Mawlamyine Daily ပြည်သူ့ပေးစာ

မော်လမြိုင်၊၃၁ မတ် ၂၀၁၆

“သဲ ကျောက်တင်တဲ့ကား တွေက သဲ ကျောက်တွေကို ဘေးဘောင်ကျော်အောင်အပြည့်တင်ကြပါတယ်။ ကားသွားတဲ့လမ်းတလျောက်လုံးသဲတွေ ကျောက်စရစ်ခဲတွေ ပြုတ်ကျပါတယ်။ ကျောက်စရစ်ခဲတွေပြုတ်ကျရင် အနီးအနားမှာရှိတဲ့ကားမှန်တွေထိပြီးမှန်တွေကွဲတာလဲခဏခဏကြုံရပါတယ်။

ဆိုင်ကယ်အတွက်လဲအရမ်းကိုအန္တရာယ်များပါတယ်။ ဆိုင်ကယ်လမ်းချော်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင် ပါသည်။ အဲဒါတွေကြောင့် တာဝန်ရှိသူများမှတဆင့် သဲကျောက်တင်တဲ့ကားတွေအတွက် သဲတွေ ကျောက်တွေ မပြုတ်ကျအောင်လိုအပ်တဲ့အစီအမံတွေပြုလုပ်ပေးစေချင်ပါသည်” လို့

ဒီတနေ့ မော်လမြိုင် – ဇင်းကျိုက်အကြား ကားလမ်းမမှာ သဲကျောက်တင်ကားမှ ခဲဖိတ်စင်ကျခဲ့လို့ ကားမှန်ကွဲတာရင်ဆိုင်လိုက်ရတဲ့ ပြည်သူတဦးက Mawlamyine Daily ထံပေးပို့လာ ပါတယ်။

တဆက်တည်းမှာဘဲ အဆိုပါဖြစ်စဉ်တွေမကြာခဏဖြစ်နေတဲ့ ကမာဝက်- မော်လမြိုင်-ဇင်းကျိုက် အကြားရှိ ကားလမ်းမတွေမှာသွားလာနေတဲ့ သဲကျောက်တင် ကားတွေကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကြပ်မတ်ပေးစေလိုပါတယ်လို့ ပေးပို့လာတာကို Mawlamyime Daily ပြည်သူ့ ပေးစာ အစီစဉ်မှတာဝန်ရှိသူတွေ သိရှိနိုင်စေရန်ဖော်ပြလိုက်ပါသည်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s