ကျပ်သန်းပေါင်း ၂၅၄ သန်းကျော်ကုန်ကျတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနရုံး မော်လမြိုင်မှာဖွင့်လှစ်

မော်လမြိုင်၊ ၃၀ မတ် ၂၀၁၆ အစိုးရသစ်တက်လာဖို့ ရက်ပိုင်းအလိုမှာဘဲ ကျပ်ငွေသန်းပေါင်း ၁၅၄.၅၄ သန်းကုန်ကျတဲ့ ကျေးလက်ဒေဖွံ့ဖြိုးရေးဦးစီးဌာနရုံးကို မော်လမြိုင်မြို့ ၊မောင်ငံရပ်ကွက်၊အရာတော် (၂)လမ်း မှာ ဆောက်လုပ်ပြီး မတ်လ (၃၀) ရက်နေ့ကဖွင့်လှစ်လိုက်ပါပြီ။ အဆိုပါရုံးကို ၂၀၁၅ ခုနှစ် စက်တင်ဘာလက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ အလျား (၈၂)ပေ၊အနံ (၇၆)ပေ ရှိတဲ့ RC နှစ်ထပ်အဆောက် အဦးလည်းဖြစ် ပါတယ်။ မော်လမြိုင်မြို့မှာ ဌာနရုံးသစ်ဖွင့်လှစ်လိုက်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနသည် ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ပြည်သူတွေအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်စေမယ့် လက်သမား၊ပန်းရံ၊သံဂဟေဆက်ခြင်း၊ ဆိုင်ကယ်ပြုပြင်ခြင်း၊အဝတ်လျှော်ဆပ်ပြာ၊မျက်နှာသစ်ဆပ်ပြာ၊ခေါင်းလျှော်ရည်တွေအပြင် သစ်သီးဝလံအခြေပြု စားသောက်ကုန်ထုတ်လုပ်သည့် သင်တန်းတွေ၊လျှပ်စစ်မော်တာနှင့် စက်ချုပ်သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ကျေးရွာတွေမှာလည်းဖွံ့ဖြိုးရေးလုပ်ဆောင်နိုင်ဖို့အတွက် အဆိုပါဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး လူထုဗဟိုပြုစီမံကိန်းတွေကို ၄ နှစ်အကြာလုပ် ဆောင် သွားဖို့ရှိပါတယ်။ … Continue reading ကျပ်သန်းပေါင်း ၂၅၄ သန်းကျော်ကုန်ကျတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနရုံး မော်လမြိုင်မှာဖွင့်လှစ်

မော်လမြိုင်တိုးချဲ့ကမ်းနားလမ်းအဆင့် (၆) ပြည်နယ်လွှတ်တော်က ပြန်လည်စီစစ်မယ်

ဓါတ်ပုံအညွန်း-ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နို်င်ဦး ၊ စုန်ရေ ဆောက်လုပ်ရေးကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးကျော်အား လမ်းဖွင့် ပွဲနေ့မြင်ကွင်းဓါတ်ပုံ နှင့် မော်လမြိုင် တိုးချဲ့ကမ်းနားလမ်း အဆင့်(၆) လုပ်ငန်း ခွင်မြင်ကွင်း။ မော်လမြိုင်၊ ၃၀ မတ် ၂၀၁၆ မော်လမြိုင်မြို့၊ တိုးချဲ့ကမ်းနားလမ်းအဆင့်(၆)စီမံကိန်းကို ညောင်လေးပင် ချောင်းဝမှ ကျောက်မီးသွေးရုံလမ်းအထိ ပေ(၄၆၅၀)အား မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ မွန်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်၊မွန်ပြည်နယ်စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် စုန်ရေ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ နိုဝင်ဘာလက စတင်အ ကောင် ထည်ဖော်ခဲ့ပါတယ်။ အဆိုပါ တိုးချဲ့ကမ်းနားလမ်းကို ကုမ္ပဏီက ပြည်နယ်လွှတ်တော်မှ အတည်ပြုချက်ရယူပြီး မှသာ ဖောက်လုပ်ခွင့်ရရှိမှာဖြစ်တဲ့အတွက် လွှတ်တော်ထံတင်ပြထားချက်များသည် ကမ်းနား လမ်းပြီးစီးချိန် မတ်လ (၂၇)ရက်နေ့မှာတော့ ညှိနှိုင်းသဘောတူညီချက်များ ကွဲပြား လျက်ရှိပါသည်။ … Continue reading မော်လမြိုင်တိုးချဲ့ကမ်းနားလမ်းအဆင့် (၆) ပြည်နယ်လွှတ်တော်က ပြန်လည်စီစစ်မယ်

