NLD အစိုးရအား ဂုဏ်ပြုတဲ့အနေနဲ့ မြိုင်သာယာဈေးရှေ့ စတုဒီယာကျွေး

မော်လမြိုင်၊ ၃၁ မတ် ၂၀၁၆ အသစ်တက်လာတဲ့ NLD အစိုးရအား ဂုဏ်ပြုတဲ့နေနဲ့ မော်လမြိုင်မြို့ ၊မြိုင်သာယာရပ်ကွက်က ဈေးအနီးမှာ မတ်လ (၃၁)ရက်နေ့က စေတနာ ရှင်ပြည်သူတွေက စတုဒီသာကျွေးမြင်ကွင်းဓါတ်ပုံများ။

ဓါတ်ပုံတွေကပြောမယ့် မော်လမြိုင်

မော်လမြိုင်၊၃၁ မတ် ၂၀၁၆ ဆယ်စုနှစ် (၃)စုနီးပါးကြာ ပိတ်ထားခဲ့တဲ့ မော်လမြိုင်မြို့ က သံလွင်ဥယျာဉ် တံခါးမကြီး မတ်လ(၃၁)ရက်နေ့က ပြန်ဖွင့်ပြီ။

မော်လမြိုင် စာပေဟောပြောပွဲကနေ စီစဉ်သူတွေ ဘာမျှော်လင့်နေလဲ

မော်လမြိုင်၊ ၃၁ မတ် ၂၀၁၆ မော်လမြိုင်၊လှိုင်နယ်မြေက အ.ထ.က(၂) ကျောင်းရှေ့ ကွင်းမှာ ဧပြီ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ စာပေဟောပြောပွဲ၊ကာတွန်းပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပဖို့ရှိပါတယ်။ အဆိုပါ ပွဲတော်ကို မော်လမြိုင်မြို့ခံ စေတနာရှင်တစုက စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊စီစဉ်သူ တွေထဲက တဦးဖြစ်တဲ့ ဦးအောင်မျိုးအေး ကတော့ “ စာပေဟောပြောပွဲကနေ တဦးတယောက်လောက် အသိဥာဏ်လေးတွေရသွားရင် လုပ်ရကျိုးနပ်ပြီဗျာ” လို့ Mawlamyine Daily ကိုဖြေကြားခဲ့ပါတယ်။ တဆက်တည်းမှာဘဲ သူက “ကျနော်တို့ ဒိုင်းဝန်ကွင်းဘက်မှာအခုလိုစာပေနဲ့ပက်သက်တဲ့ ပွဲတွေလုပ်တာမရှိခဲ့ဘူး။ဒါကိုဖြစ်စေချင်တာရယ်၊စာပေတွေကို ချစ်မြတ်နိုးလို့ပါ” လို့ ပြောပြန်ပါတယ်။ (၃)ရက်အကြာ ကျင်းပမယ့် ပွဲတော်မှာ ကာတွန်းနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို မနက် ၉ နာရီကနေ ည ၁၁ နာရီအထိ ပြသရောင်းချပေးနေမှာဖြစ်သလို၊စာပေဟောပြောပွဲကိုတော့ ည … Continue reading မော်လမြိုင် စာပေဟောပြောပွဲကနေ စီစဉ်သူတွေ ဘာမျှော်လင့်နေလဲ

Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး

မော်လမြိုင်၊ ၃၁ မတ် ၂၀၁၆   ဆရာရှင့် သမီးအသက် ၂၄ နှစ်ပါ။ အိမ်ထောင်သည်ပါ။ မရိုသေစကားပါရှင့် သမီးမိန်းမကိုယ်ထဲမှာယားပြီး နေရခက်နေပါတယ်ရှင့်။ အဖြူတွေလည်းဆင်းနေပါတယ်ရှင့်။ ရာသီလာရမယ့်ရက်ဖြစ်ပေမယ့် အဖြူဆင်းပြီး အခုလိုဖြစ်နေတာပါ။ ၁ ပတ်လောက်ရှိပါပြီရှင့်။ အဖြူက တစ်သျူးကိုရေဆွတ်ထားသလို အဖတ်တွေလဲ ပါပါတယ်ရှင့်။ ph care လည်း သုံးပါတယ်ရှင့်။ ဘာဖြစ်တာလဲဆရာ။ သမီးဘာဆေးသောက်ရမလဲ၊ ဘယ်လိုဆိုဖြစ်တတ်လဲ ဖြေပေးပါဆရာ။ ရိုသေ အားကိုးလျက်။   (သစ်သျှူး) ဆိုတာနဲ့ (ရေစွတ်) ဆိုတာနှစ်ခုကို ပြင်လိုက်ပါတယ်။ မိန်းမကိုယ်ယားခြင်းစာကိုလည်း ပို့လိုက်ပါတယ်။   အမျိုးသမီးတွေ တကိုယ်ရေသန့်ရှင်းရေးကို လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေရှိနေတာ ကောင်းတယ်။ သန့်ရှင်းအောင်ဆိုပြီး ဆေးတွေနဲ့လုပ်ရင် ပိုးအကောင်းတွေပါသေစေပြီး၊ (ဖန်းဂတ်စ်) … Continue reading Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး

မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ဘာတွေကတိသစ္စာပြုခဲ့လဲ

မော်လမြိုင်၊ ၃၁ မတ် ၂၀၁၇ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးခံရတဲ့ ဦးမင်းမင်းဦး သည် မတ်လ ၃၁ ရက်နေ့က မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးအတွင်း တက်ရောက် လာတဲ့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာ “ကျွနိုပ် ဦးမင်းမင်းဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသား စည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝရ ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်၏ တရားဥပဒေများကို ထိန်းသိမ်းစောင့် ရှောက်ပါမည်။ ကျွနိုင်ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ ကို ဖြောင့်မတ် မှန်ကန်စွာဖြင့် ကိုယ်စွမ်းရှိသ၍ ဥာဏ်စွမ်းရှိသ၍ အစွမ်းကုန်ထမ်းဆောင်ပါမည်ဟု လေးနက်တည်ကြည်စွာ ကြေငြာ၍ ကတိသစ္စာပြုပါသည်” လို့ ကတိသစ္စာပြုတိုင်တည်ခဲ့ပါတယ်။ Mawlamyine Daily

နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့အား ကြိုဆိုဂုဏ်ပြု စတုဒီသာကျွေး

မော်လမြိုင်၊၃၁ မတ် ၂၀၁၆ မတ်လ ၃၁ ရက်နေ့ မော်လမြိုင်မြို့၊မရမ်းကုန်းရပ်၊ကမ်းနားလမ်းမှာ နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့အားကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စတုဒီသာ ကျွေးမွေးနေသည့် မြင်ကွင်းဓါတ်ပုံများ။

Mawlamyine Daily ပြည်သူ့ပေးစာ

မော်လမြိုင်၊၃၁ မတ် ၂၀၁၆ "သဲ ကျောက်တင်တဲ့ကား တွေက သဲ ကျောက်တွေကို ဘေးဘောင်ကျော်အောင်အပြည့်တင်ကြပါတယ်။ ကားသွားတဲ့လမ်းတလျောက်လုံးသဲတွေ ကျောက်စရစ်ခဲတွေ ပြုတ်ကျပါတယ်။ ကျောက်စရစ်ခဲတွေပြုတ်ကျရင် အနီးအနားမှာရှိတဲ့ကားမှန်တွေထိပြီးမှန်တွေကွဲတာလဲခဏခဏကြုံရပါတယ်။ ဆိုင်ကယ်အတွက်လဲအရမ်းကိုအန္တရာယ်များပါတယ်။ ဆိုင်ကယ်လမ်းချော်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင် ပါသည်။ အဲဒါတွေကြောင့် တာဝန်ရှိသူများမှတဆင့် သဲကျောက်တင်တဲ့ကားတွေအတွက် သဲတွေ ကျောက်တွေ မပြုတ်ကျအောင်လိုအပ်တဲ့အစီအမံတွေပြုလုပ်ပေးစေချင်ပါသည်" လို့ ဒီတနေ့ မော်လမြိုင် - ဇင်းကျိုက်အကြား ကားလမ်းမမှာ သဲကျောက်တင်ကားမှ ခဲဖိတ်စင်ကျခဲ့လို့ ကားမှန်ကွဲတာရင်ဆိုင်လိုက်ရတဲ့ ပြည်သူတဦးက Mawlamyine Daily ထံပေးပို့လာ ပါတယ်။ တဆက်တည်းမှာဘဲ အဆိုပါဖြစ်စဉ်တွေမကြာခဏဖြစ်နေတဲ့ ကမာဝက်- မော်လမြိုင်-ဇင်းကျိုက် အကြားရှိ ကားလမ်းမတွေမှာသွားလာနေတဲ့ သဲကျောက်တင် ကားတွေကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကြပ်မတ်ပေးစေလိုပါတယ်လို့ ပေးပို့လာတာကို Mawlamyime Daily ပြည်သူ့ ပေးစာ အစီစဉ်မှတာဝန်ရှိသူတွေ သိရှိနိုင်စေရန်ဖော်ပြလိုက်ပါသည်။ … Continue reading Mawlamyine Daily ပြည်သူ့ပေးစာ

Mawlamyine Daily မှာဆုံကြမယ်

မော်လမြိုင်၊ ၃၁ မတ် ၂၀၁၆ သတင်းအချက်အလက် အကြောင်းအရာအထွေထွေ သိလို မေးမြန်းသူတွေနဲ့ မိမိသိထားတဲ့ အချက်အလက် အကြောင်းအရာတွေမျှဝေပေးလိုသူတွေအတွက် "Mawlamyine Daily မှာဆုံကြမယ်" အစီစဉ်တခုကို စတင်လိုက်ပါပြီ။ "မော်လမြိုင်မှာ ဂျပန်စာ ဂျပန်စကားပြောသင်တန်း ဘယ်နားမှာရှိလဲ ဖွင့်လဲသိချင်လို့ပါ plz" ဆိုပြီး facebook account ပိုင်ရှင် nway nway nway ဆိုသူက Mawlamyine Daily ထံဆက်သွယ်မေး မြန်းလာပါသဖြင့် မျှဝေပေးလိုသူတွေအနေဖြင့် comment box ကနေတဆင့်ပြန်လည်ဖြေကြား ပေးကြပါလို့ "Mawlamyine Daily မှာဆုံကြမယ်" အစီစဉ်မှ ဖိတ်ခေါ်လိုက်ပါသည်။ Mawlamyine Daily