗံမှ နည်းပြသင်တန်းဆင်းပြီ

မော်လမြိုင်၊ ၃၀ ဧပြီ ၂၀၁၆ မော်လမြိုင်- ကျိုက်မရောသွားလမ်းမှာရှိတဲ့ မော်လမြိုင် အားကစားနှင့် ကာယပညာသိပ္ဗံ ကျောင်းမှ ဧပြီ ၂၁ ရက်နေ့က စတင်သင်ကြားပေးနေတဲ့ အားကစားနည်းပြ မွန်းမံသတင်တန်းဟာ ဧပြီ ၂၉ ရက်နေ့မှာတော့ ပြီးဆုံးလို့ သင်တန်းဆင်းပွဲ ကျင်းပခဲ့တာပါ။ အဆိုပါ အားကစားနည်းပြ မွန်းမံသင်တန်းကို မော်လမြိုင် အား၊ကာ သိပ္ဗမှ ၄၁ ယောက်နဲ့ တောင်ကြီး အား၊ကာ သိပ္ဗံမှ အယောက် ၃၀ တို့တက်ရောက် ခဲ့တာပါ။ သင်တန်းမှာတော့ ဘောလုံး၊ဘော်လီဘော၊ဘတ်စကက်ဘော၊ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ပြေးခုန်ပစ် ၊စားပွဲတင်တင်းနစ်၊ဂျူဒို၊ကရာတေးဒို၊တိုက်ကွမ်ဒို အားကစားနည်းပညာရပ်တွေကို သင်ကြားပို့ချခဲ့တာပါ။ သင်တန်းဆင်းပွဲကိုတော့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း တက်ရောက်ခဲ့ပါတယ်။ Mawlamyine Daily သတင်းနှင့်ဓါတ်ပုံ - ချစ်ချော

ဧပြီ ၃၀ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ ဧပြီ ၂၀၁၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမည်။ ယနေ့ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ကယားပြည် နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးဆက်လက် ထစ်ချုန်းရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ ယနေ့ မြန်မာစံတော်ချိန် နံနက်(၀၆း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ပုံအရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ … Continue reading ဧပြီ ၃၀ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

ဧပြီလ ၃၀ ရက်နေ့တွင် မော်လမြိုင်မြို့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးအပါအ၀င် ရပ်ကွက်အချို့ လျှပ်စစ်မီးဖြတ်မည်

မော်လမြိုင်၊ ၂၉ ဧပြီ ၂၀၁၆ မော်လမြိုင်မြို့ မြောက်ဓာတ်အားခွဲရုံ (၆၆/၁၁) ကေဗွီ (၂၀) အမ်ဗွီအေ က ဓာတ်အားဖြန့်ဖြူးပေးထားတဲ့ (၁၁) ကေဗွီ တောင်ပေါ်လိုင်းဖီဒါကို သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတဲ့ လုပ်ငန်းလုပ်ကိုင်မှာကြောင့် ဧပြီလ၃၀ ရက်နေ့ မနက် ၈ နာရီခွဲကနေ နေ့လည်၂ နာရီအထိ လျှပ်စစ်မီး ခေတ္တ ဖြတ်တောက်ထားမှာဖြစ်ပါတယ်။ မီးခေတ္တ ဖြတ်တောက်မယ့် နေရာတွေကတော့- မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၊ မောင်ငံရပ်ကွက်၊ မြေနီကုန်းရပ်ကွက်၊ ပန်းပဲတန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ အောက်ကျင်းရပ်ကွက်နဲ့ လှိုင်ရပ်ကွက်တွေ ပါဝင်ပါတယ်လို့ မော်လမြိုင်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ Mawlamyine Daily

မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး

မော်လမြိုင်၊ ၂၉ ဧပြီ ၂၀၁၆ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်လွှတ်တော် မှာ နှစ်ကြိမ် ဆက်တိုက် ရွေးချယ်ခံထားရတဲ့ တစ်ဦးတည်းသော လွှတ်တော် ကိုယ်စားလှယ်ကတော့ ဦးအောင်နိုင်ဦးဖြစ်ပါတယ်။ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော်သက်တမ်းကာလတုန်းကတော့ လွှတ်တော်ကိုယ်စားလှယ်အနေ နဲ့သာ တာဝန်ထမ်း ဆောင်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် မှာတော့ လွှတ်တော် ဒု ဥက္ကဋ္ဌ အနေနဲ့ ရွေးချယ်တာဝန်ခန့်အပ် ခံခဲ့ရသူပါ။ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦး ကို ၁၉၇၀ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ က ဘီးလူကျွန်း၊ချောင်းဆုံမြို့နယ်၊မုဒွန်းရွှာမှာ အဖ ဦးတင်ဝင်း၊အမိ ဒေါ်ညွန့် တို့မှ မွေးဖွားခဲ့ပါတယ်။ခုချိန်ထိလည်း သူဟာ မွေးဖွားရာဇာတိရပ်ရွာ မှာဘဲ ဇနီး၊သား နှစ်ယောက်နဲ့အတူနေထိုင်သူပါ။ မုဒွန်းရွာ … Continue reading မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး

ရာဘာသစ်မှ အိမ်သုံးပရိဘောဂထုတ်လုပ်မယ့် စက်ရုံမော်လမြိုင်မှာ ဖွင့်လှစ်

မော်လမြိုင်၊ ၂၉ ဧပြီ ၂၀၁၆ မွန်ပြည်နယ်က ရာဘာသစ်ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်သို့ ထုတ်လုပ်မယ့် စားပွဲ၊ ကုလားထိုင်၊ ဘီဒို၊ ဆက်တီခုံ၊ ကုတင် နံရံကပ်ဘီဒို အစရှိသည့် လူ့အသုံးအဆောင်ပစ္စည်းများကို ကိုထုတ်လုပ်မယ့် စက်ရုံကို မော်လမြိုင်မြို့ ၊ရိုးဂိုးရွာမှာ ဧပြီ ၂၉ ရက်နေ့ ဖွင့်လှစ်လိုက်ပါပြီ။ ဂျပန်နိုင်ငံ Oji Forest & Products Co. Ltd ၊ Sumitomo Forestry Co . Ltd နှင့် ဒေသခံ ဖြစ်သည့် မိုးမြချယ် ကုမ္ပဏီလီမီတက်တို့ ပူးပေါင်းကာ MOS Lumber Products ကုမ္ပဏီ အနေနဲ့ ရာဘာသစ်တွေကို Value Added တန်ဖိုးမြင့်ထုတ်လုပ်သွားမှာပါ။ “သက်တမ်းကြာမြင့်ကာ အစေးအထွက်နှုန်းနည်းပါးလာသည့် ရာဘာပင်များကို … Continue reading ရာဘာသစ်မှ အိမ်သုံးပရိဘောဂထုတ်လုပ်မယ့် စက်ရုံမော်လမြိုင်မှာ ဖွင့်လှစ်