အရပ်သားအစိုးရသစ်လာတော့မှ မီးထွန်းခံရတဲ့ မော်လမြိုင်က ဗိုလ်ချုပ်ကြေးရုပ်

မော်လမြိုင်၊ ၃၀ မတ် ၂၀၁၆ မော်လမြိုင်မြို့ ၊သံလွင်ဥယျာဉ်အနီး ညဘက်ဖြတ်သန်းဖူးတဲ့လူတိုင်း မှောင်မှောင်မည်းမည်းရှိ နေတဲ့ သံလွင်ဥယျာဉ်ကို သတိထားမိကြမှာပါ။ ဥယျာဉ်အတွင်းမှောင်မှောင်မည်းမည်းထဲမှာ ထီးထီးကြီးရပ်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ညဘက်ချိန်ခါမှာတော့ မြင်တွေ့ရမှာမဟုတ်ပါဘူး။အခုလို စွန့်ပစ်ခံထားရတာ ဆယ်စုနှစ် ချီကြာနေပါပြီ။ အရပ်သားအစိုးရသစ်တက်မလာခင် ရက်ပိုင်းအလို မတ်လ ၂၉ ရက်နေ့ကစလို့ သံလွင်ဥယျာဉ်အတွင်းက ဗိုလ်ချုပ်ကြေးရုပ်နဲ့ ရင်ပြင်တဝိုက်ကို မီးတိုင်တွေတပ်ဆင်လို့ မီးထွန်းလိုက်ပါပြီ။ “သံလွင်ဥယျာဉ်ရဲ့မြောက်ဘက် Ocean Center ကလည်း မီးထိန်ထိန်လင်းနေတယ်။ တောင်ဘက်မှာဆိုရင်လည်း လွှတ်တော်သစ်ကြီးက မီးထိန်လင်းနေတာဘဲ။ဒါပေမယ့် အလယ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ရင်ပြင်ကြီးကတော့ မှောင်မဲနေတယ်။မသင့်တော်ဘူးဆိုပြီး ကျွန်တော်တို့နဲ့ စိတ်တူကိုယ်တူတဲ့လူတွေစုပေါင်းပြီး သံလွင်ဥယျာဉ် ဗိုလ်ချုပ်ကြေး ရုပ်တုနဲ့မြက်ခင်းပြင်မီးလင်းရေး၊လမ်းတွေကောင်းမွန်ရေးတို့ကို ဝိုင်းဝန်းလုပ်ဆောင်ခဲ့ပါတယ်” လို့ မီးလင်းရေးနှင့် လမ်းပြုပြင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းနောင် ကပြောပါတယ်။ အဆိုပါကော်မတီမှ ပြီးခဲ့တဲ့တွေတုန်းကကျင်းပခဲ့တဲ့ ဗိုလ်ချုပ်နှစ်တရာပြည့် … Continue reading အရပ်သားအစိုးရသစ်လာတော့မှ မီးထွန်းခံရတဲ့ မော်လမြိုင်က ဗိုလ်ချုပ်ကြေးရုပ်

အရပ်သား သမ္မတသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြိုင်သာယာမှာ စတုဒီသာကျွေးမယ်

မော်လမြိုင်၊ ၃၀ မတ် ၂၀၁၆ ဧပြီ ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်တော့မယ့် သမ္မတသစ် ဦးထင်ကျော်ကို ဂုဏ်ပြုတဲ့အနေနဲ့ မော်လမြိုင်မြို့ ၊မြိုင်သာယာ ရပ်ကွက် ဈေးအနီးမှာ မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီမှစတင်ကာ စတုဒီသာ ကျွေးမွေးဧည့်ခံမှာပါ။ “နှစ် ၅၀ ကျော်အတွင်းမှာ ပြည်သူတွေရွေးချယ်တဲ့ အရပ်သားသမ္မတ တစ်ယောက် တာဝန်ထမ်း ဆောင်မှာကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ကျွေးမွေးတာပါ”လို့ မြိုင်သာယာရပ် ကွက် မှာ NLD ပါတီဝင် ဦးသိန်းတင်က Mawlamyine Daily ကိုပြောပါတယ်။ ထမင်းနဲ့ ကြက်သားပဲဟင်းကို လာရောက်မယ့်လူတွေအကုန်လုံးကို ကျွေးမွေးနိုင်ဖို့အတွက် NLD ပါတီဝင်တွေနဲ့ စေတနာရှင်ပြည်သူတွေရဲ့ ထည့်ဝင်ငွေတွေနဲ့ ဧည့်ခံကျွေးမွေးမှာဖြစ်ပါတယ်။ မြိုင်သာယာရပ်ကွက်မှာလိုဘဲ မော်လမြိုင်မြို့ပေါ်က ရပ်ကွက်တွေမှာလည်း နိုင်ငံတော်သမ္မတ သစ်ကို … Continue reading အရပ်သား သမ္မတသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြိုင်သာယာမှာ စတုဒီသာကျွေးမယ်

