မော်လမြိုင် စာပေဟောပြောပွဲကနေ စီစဉ်သူတွေ ဘာမျှော်လင့်နေလဲ

12932738_556961461140441_3681699984444784190_n
မော်လမြိုင်၊ ၃၁ မတ် ၂၀၁၆

မော်လမြိုင်၊လှိုင်နယ်မြေက အ.ထ.က(၂) ကျောင်းရှေ့ ကွင်းမှာ ဧပြီ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ စာပေဟောပြောပွဲ၊ကာတွန်းပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပဖို့ရှိပါတယ်။

အဆိုပါ ပွဲတော်ကို မော်လမြိုင်မြို့ခံ စေတနာရှင်တစုက စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊စီစဉ်သူ တွေထဲက တဦးဖြစ်တဲ့ ဦးအောင်မျိုးအေး ကတော့ “ စာပေဟောပြောပွဲကနေ တဦးတယောက်လောက် အသိဥာဏ်လေးတွေရသွားရင် လုပ်ရကျိုးနပ်ပြီဗျာ” လို့ Mawlamyine Daily ကိုဖြေကြားခဲ့ပါတယ်။

တဆက်တည်းမှာဘဲ သူက “ကျနော်တို့ ဒိုင်းဝန်ကွင်းဘက်မှာအခုလိုစာပေနဲ့ပက်သက်တဲ့ ပွဲတွေလုပ်တာမရှိခဲ့ဘူး။ဒါကိုဖြစ်စေချင်တာရယ်၊စာပေတွေကို ချစ်မြတ်နိုးလို့ပါ” လို့ ပြောပြန်ပါတယ်။

(၃)ရက်အကြာ ကျင်းပမယ့် ပွဲတော်မှာ ကာတွန်းနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို မနက် ၉ နာရီကနေ ည ၁၁ နာရီအထိ ပြသရောင်းချပေးနေမှာဖြစ်သလို၊စာပေဟောပြောပွဲကိုတော့ ည နေ့စဉ် ည(၇)နာရီအချိန်တွေမှာ စတင်မှာဖြစ်ပါတယ်။

မော်လမြိုင်မြို့မှာ ပုံမှန်အားဖြင့်တော့ စာပေဟောပြောပွဲတွေကို ရွှေတောင်ရပ်က အမှတ်(၅)အ.ထ.က ဝင်းနဲ့ မဟာမြိုင်ရပ်တို့မှာသာကျင်းပလေ့ရှိပြီး ဒိုင်းဝန်ကွင်းရပ်မှာတော့ အခုကျင်းပတာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s