သဘာဝဘေး ကာကွယ်၊ကယ်ဆယ်၊ထောက်ပံ့မယ့်အဖွဲ့ မော်လမြိုင်မှာဖွဲ့စည်း

မော်လမြိုင်၊ ၂၉ မတ် ၂၀၁၆ မော်လမြိုင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်၊ကူညီကယ်ဆယ် ထောက်ပံမယ့် စေတနာရှင်လုပ်အားပေးတွေ နဲ့ဖွဲ့စည်း ထားတဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကို မော်လမြိုင်မြို့ မှာ မတ်လ ၂၉ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ပါတယ်။ မော်လမြိုင်မြို့ ၊မြို့ရှောင်လမ်း၊က မွန်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ရုံးရုံးမှာ မွန်ပြည်နယ်အတွင်းက လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ စုပေါင်းဆွေးနွေးတိုင်ပင်ပြီး အခုလို သဘာဝဘေး ကြိုတင်၊ကာကွယ်၊ကယ်ဆယ်ရေး အဖွဲ့ကို ဦးဆောင်ကော်မတီ ၃၅ ယောက်နဲ့ဖွဲ့စည်းလိုက်တာပါ။ “ပြီးခဲတဲ့နှစ် ဘီးလင်း၊ကျိုက်ထိုမှာ ရေနစ်မြုပ်တုန်းက မော်လမြိုင်က CSo တွေပူးပေါင်းလုပ်ဆောင်ခဲ့ တာကိုအခြေတည်ပြီး နောက်နောင်ဆက် လက်လုပ်ဆောင်နိုင်ဖို့ အတွက် အခုလိုဖွဲ့စည်းဖြစ်ခဲ့ပါတယ်”လို့ မော်လမြိုင်မြို့နယ်လုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်၊ကူညီ ကယ်ဆယ်၊ထောက်ပံရေးအဖွဲ့မှာ ဥက္ကဋ္ဌ အဖြစ်အဆိုပြုခံခဲ့ရတဲ့ ဦးဘိုဘိုဝင်း က Mawlamyine Daily ကိုပြောပါတယ်။ … Continue reading သဘာဝဘေး ကာကွယ်၊ကယ်ဆယ်၊ထောက်ပံ့မယ့်အဖွဲ့ မော်လမြိုင်မှာဖွဲ့စည်း

မော်လမြိုင် မြို့နယ် NLD ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ပညာသင်ဆု လျှောက်ထားနိုင်

မော်လမြိုင်၊ ၂၉ မတ် ၂၀၁၆ ၂၀၁၂ ခုနှစ်ကစတင်ပေးအပ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ဆု ကိုမော်လမြိုင်က ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ မြို့နယ် NLD ရုံးမှာ လျှောက်လွှာပုံစံယူပြိး ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် ဧပြီလ နောက်ဆုံး ထားပြီး လျှောက်ထားနိုင်ပါတယ်။ အခြေခံပညာအဆင့်ကစပြီး တက္ကသိုလ်အဆင့်ရှိ ကျောင်းသား၊ကျောင်းသူ တွေဟာ သက်ဆိုင်ရာကျောင်းရဲ့ ထောက်ခံချက်နဲ့အတူ NLD ပါတီ မြို့နယ် အလုပ်အမှု ဆောင်တဦးဦးရဲ့ ထောက်ခံချက်နဲ့ ပညာသင်ဆုကိုလျှောက် ထားရမှာဖြစ်ပါတယ်။ “ကျနော့်ကျောင်းကနေ ပညာသင်ဆုလျှောက်ထားပေးတာ ရတဲ့ကလေးတွေ ရှိပါတယ်။ရတဲ့သူတွေအနေနဲ့ နှစ်စဉ်အတန်းအောင်နေမယ်ဆိုရင် နောက်နှစ်တွေလည်း ပုံမှန်ထောက်ပံကြေးရနေပါတယ်” လို့ မော်လမြိုင်မြို့ ၊ဇေယျာသီရိ ရပ်ကွက် အခမဲ့ပညာသင်ကြားပေးနေတဲ့ ပန်းပျိုးအိမ် ပညာဒါန က ဆရာဦးစိန်ဝင်းထွန်းက Mawlamyine Daily ကိုပြောပါတယ်။ NLD ပညာရေးကွန်ရက်က … Continue reading မော်လမြိုင် မြို့နယ် NLD ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ပညာသင်ဆု လျှောက်ထားနိုင်

အီဂျစ် လေယာဉ်ပြန်ပေးဆွဲသူကို ဖမ်းမိ

မော်လမြိုင်၊ ၂၉ မတ် ၂၀၁၆ အီဂျစ်လေကြောင်းလိုင်းပိုင် MS181 လေယာဉ်ကို ပြန်ပေးဆွဲထားတဲ့ အီဂျစ်နိုင်ငံသား Seif Eldin Mustafa ကိုဖမ်းမိပြီး လေယာဉ်ပေါ်မှ ကျန်နေတဲ့ ပြန်ပေးဆွဲခံရသူ ဓားစာခံ အားလုံး လွတ်မြောက်လာပြီလို့ ဆိုက်ပရပ်စ် ရဲတပ်ဖွဲ့က ပြောပါတယ်။ အီဂျစ်ပြည်တွင်းလေကြောင်းခရီးစဉ် ပျံသန်းနေစဉ် လေယာဉ်ကို အသေခံ ဗုံးခါးပတ် ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သူဟာ အီဂျစ်နိုင်ငံသားဖြစ်ပြီး ဆိုက်ပရပ်စ်မှာ ခိုလှုံခွင့်တောင်းခဲ့တယ်လို့ အီဂျစ်နိုင်ငံပိုင် ရုပ်သံလိုင်းက ကြေညာခဲ့ပါတယ်။ အခုလေယာဉ်ပြန်ပေးဆွဲမှုတာ အကြမ်းဖက်တိုက်ခိုက်ချင်လို့ မဟုတ်ဘဲ ပြန်ပေးသမားရဲ့ ဇနီးဟောင်းဟာ ဆိုက်ပရပ်စ်မှာ ရှိနေတာကြောင့် ပြန်ပေးသမားရဲ့ တောင်းဆိုမှုအရ လေဆိပ်ကို ခေါ်ပေးခဲ့ရတာကြောင့် ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်အတွက် ကျူးလွန်ခဲ့တယ်လို့ ယူဆထားကြပါတယ်။ ဒေသစံတော်ချိန် ၁၄နာရီ ၄၅ မိနစ်မှာ ပြန်ပေးသမားဟာ အဖမ်းခံလိုက်ပြီး … Continue reading အီဂျစ် လေယာဉ်ပြန်ပေးဆွဲသူကို ဖမ်းမိ

အီဂျစ် ခရီးသည်လေယာဉ် ပြန်ပေးဆွဲခံရ

မော်လမြိုင်၊ ၂၉ မတ် ၂၀၁၆ အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယားမြို့ကနေ ကိုင်ရိုမြို့ကို ပျံသန်းလာတဲ့ ခရီးသည်တင်လေယာဉ်မှတ် MS181 Airbus A320 ဟာ မတ်လ ၂၉ ရက်နေ့က ပြန်ပေးဆွဲခံရပြီး လေယာဉ်ကို မြေထဲပင်လယ် အရှေ့ဘက် ကျွန်းနိုင်ငံ ဖြစ်တဲ့ ဆိုက်ပရပ်စ်နိုင်ငံ တောင်ဘက်က လာနာကာ ဆိပ်ကမ်းမြို့ဆီ လမ်းကြောင်းပြောင်း ပျံသန်းပြီး ဆင်းသက်ခဲ့တယ်လို့ အီဂျစ်အစိုးရ ရေဒီယိုက ကြေညာပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၇ ယောက်နဲ့ ခရီးသည် ၅၅ ယောက် လိုက်ပါသွားပြီး အနည်းဆုံး အမျိုးသားတစ်ယောက်ဟာ သေနတ်ကိုင်ဆောင်ထားတယ်လို့ ဆိုက်ပရက်စ် အစိုးရ ရုပ်သံက အစီရင်ခံပါတယ်။ လေယာဉ်ပြန်ပေးဆွဲသူဟာ Ibrahim Samaha ဖြစ်ပြီး ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကိုတော့ အခုထိ အတည်မပြုနိုင်သေးဘူးလို့ အီဂျစ် … Continue reading အီဂျစ် ခရီးသည်လေယာဉ် ပြန်ပေးဆွဲခံရ